- နှစ်ပတ်အတွင်း စစ်ကောင်စီကြောင့် ကလေးငယ် ၃၀ ကျော် သေဆုံး
- AA စစ်ရပ်ထားသည့် စစ်တွေတွင် စစ်ကောင်စီက လက်နက်ကြီး ဆက်တိုက်ပစ်နေ
- ရခိုင်တွင် လေကြောင်း ဗုံးကြဲခံရ၍ နှစ်ရက်အတွင်း ဒေသခံ ၁၅ ဦး သေဆုံး၊ ၃၀ ခန့် ဒဏ်ရာရ
- တရုတ် ဆိုလာအင်ဗာတာများထဲတွင် အမျိုးအမည်မသိ ဆက်သွယ်ရေးစက်များ တွေ့ရှိ
- ရေကြည်နှင့် လေးမျက်နှာတွင် တိုက်ပွဲပြင်းနေ
တရုတ်ကိုရင်ဆိုင်ရန် အမေရိကန်နှင့် သြစတြေးလျ စစ်ရေးအရပူးပေါင်းမည်
တရုတ်နှင့် တင်းမာမှုများ တိုးလာသည့်အတွက် အမေရိကန်ပြည်ထောင်စုနှင့် သြစတြေးလျတို့ စစ်ရေးပူးပေါင်းမှုများ တိုးမြှင့်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း နှစ်နိုင်ငံ တာဝန်ရှိသူများက အင်္ဂါနေ့တွင် ပြောကြားလိုက်သည်။
01 Aug 2020

တရုတ်နှင့် တင်းမာမှုများ တိုးလာသည့်အတွက် အမေရိကန်ပြည်ထောင်စုနှင့် သြစတြေးလျတို့ စစ်ရေးပူးပေါင်းမှုများ တိုးမြှင့်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း နှစ်နိုင်ငံ တာဝန်ရှိသူများက အင်္ဂါနေ့တွင် ပြောကြားလိုက်သည်။
ကိုရိုနာကပ်ဘေးအရေး ရှိနေသော်လည်း နှစ်စဉ်ပြုလုပ်မြဲဖြစ်သည့် တွေ့ဆုံဆွေးနွေးပွဲအား ဝါရှင်တန်တွင် ပြုလုပ်စဉ် သြစတြေးလျ နိုင်ငံခြားရေးနှင့် ကာကွယ်ရေးဝန်ကြီးတို့က တရုတ်အပေါ် တင်းမာစွာတုန့်ပြန်ရန် သမ္မတထရမ့်အစိုးရအဖွဲ့၏ ထောက်ခံချက်ကို အတိအလင်း ဖွင့်ဟပြောကြားလိုက်ခြင်း ဖြစ်သည်။
“သြစတြေးလျနှင့် အခြားသော လွတ်လပ်သည့် ကမ္ဘာ့နိုင်ငံများ ရင်ဆိုင်နေရသည့် ခြိမ်းခြောက်မှုများကို အမေရိကန်ပြည်ထောင်စုက သိရှိကြောင်း၊ မိမိတို့သည့် သြစတြေးလျနိုင်ငံနှင့်အတူ ခိုင်မြဲသောမဟာမိတ်အဖြစ် ရပ်တည်လျက်ရှိကြောင်း” အမေရိကန်နိုင်ငံခြားရေး ဝန်ကြီး မိုက်ပွမ်ပီယိုက ပူးတွဲသတင်းစာရှင်းလင်းပွဲ တစ်ခုတွင် သြစတြေးလျ ဝန်ကြီးများအား ပြောကြားခဲ့သည်။
တရုတ်ကမူ အမေရိကန်၏ ယခုလုပ်ရပ်သည် နိုဝင်ဘာရွေးကောက်ပွဲအတွက် မဲဆွယ်သည့်သဘောသာ ဖြစ်ပြီး သမ္မတထရမ့်၏ ကိုရိုနာကပ်ဘေးကို ကိုင်တွယ်မှုအားနည်းချက် များအား တရုတ်အရေးနှင့် အာရုံလွှဲခြင်းသာ ဖြစ်ကြောင်း ပြောကြားလိုက်သည်။
အမေရိကန်နှင့် အနီးကပ်မဟာမိတ်ဖြစ်သလို တရုတ်နှင့်ပါ ဆက်ဆံရေးကောင်းမွန်သည့် စင်္ကာပူဝန်ကြီးချုပ် လီရှန်လွန်းကလည်း အမေရိကန်သည် သမ္မတရွေးကောက်ပွဲကာလနှင့် နီးလာလျှင် တရုတ်နှင့် ဆက်ဆံရေး တင်းမာနေကျသာဖြစ်ပြီး ဤကာလ ကျော်လွန်လျှင် ပြန်လည် တည်ငြိမ်သွားတတ်ကြောင်း ပြောကြားသည်။
ပြီးခဲ့သောသီတင်းပတ်က ဖိလစ်ပိုင်ပင်လယ်ပြင်တွင် ကျင်းပခဲ့သည့် စစ်ရေးလေ့ကျင့်မှု၌ သြစတြေးလျစစ်သင်္ဘော ငါးစီး၊ အမေရိကန် ရေတပ်သင်္ဘောအုပ်စု၊ ဂျပန် ဖျက်သင်္ဘောတစ်စီး တို့ ပူးပေါင်း လေ့ကျင့်ခဲ့ကြပြီး အမေရိကန်ကာကွယ်ရေးဝန်ကြီး မာ့ခ်အက်စပါလည်း လာရောက်ခဲ့သည်။