- ရခိုင်တွင် အဓမ္မပြုကျင့်ရန်ကြိုးပမ်းမှုတွင် အာမခံဖြင့်လွတ်နေသူကို ပြန်ဖမ်း၊ အာမခံပေးခဲ့သည့် တရားသူကြီး စစ်ဆေးခံရ
- စစ်ကောင်စီပေးသည့် ဂုဏ်ထူးဆောင်ဘွဲ့နှစ်ခုထိ ALP ခေါင်းဆောင် ဒေါ်စောမြရာဇာလင်း ရရှိထား
- အင်ဒိုနီးရှားမှာ ကူးတို့သင်္ဘော တိမ်းမှောက်မှုကြောင့် ၄ ဦးသေပြီး ၃၀ ခန့် ပျောက်ဆုံးနေ
- ICG သတိပေးပြီးနောက် ရခိုင်နယ်စပ်တွင် ARSA တိုက်ပွဲပြန်ဖော်လာ
- မြန်မာနိုင်ငံသားများကို လူသားချင်းစာနာလျက် ဆက်လက်စောင့်ရှောက်ပေးရန် ထိုင်းကို NUG မေတ္တာရပ်ခံ
ဖိုက်ဇာကိုဗစ်ကာကွယ်မှု ထပ်ဆောင်းအားဖြည့်ဆေးသည် အိုမီခရွန်ကို အားကောင်းစွာခုခံနိုင်ကြောင်း ကုမ္ပဏီဘက်ကပြော
မိမိတို့၏ ကိုဗစ်ထပ်ဆောင်းအားဖြည့်ဆေး(Booster)သည် လက်ရှိ မြန်မြန်ဆန်ဆန်ပျံ့နှံ့နေသည့် အိုမီခရွန်ကိုဗစ်မျိုးကွဲအား အတိုင်းအတာတစ်ခုအထိ ထိရောက်သောကာကွယ်မှု ပေးနိုင်ကြောင်း ဓာတ်ခွဲခန်းစမ်းသပ်မှုများအရတွေ့ရသည်ဟု ဖိုက်ဇာနှင့် BioNTech ကုမ္ပဏီတို့က ပြောကြားလိုက်သည်။
11 Dec 2021

DMG ၊ ဒီဇင်ဘာ ၁၁
မိမိတို့၏ ကိုဗစ်ထပ်ဆောင်းအားဖြည့်ဆေး(Booster)သည် လက်ရှိ မြန်မြန်ဆန်ဆန်ပျံ့နှံ့နေသည့် အိုမီခရွန်ကိုဗစ်မျိုးကွဲအား အတိုင်းအတာတစ်ခုအထိ ထိရောက်သောကာကွယ်မှု ပေးနိုင်ကြောင်း ဓာတ်ခွဲခန်းစမ်းသပ်မှုများအရတွေ့ရသည်ဟု ဖိုက်ဇာနှင့် BioNTech ကုမ္ပဏီတို့က ပြောကြားလိုက်သည်။
ကိုဗစ်ကာကွယ်ဆေး နှစ်ကြိမ်သာထိုးနှံထားသူသည် အိုမီခရွန်မျိုးကွဲအား အစောပိုင်းကိုဗစ်မျိုးကွဲများလောက် ထိထိရောက်ရောက် ကာကွယ်နိုင်စွမ်းမရှိကြောင်းကို နှစ်ကြိမ်ထိုးနှံထားသူများထံမှ ရယူထားသည့် သွေးစစ်ချက်များအရ သိရကြောင်းလည်း ကုမ္ပဏီက ပြောကြားသည်။
နှစ်ကြိမ်ထိုးနှံထားရုံမျှဖြင့် အိုမီခရွန်ကူးစက်မှုကို လုံလောက်စွာ ကာကွယ်နိုင်မည်မဟုတ်ဟု ကုမ္ပဏီဘက်ကပြောသည်။
ဖိုက်ဇာနှင့် BioNTech ကုမ္ပဏီသည် ယခုသတင်းအား သူတို့၏ တွေ့ရှိမှုအသစ်ထုတ်ပြန်ချက်တွင် ထည့်သွင်းဖော်ပြထားခြင်းဖြစ်ပြီး အချက်အလက်များတော့ဖော်ပြထားခြင်းမရှိပေ။ အိုမီခရွန်မျိုးကွဲ စတင်တွေ့ရှိခဲ့သည့် တောင်အာဖရိက၌ပြုလုပ်သည့် ဓာတ်ခွဲစမ်းသပ်မှုများအရ ယခုကဲ့သို့ လေ့လာတွေ့ရှိရခြင်းဖြစ်သည်။
အမေရိကန်ပြည်ထောင်စုရှိ ကျန်းမာရေးဌာနများ၌ တစ်နေ့လျှင် ကိုဗစ်ကူးစက်သူအသစ် တစ်သိန်းနီးပါးစီတွေ့နေရသလို သေဆုံးနှုန်းလည်း ပြန်လည်မြင့်တက်လျှက်ရှိသည်။ အများစုမှာ ဒဲလ်တာကိုဗစ်မျိုးကွဲ ကူးစက်ခံထားရခြင်းဖြစ်သည်။
လတ်တလော၌ တောင်အာဖရိကနှင့် ဥရောပရှိ နိုင်ငံအချို့တွင် အိုမီခရွန်ကူးစက်မှုသည် မြန်မြန်ဆန်ဆန်မြင့်တက်လာနေပြီး ဒဲလ်တာမျိုးကွဲထက် ကူးစက်နှုန်းနှစ်ဆပိုမြန်မည်ဟု လေ့လာသူများက ခန့်မှန်းထားကြသည်။
အိုမီခရွန်မျိုးကွဲသစ်အား အသေအချာနားလည်ရန်အတွက် အနည်းဆုံး တစ်လခန့်ကြာမြင့်ဦးမည်ဟု ပညာရှင်များကပြောကြားထားသည်။