- အမ်းက စစ်ရှောင်နှစ်ထောင်ကျော်မှာ စားဝတ်နေရေးနှင့် ကျန်းမာရေး အကူအညီများ အရေးပေါ်လိုအပ်နေ
- ဘင်္ဂလားဒေ့ရှ် အလုပ်သမားများ ပါဝင်ပတ်သက်နေသည့် အိုင်အက်စ်အစွန်းရောက်အဖွဲ့ ကွန်ရက် မလေးရှား ဖြိုခွင်း
- ထိုင်း-မြန်မာ ပူးပေါင်းဆောင်ရွက်မှု အရှိန်မြှင့်ရန် နှစ်ဘက်သဘောတူ
- မိုးတွင်းကာလ မိုင်းနှင့် စစ်ကျန်လက်နက်များ နေရာရွှေ့တတ်သဖြင့် အသွားအလာ သတိထားရန်လို
- မြောက်ဦးက ကျေးရွာအချို့မှာ ရာသီတုပ်ကွေး အဖြစ်များနေ
အမေရိကန်သတင်းထောက်အား ချက်ချင်းပြန်လွှတ်ပေးရန် အမေရိကန်အစိုးရက မြန်မာသို့ တောင်းဆို
မြန်မာနိုင်ငံတွင် အမေရိကန်နိုင်ငံသား သတင်းထောက် ထိန်းသိမ်းခံရခြင်းအတွက် အလွန်အမင်း စိုးရိမ်ကြောင်း အမေရိကန်အစိုးရက မေလ ၂၈ ရက်နေ့တွင် ပြောကြားလိုက်သည်။ သူ့ကို ချက်ချင်းပြန်လွှတ်ပေးရန်လည်း မြန်မာအာဏာပိုင်များအား တိုက်တွန်း တောင်းဆိုလိုက်သည်။
30 May 2021

DMG ၊ မေ ၃၀
မြန်မာနိုင်ငံတွင် အမေရိကန်နိုင်ငံသား သတင်းထောက် ထိန်းသိမ်းခံရခြင်းအတွက် အလွန်အမင်း စိုးရိမ်ကြောင်း အမေရိကန်အစိုးရက မေလ ၂၈ ရက်နေ့တွင် ပြောကြားလိုက်သည်။ သူ့ကို ချက်ချင်းပြန်လွှတ်ပေးရန်လည်း မြန်မာအာဏာပိုင်များအား တိုက်တွန်း တောင်းဆိုလိုက်သည်။
ဖမ်းဆီးခံထားရသော သတင်းထောက် ဒန်နီယယ် ဖန်စတာနှင့် တွေ့ဆုံရန် ရန်ကုန်ရှိ အမေရိကန်သံရုံးမှ တာဝန်ရှိသူများ ဆက်သွယ်လျက်ရှိသော်လည်း တွေ့ဆုံခွင့် မရသေးကြောင်း အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ် တစ်ဦးက ပြောကြောင်း ရိုက်တာသတင်းတစ်ရပ်တွင် ဖော်ပြထားသည်။
ဖန်စတာအား ရန်ကုန်ရှိ အင်းစိန်အကျဉ်းထောင်သို့ လွှဲပြောင်းထိန်းသိမ်းထားကြောင်း Frontier Myanmar သတင်းဌာနက ထုတ်ပြန်ထားသည်။ သူ့ကို အဘယ်ကြောင့် ထိန်းသိမ်းကြောင်း မသိသလို ဆက်သွယ်၍လည်း မရသေးကြောင်း Frontier Myanmar က ပြောသည်။
ဖန်စတာအား ထိန်းသိမ်းခြင်းနှင့် အခြားသတင်းထောက်များအပေါ် အင်အားသုံးမှုများသည် “လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့် အပေါ် လက်ခံနိုင်ဖွယ်ရာမရှိသည့် တိုက်ခိုက်မှု” ဟု အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးဌာနက ပြောသည်။
“ကောင်စစ်ဝန်ဆက်ဆံရေးဆိုင်ရာ ဗီယင်နာသဘောတူညီချက် အရ ကောင်စစ်ဝန်ရုံးကို အချိန်မဆိုင်းဘဲ ဆက်သွယ်ခွင့်ပေးဖို့၊ သူ့ကို ထိန်းသိမ်းထားချိန်မှာလည်း ကောင်းမွန်စွာ ဆက်ဆံစေဖို့ ဗမာစစ်အစိုးရကို အမေရိကန်က တိုက်တွန်းပါတယ်” ဟု ပြောခွင့်ရပုဂ္ဂိုလ်က ပြောသည်။
ဖန်စတာသည် မြန်မာနိုင်ငံရှိ Frontier Myanmar သတင်းဌာန၏ စီမံခန့်ခွဲရေး အယ်ဒီတာတစ်ဦး ဖြစ်သည်။ မေလ ၂၄ ရက်နေ့က မလေးရှားသို့ သွားရောက်ရန် ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်၌ ရောက်ရှိနေစဉ် အဖမ်းခံခဲ့ရခြင်း ဖြစ်သည်။