- ကင်မ်အဲရစ်နှင့် AA စစ်ဦးစီးချုပ် တွေ့ဆုံမှု တော်လှန်ရေးအရှိန်မြင့်လာနိုင်ကြောင်း လေ့လာသူများ သုံးသပ်
- ရှမ်းမြောက်က အနိုင်ရ စစ်ကောင်စီတပ်ဖွဲ့ဝင်များ AA နှင့် ရင်ဆိုင်တိုက်ပွဲတွင် ထွက်ပြေးနေရ
- အမေရိကန်က ၅၀ ရာခိုင်နှုန်းထိ အခွန်မြှင့်သော်လည်း ရုရှားရေနံကို ဆက်ဝယ်သွားမည်ဟု အိန္ဒိယ ပြော
- AA ထိန်းချုပ်ရာ ရခိုင်-ပဲခူး နယ်စပ်ကို စစ်ကောင်စီ ထိုးစစ်ဆင်နေ
- စစ်တွေနှင့် ကျောက်ဖြူ AA လက်ထဲ မကျရေး စစ်ကောင်စီ ထိုးစစ်ဆင်နေ
တရုတ်တိုက်လေယာဉ်များကြောင့် မိမိတို့၏ လေယာဉ်မှူးများ အသက်အန္တရာယ် စိုးရိမ်နေရကြောင်း ကနေဒါပြော
တရုတ်လေတပ်မှ ယာဉ်မောင်းများသည် အပြည်ပြည်ဆိုင်ရာ လေကြောင်းပိုင်နက်များတွင် ပညာရှင်မပီသဘဲ ရဲတင်းသည့်အပြုအမူများ ပြုလုပ်နေကြသည်ဟု ကနေဒါစစ်တပ်က ပြောကြားလိုက်ကြောင်း အေအက်ဖ်ပီသတင်းတစ်ရပ်တွင် ဖော်ပြထားသည်။
04 Jun 2022

DMG ၊ ဇွန် ၄
တရုတ်လေတပ်မှ ယာဉ်မောင်းများသည် အပြည်ပြည်ဆိုင်ရာ လေကြောင်းပိုင်နက်များတွင် ပညာရှင်မပီသဘဲ ရဲတင်းသည့်အပြုအမူများ ပြုလုပ်နေကြသည်ဟု ကနေဒါစစ်တပ်က ပြောကြားလိုက်ကြောင်း အေအက်ဖ်ပီသတင်းတစ်ရပ်တွင် ဖော်ပြထားသည်။
နျူကလီးယားအရေးနှင့် ပတ်သက်သည့် စည်းကမ်းများကို မလိုက်နာသော မြောက်ကိုရီးယားအပေါ် ကုလသမဂ္ဂက ဒဏ်ခတ်သည့်အနေနှင့် ဂျပန်တွင် နိုင်ငံပေါင်းစုံစစ်တပ်ကို နေရာချထားရာတွင် ကနေဒါလေတပ်လည်း ပါဝင်သည်။
တရုတ်လေတပ်သည် အပြည်ပြည်ဆိုင်ရာ လေကြောင်းလုံခြုံရေး စံချိန်စံညွှန်းများကို လိုက်နာမှုမရှိကြောင်း ကနေဒါစစ်တပ်က ဇွန်လ ၂ ရက်နေ့တွင် ပြောကြားသည်။
မကြာခဏဆိုသလို တရုတ်ဂျက်လေယာဉ်များသည် ကနေဒါလေယာဉ်များနှင့် အလွန်အမင်းနီးကပ်စွာပျံသန်းမှု ပြုသည့်အတွက် မိမိတို့လေယာဉ်ပြေးလမ်းများကို မြန်မြန်ဆန်ဆန် ပြောင်းရလေ့ရှိသည်ဟု ကနေဒါက ပြောသည်။
တရုတ်လေတပ်၏ လုပ်ရပ်သည် ပညာသည်မဆန်သလို ကနေဒါလေတပ်ဝန်ထမ်းများကိုလည်း အန္တရာယ်ကျရောက်အောင် ပြုလုပ်နေသကဲ့သို့ ဖြစ်နေသည်ဟု ကနေဒါစစ်တပ်က ပြောသည်။
အချို့အခြေအနေများ၌ ကနေဒါလေတပ်ယာဉ်မောင်းများသည် ကြားဖြတ်ဝင်လာသည့် တရုတ်ဂျက်လေယာဉ်များနှင့် မတိုက်မိအောင် ရှောင်ရှားသည့်အနေနှင့် လေယာဉ်ပြေးလမ်းများကို အရေးပေါ် ပြောင်းလဲလိုက်ရသည်များအထိ ရှိသည်ဟု ဆိုသည်။
၂၀၁၉ ခုနှစ် ဇွန်လကလည်း ကနေဒါရေယာဉ်နှစ်စီးသည် အရှေ့တရုတ်ပင်လယ်ပြင်ကို ဖြတ်ကျော်စဉ် တရုတ်ဂျက်တိုက်လေယာဉ်များကြောင့် အနှောင့်အယှက်ဖြစ်ခဲ့ရသည်။ အဆိုပါရေယာဉ်နှစ်စီးကို တရုတ်ရေယာဉ်အများအပြားနှင့် တိုက်လေယာဉ်များပါ နောက်ယောက်ခံလိုက်ခဲ့ကြသည်။