- မြန်မာနိုင်ငံတွင် ဆိုးဝါးသည့် မြေမြှုပ်မိုင်းအန္တရာယ် ကိုင်တွယ်ရန် အဖြေရှာပေးနေသည့် လူသားချင်းစာနာမှုဆိုင်ရာ မိုင်းရှင်းလင်းရေးလုပ်ငန်းစဉ်များ
- အိန္ဒိယ-ရခိုင် ကုန်သွယ်ရေးကြောင့် ပလက်ဝဒေသခံများ အလုပ်ကိုင်အခွင့်လမ်းများ ရနေ
- ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင် ထောင်ဒဏ် ၁ နှစ် ချမှတ်ခံရ
- လက်နက်မချလျှင် 'အမြစ်ဖြတ်ချေမှုန်းခံရမည်' အစ္စရေးက ဟားမားစ်ကို ခြိမ်းခြောက်
- အသည်းရောင်အသားဝါ ရောဂါကြောင့် စစ်တွေမြို့ခံတစ်ဦး သေဆုံး
အင်ဒိုနီးရှားတွင် လေယာဉ်ဆီနှင့် စားအုန်းဆီနှင့် ရောစပ်ပြီး လေယာဉ်စမ်းသပ်မောင်းနှင်
အင်ဒိုနီးရှားနိုင်ငံတွင် လေယာဉ်ဆီတွင် စားအုန်းဆီရောစပ်ထားသည့် လေယာဉ်ဆီဖြင့် မောင်းနှင်သည့် လေကြောင်းခရီးစဉ်တစ်ခုကို ဗုဒ္ဓဟူးနေ့တွင် ပထမဆုံးအကြိမ်အဖြစ် စမ်းသပ်ပြေးဆွဲခဲ့ကြောင်း အကြီးတန်းဝန်ကြီးတစ်ဦး၏ ပြောကြားချက်ကို ကိုးကားပြီး ရိုက်တာသတင်းတစ်ရပ်တွင် ဖော်ပြထားသည်။
06 Oct 2021

DMG ၊ အောက်တိုဘာ ၆
အင်ဒိုနီးရှားနိုင်ငံတွင် လေယာဉ်ဆီတွင် စားအုန်းဆီရောစပ်ထားသည့် လေယာဉ်ဆီဖြင့် မောင်းနှင်သည့် လေကြောင်းခရီးစဉ်တစ်ခုကို ဗုဒ္ဓဟူးနေ့တွင် ပထမဆုံးအကြိမ်အဖြစ် စမ်းသပ်ပြေးဆွဲခဲ့ကြောင်း အကြီးတန်းဝန်ကြီးတစ်ဦး၏ ပြောကြားချက်ကို ကိုးကားပြီး ရိုက်တာသတင်းတစ်ရပ်တွင် ဖော်ပြထားသည်။
အဆိုပါလေယာဉ်ကို မြို့တော် ဂျာကာတာမှ ဘန်ဒေါင်းအထိ ကီလိုမီတာ ၁၀၀ ကျော် မောင်းနှင်ခဲ့သည်။ လေယာဉ်စမ်းသပ်ပျံသန်းရာတွင် အသုံးပြုခဲ့သည့် လေယာဉ်ဆီ၌ စားအုန်းဆီ ၂.၄ ရာခိုင်နှုန်း ပါဝင်သည်။
အင်ဒိုနီးရှားက ၂၀၁၅ ခုနှစ်တွင် ထုတ်ပြန်ခဲ့သော အစီအစဉ်၌ ၂၀၂၅ ခုနှစ်တွင် စားအုန်းဆီ ၅ ရာခိုင်နှုန်းအထိ ရောစပ် သုံးစွဲနိုင်အောင် ကြိုးပမ်းရန် သတ်မှတ်ထားသည်။
အင်ဒိုနီးရှားတွင် နေ့စဉ် လေယာဉ်ဆီသုံးစွဲမှုသည် ၁၄၀၀၀ ကီလိုလီတာအထိ ရှိပြီး တစ်နှစ်စာအတွက် ဆိုလျှင် ခန့်မှန်း ကုန်ကျမှု ကန်ဒေါ်လာ ရ၇.၂၅ သန်းခန့် ရှိမည်ဟု အင်ဒိုနီးရှား စွမ်းအင်ဝန်ကြီးဌာန၏ ဗုဒ္ဓဟူးနေ့ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
“ကျွန်တော်တို့ တစ်နှစ်ကို စားအုန်းဆီ ၁၂၀၀၀၀ ကီလိုလီတာလောက် လိုပါမယ်” ဟု စွမ်းအင်ဝန်ကြီးဌာနရှိ ပြန်ဖြည့်မြဲစွမ်းအင်ဌာန ညွှန်ကြားရေးမှူး ဒါဒန်ကုဒီအာနာက ပြောသည်။
သို့သော်လည်း ပြင်ပတွင် စီးပွားဖြစ် ဖြန့်ချိရန်အတွက် ဆိုလျှင်မူ ထပ်မံ၍ သုတေသနပြုရန် လိုအပ်ဦးမည်ဟု သူက ပြောကြားသည်။
စားအုန်းဆီအများဆုံး ထုတ်လုပ်သည့်နိုင်ငံ ဖြစ်သည့်အတွက် အင်ဒိုနီးရှားအနေဖြင့် ဆီအသုံးကို ချဲ့ထွင်စမ်းသပ်သွားရန် လိုအပ်သည်ဟု စီးပွားရေးဝန်ကြီး အာလန်ဂါဟာတာတိုက ဗီဒီယိုကွန်ဖရင့်တစ်ခုတွင် ပြောကြားသည်။ အစိုးရပိုင် ဆီကုမ္ပဏီ ပါတာမီဏာက စားအုန်းဆီကိုအသုံးပြုပြီး ဒီဇယ်ဆီထုတ်လုပ်နိုင်ရန် ကြိုးပမ်းနေမှုအပေါ် ကိုးကား ပြောဆိုသွားခြင်း ဖြစ်သည်။
အင်ဒိုနီးရှားနိုင်ငံသည် လက်ရှိတွင် B30 ဟုအမည်ရသည့် စားအုန်းဆီ ၃၀ ရာခိုင်နှုန်း ရောစပ်ပါဝင်သည့် လောင်စာဆီ အသုံးပြုနိုင်ရေး အစီအစဉ်ကို မဖြစ်မနေ အကောင်အထည်ဖော်ရန် စီစဉ်ထားသည်။