- ရခိုင်သို့ ဓာတ်မြေသြဇာ သယ်ယူသူ ၁၁ ဦးကို ဘင်္ဂလားဒေ့ရှ် ဖမ်းဆီး
- ဆက်သွယ်ရေးအခက်အခဲကြောင့် ရမ်းဗြဲကျွန်းက ဒေသခံများ လူမှုစီးပွား ပိုကျပ်တည်းနေ
- မောင်တောတိုက်ပွဲတွင် ဘင်္ဂလားဒေ့ရှ်သို့ ထွက်ပြေးသွားသည့် စစ်ကောင်စီတပ်ဖွဲ့ဝင် ၉၀၀ ကျော်ကို ပြန်လွှဲပြောင်းထား
- ကုလစာနာမှုစင်္ကြံ အစီအစဉ်တွင် ပါဝင်ပတ်သက်ခြင်း မရှိဟု တရုတ်ပြော
- ရခိုင်က မိုင်းထိလူနာများ ဆေးကုသရန်နှင့် မိသားစုစားဝတ်နေရေး အကူညီလိုအပ်နေ
ဘိုင်ဒန်နှင့် ရှီကျင့်ဖျင်တို့ တနင်္လာနေ့တွင် အွန်လိုင်းမှတစ်ဆင့် တွေ့ဆုံဆွေးနွေးမည်
ဘိုင်ဒန် သမ္မတဖြစ်လာပြီးနောက် တင်းမာမှုများ မြင့်တက်လာသော အမေရိကန်-တရုတ် ဆက်ဆံရေးကို ပြန်လည်ထိန်းညှိနိုင်ရေးအတွက် အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန်နှင့် တရုတ်သမ္မတ ရှီကျင့်ဖျင်တို့သည် တနင်္လာနေ့ ညပိုင်းတွင် အွန်လိုင်းမှတစ်ဆင့် တွေ့ဆုံဆွေးနွေးကြရန် စီစဉ်ထားကြောင်း အေပီသတင်းတစ်ရပ်တွင် ဖော်ပြထားသည်။
13 Nov 2021

DMG ၊ နိုဝင်ဘာ ၁၃
ဘိုင်ဒန် သမ္မတဖြစ်လာပြီးနောက် တင်းမာမှုများ မြင့်တက်လာသော အမေရိကန်-တရုတ် ဆက်ဆံရေးကို ပြန်လည်ထိန်းညှိနိုင်ရေးအတွက် အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန်နှင့် တရုတ်သမ္မတ ရှီကျင့်ဖျင်တို့သည် တနင်္လာနေ့ ညပိုင်းတွင် အွန်လိုင်းမှတစ်ဆင့် တွေ့ဆုံဆွေးနွေးကြရန် စီစဉ်ထားကြောင်း အေပီသတင်းတစ်ရပ်တွင် ဖော်ပြထားသည်။
နှစ်နိုင်ငံအကြား မြင့်တက်လာနေသည့် ရှုပ်ထွေးသောဆက်ဆံရေး၌ ပိုမိုဆိုးဝါးလာနေသော ပဋိပက္ခများတွင် မူဘောင်များချမှတ်ရေးကို ဘိုင်ဒန်ဘက်က အလေးထား ပြောကြားဖွယ် ရှိနေသော်လည်း အိမ်ဖြူတော်အရာရှိများကမူ ယခုတွေ့ဆုံမှုမှ ကြီးကြီးမားမား ရလဒ်များ ထွက်ပေါ်ရန် မျှော်လင့်မထားကြောင်း ပြောသည်။
“ဒီဆွေးနွေးပွဲကနေ ကြီးကြီးမားမား ရလဒ်တွေ ထွက်ပေါ်လာဖို့ ရည်ရွယ်တဲ့ မျှော်လင့်ချက်မျိုးတော့ ကျွန်မ ချမှတ်မထားပါဘူး” ဟု အိမ်ဖြူတော်ပြောခွင့်ရ ဂျန်ဆာကီက ပြောကြားသည်။
နှစ်နိုင်ငံကြား ပြိုင်ဆိုင်မှုများအား စနစ်တကျဖြစ်စေရန်နှင့် အကျိုးစီးပွားများ ဆုံသည့် နေရာများတွင် ပူးပေါင်းဆောင်ရွက်ရန် နှစ်ဘက်ခေါင်းဆောင်များ ဆွေးနွေးကြမည်ဟု သူက ပြောသည်။
ယခုတွေ့ဆုံမှုသည် ခေါင်းဆောင်နှစ်ဦးအကြား ၂၀၂၁ ဖေဖော်ဝါရီလ နောက်ပိုင်းတွင် တတိယအကြိမ်မြောက် ဖြစ်သည်။
ဂလက်စကိုတွင် ယခုသီတင်းပတ်အတွင်း ကျင်းပခဲ့သည့် ကုလသမဂ္ဂ ဥတုရာသီညီလာခံ၌ အမေရိကန်နှင့် တရုတ်တို့ ပူးပေါင်းဆောင်ရွက်မှုကို မြှင့်တင်ပြီး ဥတုရာသီထိခိုက်စေသည့် ဓာတ်ငွေ့ထုတ်လွှတ်မှု ထိန်းချုပ်ရေး ဆောင်ရွက်ရန် နှစ်နိုင်ငံအကြား ကတိကဝတ် ပြုခဲ့ပြီးနောက် ယခုတွေ့ဆုံမှု ထွက်ပေါ်လာခြင်း ဖြစ်သည်။
ပြီးခဲ့သည့် လများအတွင်း တရုတ်၏ လုပ်ရပ်များကို သမ္မတဘိုင်ဒန်၏ ဝေဖန်မှုများနှင့်အတူ နှစ်နိုင်ငံဆက်ဆံရေးသည် အထူးတင်းမာလျက်ရှိသည်။ သမ္မတဘိုင်ဒန်သည် တရုတ်ပြည်အနောက်မြောက်ပိုင်းရှိ လူနည်းစုတိုင်းရင်းသားများအပေါ် တရုတ်အစိုးရ၏ ဖိနှိပ်မှု၊ ဟောင်ကောင်၏ ဒီမိုကရေစီအရေး လှုပ်ရှားမှုများအား တရုတ်၏ ဖိနှိပ်မှုများကို ဝေဖန်ခဲ့သည်။
မကြာသေးမီက တရုတ်တို့၏ တိုက်လေယာဉ် ဒါဇင်ပေါင်းများစွာ ထိုင်ဝမ်လေပိုင်နက်ထဲသို့ ဝင်ရောက်ခဲ့ချိန်၌ တရုတ်-အမေရိကန် ဆက်ဆံရေးသည် တင်းမာမှု အမြင့်ဆုံး ရှိခဲ့သည်။