- ကင်မ်အဲရစ်နှင့် AA စစ်ဦးစီးချုပ် တွေ့ဆုံမှု တော်လှန်ရေးအရှိန်မြင့်လာနိုင်ကြောင်း လေ့လာသူများ သုံးသပ်
- ရှမ်းမြောက်က အနိုင်ရ စစ်ကောင်စီတပ်ဖွဲ့ဝင်များ AA နှင့် ရင်ဆိုင်တိုက်ပွဲတွင် ထွက်ပြေးနေရ
- အမေရိကန်က ၅၀ ရာခိုင်နှုန်းထိ အခွန်မြှင့်သော်လည်း ရုရှားရေနံကို ဆက်ဝယ်သွားမည်ဟု အိန္ဒိယ ပြော
- AA ထိန်းချုပ်ရာ ရခိုင်-ပဲခူး နယ်စပ်ကို စစ်ကောင်စီ ထိုးစစ်ဆင်နေ
- စစ်တွေနှင့် ကျောက်ဖြူ AA လက်ထဲ မကျရေး စစ်ကောင်စီ ထိုးစစ်ဆင်နေ
ဘရာဇီးမိုးကြီးမှုကြောင့် သေဆုံးသူအရေအတွက် ၁၅၂ ဦးအထိ မြင့်တက်
ဘရာဇီးနိုင်ငံ ပီထရိုပိုလစ်မြို့တွင် မိုးသည်ထန်ပြီး ရေကြီးမှုနှင့်အတူ မြေပြိုကျမှုများကြောင့် သေဆုံးသူ ၁၅၂ ဦးအထိ ရှိနေပြီဖြစ်ကြောင်း အာဏာပိုင်များက ဖေဖော်ဝါရီလ ၂၀ ရက်နေ့တွင် ပြောကြားသည်။
22 Feb 2022

DMG | ဖေဖေါ်ဝါရီ ၂၂
ဘရာဇီးနိုင်ငံ ပီထရိုပိုလစ်မြို့တွင် မိုးသည်ထန်ပြီး ရေကြီးမှုနှင့်အတူ မြေပြိုကျမှုများကြောင့် သေဆုံးသူ ၁၅၂ ဦးအထိ ရှိနေပြီဖြစ်ကြောင်း အာဏာပိုင်များက ဖေဖော်ဝါရီလ ၂၀ ရက်နေ့တွင် ပြောကြားသည်။
ပြီးခဲ့သည့် သီတင်းပတ် အင်္ဂါနေ့က မုန်တိုင်းတိုက်ခတ်မှုအပြီးတွင် လက်ရှိအချိန်အထိ ပျောက်ဆုံးနေသူ ၁၆၅ ဦးရှိကြောင်း ဘရာဇီးရဲတပ်ဖွဲ့က ပြောကြားသည်။ အပျက်အစီးပုံများအကြားတွင် အသက်ရှင်ကျန်ရစ်သူများ ရှိဦးမည့်အနေအထားမှာ ဖြစ်နိုင်ခြေ မရှိသလောက်နည်းသည်ဟုလည်း အာဏာပိုင်များက ပြောကြားသည်။
ကယ်ဆယ်ရေးဝန်ထမ်းများနှင့် ဒေသခံများသည် ပျောက်ဆုံးနေသည့် ၎င်းတို့၏ ဆွေမျိုးများကို မြေစာပုံများနှင့် ရွံ့များ၊ အမှိုက်သရိုက်များကြားတွင် တူးဆွရှာဖွေနေကြကြောင်း အေအက်ဖ်ပီသတင်းတစ်ရပ်တွင် ဖော်ပြထားသည်။
သေဆုံးသူအရေအတွက် ထပ်မံမြင့်တက်လာနိုင်ခြေ ရှိနေကြောင်းလည်း သတင်းတွင် ဖော်ပြထားသည်။
ယခုဖြစ်စဉ်နှင့် ပတ်သက်ပြီး ပုပ်ရဟန်းမင်းကြီးဖရန်စစ်ကလည်း ဝမ်းနည်းပူဆွေးရကြောင်း တနင်္ဂနွေနေ့၌ ဗာတီကန်တွင်ပြုလုပ်သည့် ဆုတောင်းပွဲတွင် ပြောကြားခဲ့သည်။
“သေဆုံးသူများကို ငြိမ်းချမ်းစေပြီး ၎င်းတို့၏ မိသားစုဝင်များနှင့် ကူညီထောက်ပံ့နေကြသူများအား နှစ်သိမ့်ပေးပါအရှင်” ဟု ပုပ်ရဟန်းမင်းကြီးက ဆုတောင်းခဲ့သည်။
ဘရာဇီးတွင် ပြီးခဲ့သော သုံးလအတွင်း ပြင်းထန်သော မိုးသက်မုန်တိုင်းများကြောင့် သေဆုံးသူ ၂၀၀ ကျော် ရှိနေပြီဖြစ်ကာ အများစုမှာ နိုင်ငံတောင်ပိုင်း ဆာအိုပေါ်လိုပြည်နယ်၊ နိုင်ငံမြောက်ပိုင်း ဘာဟီအာပြည်နယ်နှင့် ပီထရိုပိုလစ်မြို့တို့တွင် ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။