- ကင်မ်အဲရစ်နှင့် AA စစ်ဦးစီးချုပ် တွေ့ဆုံမှု တော်လှန်ရေးအရှိန်မြင့်လာနိုင်ကြောင်း လေ့လာသူများ သုံးသပ်
- ရှမ်းမြောက်က အနိုင်ရ စစ်ကောင်စီတပ်ဖွဲ့ဝင်များ AA နှင့် ရင်ဆိုင်တိုက်ပွဲတွင် ထွက်ပြေးနေရ
- အမေရိကန်က ၅၀ ရာခိုင်နှုန်းထိ အခွန်မြှင့်သော်လည်း ရုရှားရေနံကို ဆက်ဝယ်သွားမည်ဟု အိန္ဒိယ ပြော
- AA ထိန်းချုပ်ရာ ရခိုင်-ပဲခူး နယ်စပ်ကို စစ်ကောင်စီ ထိုးစစ်ဆင်နေ
- စစ်တွေနှင့် ကျောက်ဖြူ AA လက်ထဲ မကျရေး စစ်ကောင်စီ ထိုးစစ်ဆင်နေ
တရုတ်မှာ အဆောက်အအုံပြိုကျမှုကြောင့် သေဆုံးသူအရေအတွက် ၂၆ ဦးအထိရှိလာ
တရုတ်ပြည် ဟူနန်ခရိုင်ရှိ ချန်းရှာမြို့တွင် ပြီးခဲ့သည့် သီတင်းပတ်က ပြိုကျခဲ့သည့် အဆောက်အအုံကြီးတွင် ရှာဖွေရေးလုပ်ငန်းများ ဆောင်ရွက်နေရာ၌ အတည်ပြုထားသော သေဆုံးသူအရေအတွက်သည် ၂၆ ဦးအထိ ရှိနေပြီဖြစ်ကြောင်း အစိုးရပိုင်မီဒီယာက မေလ ၅ ရက်နေ့တွင် ဖော်ပြသည်။
07 May 2022

DMG ၊ မေ ၇
တရုတ်ပြည် ဟူနန်ခရိုင်ရှိ ချန်းရှာမြို့တွင် ပြီးခဲ့သည့် သီတင်းပတ်က ပြိုကျခဲ့သည့် အဆောက်အအုံကြီးတွင် ရှာဖွေရေးလုပ်ငန်းများ ဆောင်ရွက်နေရာ၌ အတည်ပြုထားသော သေဆုံးသူအရေအတွက်သည် ၂၆ ဦးအထိ ရှိနေပြီဖြစ်ကြောင်း အစိုးရပိုင်မီဒီယာက မေလ ၅ ရက်နေ့တွင် ဖော်ပြသည်။
အဆိုပါအဆောက်အအုံတွင် လူနေအိမ်ခန်းများ၊ ဟိုတယ်တစ်ခုနှင့် ရုပ်ရှင်ရုံတစ်ရုံပါဝင်ပြီး ပြီးခဲ့သော သောကြာနေ့က ပြိုကျခဲ့ခြင်း ဖြစ်သည်။
အာဏာပိုင်များသည် ပြိုကျပြီး ၁၃၁ နာရီကြာမြင့်သည်အထိ အရေးပေါ် ကယ်ဆယ်ရေးဝန်ထမ်း အင်အား ရာပေါင်းများစွာ အသုံးပြုကာ ရှာဖွေကယ်ဆယ်ရေး လုပ်ငန်းများ ဆောင်ရွက်နေကြဆဲ ဖြစ်သည်။
“လက်ရှိအချိန်အထိ ၁၀ ဦးကို ရှာဖွေကယ်ဆယ် ထားပြီး သေဆုံးသူ ၂၆ ဦးအထိ တွေ့ရှိထားပါတယ်” စီစီတီဗီသတင်းဌာနမှ ဖော်ပြသွားသည်။
ဆယ်ယောက်မြောက် တွေ့ရှိသူအား မေလ ၅ ရက်နေ့ ညဉ့်ကမှ အပျက်အစီးပုံများကြားတွင် တွေ့ရှိ ကယ်ဆယ်ခဲ့ခြင်း ဖြစ်သည်။
အဆောက်အအုံပြိုကျစဉ်က သူမသည် ကုတင်ပေါ်၌ စာဖတ်နေခဲ့ပြီး ၆ ရက်ခန့် ပိတ်မိနေခဲ့ကာ ရေအနည်းငယ်ဖြင့် အသက်ဆက်ခဲ့ခြင်း ဖြစ်ကြောင်း သတင်းဌာနက ဖော်ပြသည်။
အစောပိုင်းက ကြေညာထားသော သေဆုံးသူ အရေအတွက်သည် ငါးဦးသာရှိခဲ့ရာမှ ယခု ၂၆ ဦးအထိ မြင့်တက်လာခြင်းဖြစ်ကာ အပျက်အစီးပုံများကြားတွင် လူအများအပြား ရှိနေဦးမည်ဟု ခန့်မှန်းထားကြသည်။