- ရခိုင်သို့ ဓာတ်မြေသြဇာ သယ်ယူသူ ၁၁ ဦးကို ဘင်္ဂလားဒေ့ရှ် ဖမ်းဆီး
- ဆက်သွယ်ရေးအခက်အခဲကြောင့် ရမ်းဗြဲကျွန်းက ဒေသခံများ လူမှုစီးပွား ပိုကျပ်တည်းနေ
- မောင်တောတိုက်ပွဲတွင် ဘင်္ဂလားဒေ့ရှ်သို့ ထွက်ပြေးသွားသည့် စစ်ကောင်စီတပ်ဖွဲ့ဝင် ၉၀၀ ကျော်ကို ပြန်လွှဲပြောင်းထား
- ကုလစာနာမှုစင်္ကြံ အစီအစဉ်တွင် ပါဝင်ပတ်သက်ခြင်း မရှိဟု တရုတ်ပြော
- ရခိုင်က မိုင်းထိလူနာများ ဆေးကုသရန်နှင့် မိသားစုစားဝတ်နေရေး အကူညီလိုအပ်နေ
လိင်တူထိမ်းမြားခွင့် ဥပဒေမူကြမ်း ချီလီလွှတ်တော် အတည်ပြု
ချီလီလွှတ်တော်သည် လိင်တူလက်ထပ်ထိမ်းမြားခွင့်ကို တရားဝင်အဖြစ် သတ်မှတ်ပေးမည့် ဥပဒေမူကြမ်းတစ်ခုကို အင်္ဂါနေ့က အတည်ပြုပေးလိုက်ပြီဖြစ်သဖြင့် အရေအတွက်အနည်းငယ်သာရှိသော ကက်သလစ် လက်တင် အမေရိကနိုင်ငံများအနက် တရားဝင် လိင်တူထိမ်းမြားခွင့်ရှိသည့် လက်တစ်ဆုပ်စာ နိုင်ငံများစာရင်းတွင် ပါဝင်လာပြီဖြစ်သည်။
09 Dec 2021

DMG ၊ ဒီဇင်ဘာ ၉
ချီလီလွှတ်တော်သည် လိင်တူလက်ထပ်ထိမ်းမြားခွင့်ကို တရားဝင်အဖြစ် သတ်မှတ်ပေးမည့် ဥပဒေမူကြမ်းတစ်ခုကို အင်္ဂါနေ့က အတည်ပြုပေးလိုက်ပြီဖြစ်သဖြင့် အရေအတွက်အနည်းငယ်သာရှိသော ကက်သလစ် လက်တင် အမေရိကနိုင်ငံများအနက် တရားဝင် လိင်တူထိမ်းမြားခွင့်ရှိသည့် လက်တစ်ဆုပ်စာ နိုင်ငံများစာရင်းတွင် ပါဝင်လာပြီဖြစ်သည်။
လိင်တူ လက်ထပ်ထားသည့် စုံတွဲများ သားသမီး မွေးစားခွင့်ပါ ရရှိသည့် ဤဥပဒေသည် လက်မှတ်ထိုးအတည်ပြုပေးရမည့် သမ္မတ ဆီဘက်စရှန်ပီနဲရား၏ ထောက်ခံမှုကိုပါ ရရှိထားသည်။
လေးနှစ်နီးပါးကြာမြင့်ခဲ့သည့် လုပ်ငန်းစဉ်အပြီးတွင် အဆိုပါဥပဒေမူကြမ်းကို အတည်ပြုခဲ့ချိန်၌ လွှတ်တော်ခန်းမထဲတွင် သြဘာပေးသံများ ပေါ်ထွက်လာခဲ့ပြီး လူအများက LGBTQ အလံများဝှေ့ယမ်းခဲ့ကြသည်။
“ကျွန်မ တအားစိတ်လှုပ်ရှားမိပါတယ်။ ကိုယ့်ကိုယ်ကို တည်တည်ငြိမ်ငြိမ် ဖြစ်ဖို့တောင် တော်တော်ထိန်းနေရတယ်။ ဒါဟာ ရှည်ကြာနေခဲ့တဲ့ ပြိုင်ပွဲတစ်ခုပါ” ဟု လွှတ်တော်ထဲတွင် မဲပေးရန် ရောက်ရှိနေခဲ့သည့် တူညီသောအခွင့်အရေးများ ဖောင်ဒေးရှင်း အဖွဲ့မှ အစ်စဘဲလ်အာမာက ပြောကြားသည်။
LGBTQ ဆိုင်ရာ အခွင့်အရေးများအဖွဲ့ဖြစ်သော မိုဗီး ကလည်း ဤအရွေ့သည် အကန့်အသတ်မရှိ ခွဲခြားဆက်ဆံခံနေရသော လိင်တူစုံတွဲများနှင့် မိဘများအတွက် “သမိုင်းတွင်ပြီး အနာဂါတ်အတွက် အဆုံးအဖြတ်ပေးသော ခြေလှမ်းတစ်ရပ်” ဟု ပြောကြားသည်။
ဥပဒေမူကြမ်းကို ဥပဒေပြုအထက်လွှတ်တော်ထံက အင်္ဂါနေ့တွင် အတည်ပြုခဲ့ပြီးနောက် အောက်လွှတ်တော်ကိုယ်စားလှယ်များက နောက်ဆုံးအဆင့် အတည်ပြုမှုကို ထောက်ခံမဲ ၈၂ မဲတွင် ကန့်ကွက်မဲ ၂၀ မဲဖြင့် ချက်ခြင်း လုပ်ဆောင်ခဲ့ခြင်းဖြစ်သည်။