- ရခိုင်တွင် အဓမ္မပြုကျင့်ရန်ကြိုးပမ်းမှုတွင် အာမခံဖြင့်လွတ်နေသူကို ပြန်ဖမ်း၊ အာမခံပေးခဲ့သည့် တရားသူကြီး စစ်ဆေးခံရ
- စစ်ကောင်စီပေးသည့် ဂုဏ်ထူးဆောင်ဘွဲ့နှစ်ခုထိ ALP ခေါင်းဆောင် ဒေါ်စောမြရာဇာလင်း ရရှိထား
- အင်ဒိုနီးရှားမှာ ကူးတို့သင်္ဘော တိမ်းမှောက်မှုကြောင့် ၄ ဦးသေပြီး ၃၀ ခန့် ပျောက်ဆုံးနေ
- ICG သတိပေးပြီးနောက် ရခိုင်နယ်စပ်တွင် ARSA တိုက်ပွဲပြန်ဖော်လာ
- မြန်မာနိုင်ငံသားများကို လူသားချင်းစာနာလျက် ဆက်လက်စောင့်ရှောက်ပေးရန် ထိုင်းကို NUG မေတ္တာရပ်ခံ
လူ ၁၃၂ ဦး လိုက်ပါသွားသည့် တရုတ်လေယာဉ် ပျက်ကျမှု အသက်ရှင်ကျန်ရစ်သူ ရှိသည့်လက္ခဏာမတွေ့
တရုတ်ပြည်တွင် မတ်လ ၂၁ ရက်နေ့က လူ ၁၃၂ ဦးလိုက်ပါသွားသည့် ဘိုအင်း ၇၃၇ လေယာဉ်တစ်စီးသည် နိုင်ငံတောင်ပိုင်းရှိ တောင်တန်းများပေါ်တွင် ပျက်ကျသွားကြောင်း နိုင်ငံတကာသတင်းများတွင် ဖော်ပြချက်များအရ သိရသည်။
23 Mar 2022

DMG | မတ် ၂၃
တရုတ်ပြည်တွင် မတ်လ ၂၁ ရက်နေ့က လူ ၁၃၂ ဦးလိုက်ပါသွားသည့် ဘိုအင်း ၇၃၇ လေယာဉ်တစ်စီးသည် နိုင်ငံတောင်ပိုင်းရှိ တောင်တန်းများပေါ်တွင် ပျက်ကျသွားကြောင်း နိုင်ငံတကာသတင်းများတွင် ဖော်ပြချက်များအရ သိရသည်။
လေကြောင်းခရီးစဉ် MU5735 သည် တရုတ်ပြည်ကူမင်းမြို့မှ ကွမ်ကျိုးမြို့သို့ ပျံသန်းလာစဉ် ခရီးစဉ်ပြီးဆုံးခါနီးမှ ယခုကဲ့သို့ ပျက်ကျသွားခြင်း ဖြစ်သည်။
တရုတ်မီဒီယာများတွင် ဖော်ပြကြသည့် ဗီဒီယိုဖိုင်တစ်ခု၌ လေယာဉ်သည် သစ်ပင်အုပ်များ နောက်ဘက်သို့ ၃၅ ဒီဂရီအထိ ဒေါင်လိုက်တိမ်းစောင်းပြီး ထိုးဆင်းသွားသည်ကို တွေ့ရသည်။ ၎င်းဗီဒီယိုနှင့် ပတ်သက်၍ ယခုပျက်ကျသွားသော လေယာဉ်ဟုတ် မဟုတ် အတည်မပြုနိုင်သေးပေ။
လေယာဉ်ပေါ်၌ ခရီးသည် ၁၂၃ ဦးနှင့် လေယာဉ်ဝန်ထမ်း ၉ ဦး လိုက်ပါသွားပြီး ဝူကျိုးမြို့အနီးတွင် လေယာဉ်နှင့် အဆက်အသွယ် ပြတ်တောက်သွားခဲ့ကြောင်း တရုတ်အစိုးရ လေကြောင်းစီမံခန့်ခွဲရေးနှင့် China Eastern လေကြောင်းလိုင်း ကုမ္ပဏီဘက်က ပြောကြားသည်။
အဆိုပါ ပြည်တွင်းလေကြောင်းခရီးစဉ်အတွင်း လိုက်ပါသွားသူများ အသက်ရှင်ကျန်ရစ်သည့် လက္ခဏာ မတွေ့ရကြောင်း တရုတ်ပြည်တွင်း မီဒီယာများတွင် ဖော်ပြကြသည်။
China Eastern လေကြောင်းလိုင်း ကုမ္ပဏီကမူ ခရီးစဉ်အတွင်း သေဆုံးသွားသူ အရေအတွက်ကို ထုတ်ဖော်ပြောကြားခြင်း မရှိပေ။
မိမိတို့အနေဖြင့် China Eastern ကို အကူအညီပေးရန် အသင့်ရှိနေပြီး ယခုဖြစ်ရပ်နှင့် ပတ်သက်၍ အမေရိကန် သယ်ယူပို့ဆောင်ရေး လုံခြုံရေးအာဏာပိုင်များနှင့် ဆက်သွယ်ထားကြောင်း ဘိုအင်းကုမ္ပဏီဘက်က ပြောကြားသည်။