- ရခိုင်သို့ ဓာတ်မြေသြဇာ သယ်ယူသူ ၁၁ ဦးကို ဘင်္ဂလားဒေ့ရှ် ဖမ်းဆီး
- ဆက်သွယ်ရေးအခက်အခဲကြောင့် ရမ်းဗြဲကျွန်းက ဒေသခံများ လူမှုစီးပွား ပိုကျပ်တည်းနေ
- မောင်တောတိုက်ပွဲတွင် ဘင်္ဂလားဒေ့ရှ်သို့ ထွက်ပြေးသွားသည့် စစ်ကောင်စီတပ်ဖွဲ့ဝင် ၉၀၀ ကျော်ကို ပြန်လွှဲပြောင်းထား
- ကုလစာနာမှုစင်္ကြံ အစီအစဉ်တွင် ပါဝင်ပတ်သက်ခြင်း မရှိဟု တရုတ်ပြော
- ရခိုင်က မိုင်းထိလူနာများ ဆေးကုသရန်နှင့် မိသားစုစားဝတ်နေရေး အကူညီလိုအပ်နေ
တရုတ်၏ ဘေကျင်း ဆောင်းရာသီ အိုလံပစ်ပွဲတော်ကို သံတမန်နည်းအရ သပိတ်မှောက်ရန် အမေရိကန် စီစဉ်
အမေရိကန်အစိုးရသည် တရုတ်၏ လူ့အခွင့်အရေးဆိုင်ရာ မတရားဖိနှိပ်မှုများကို ဆန့်ကျင် ဆန္ဒပြသည့်အနေဖြင့် ဘေကျင်းတွင်ကျင်းပမည့် လာမည့် ဆောင်းရာသီ အိုလံပစ်ပွဲတော်အား သံတမန်နည်းအရ သပိတ်မှောက်မည်ဟု အိမ်ဖြူတော်က တနင်္လာနေ့တွင် အတည်ပြုပြောကြားသည်။ အမေရိကန်၏ လုပ်ရပ်သည် တရုတ်ဘက်က ခိုင်မာသည့် လက်တုံ့ပြန်ရေး အစီအစဉ်များနှင့် မဖြစ်မနေတွေ့ကြုံရမည့် အရွေ့တစ်ခုလည်း ဖြစ်သည်။
09 Dec 2021

DMG ၊ ဒီဇင်ဘာ ၉
အမေရိကန်အစိုးရသည် တရုတ်၏ လူ့အခွင့်အရေးဆိုင်ရာ မတရားဖိနှိပ်မှုများကို ဆန့်ကျင် ဆန္ဒပြသည့်အနေဖြင့် ဘေကျင်းတွင်ကျင်းပမည့် လာမည့် ဆောင်းရာသီ အိုလံပစ်ပွဲတော်အား သံတမန်နည်းအရ သပိတ်မှောက်မည်ဟု အိမ်ဖြူတော်က တနင်္လာနေ့တွင် အတည်ပြုပြောကြားသည်။ အမေရိကန်၏ လုပ်ရပ်သည် တရုတ်ဘက်က ခိုင်မာသည့် လက်တုံ့ပြန်ရေး အစီအစဉ်များနှင့် မဖြစ်မနေတွေ့ကြုံရမည့် အရွေ့တစ်ခုလည်း ဖြစ်သည်။
အမေရိကန် အားကစားသမားများသည် ဆက်လက်ပြိုင်ပွဲဝင်သွားမည် ဖြစ်သလို မိမိတို့ထံမှ ထောက်ပံ့မှုအပြည့်အဝ ရရှိမည်ဖြစ်သော်လည်း “ကစားပွဲများ၏ အခမ်းအနား များတွင် ပါဝင်ဆင်နွဲသွားမည်မဟုတ်ကြောင်း” ဖြည့်စွက်ပြောကြားသည်။
“တရုတ်ရဲ့ စံတင်လောက်တဲ့ လူ့အခွင့်အရေးဆိုင်ရာ ဖိနှိပ်ချုပ်ချယ်မှုတွေနဲ့ ရှင်ကျန်းမှာ ကျူးလွန်နေတဲ့ ကြမ်းကြုတ်ရက်စက်မှုတွေကို မြင်နေရက်သားနဲ့ အမေရိကန်သံတမန် ဒါမှမဟုတ် တရားဝင် ကိုယ်စားစားလှယ်တွေဟာ ဒီကစားပွဲတွေကို လုပ်ရိုးလုပ်စဉ်လို ဆက်ဆံသွားဖို့ဆိုတာ မဖြစ်နိုင်ဘူး” ဟု တနင်္လာနေ့ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် ဆာကီက သတင်းသမားများအား ပြောကြားသည်။
“ကျွန်မတို့မှာ လူ့အခွင့်အရေး မြှင့်တင်ရာမှာ အခြေခံကျတဲ့ ယုံကြည်မှုတွေရှိပါတယ်။ ကျွန်မတို့ရဲ့ ရပ်တည်မှုအပေါ်မှာ စွဲမြဲစွာယုံကြည်ပြီး တရုတ်ပြည်တွင်းရော တရုတ်ပြည်ပြင်ပမှာပါ လူ့အခွင့်အရေးမြှင့်တင်ဖို့အတွက် လိုအပ်တာတွေကို ဆက်လက်လုပ်ဆောင်သွားမှာ ဖြစ်ပါတယ်” ဟုလည်း ဂျန်ဆာကီက ဖြည့်စွက်ပြောကြားသည်။
သမ္မတဘိုင်ဒန်က ဒီမိုကရေစီအရေး အိမ်ဖြူတော် ထိပ်သီးညီလာခံ အွန်လိုင်းတွေ့ဆုံပွဲကို အိမ်ရှင်အဖြစ် ကျင်းပရန်စီစဉ်နေချိန်၌ ယခုကဲ့သို့ ဂျန်ဆာကီ၏ကြေညာချက် ထွက်ပေါ်လာခြင်း ဖြစ်သည်။
ဘိုင်ဒန်၏ညီလာခံကို ကြာသပတေးနှင့် သောကြာနေ့များတွင် ကျင်းပမည်ဖြစ်ကာ နိုင်ငံပေါင်း ၁၀၀ ကျော်မှ ခေါင်းဆောင်များနှင့် အရပ်ဖက်လူမှုဆိုင်ရာ ကျွမ်းကျင်သူများ ပါဝင်မည်ဖြစ်သည်။
ဘိုင်ဒန်သည် အဆိုပါတွေ့ဆုံပွဲ၌ တစ်သီးပုဂ္ဂလနှင့် ပူးပေါင်းဆောင်ရွက်မှု သဘောတူညီချက်များ၊ ပြန်လည်ထူထောင်ရေးလုပ်ငန်းများနှင့် မိမိတို့နိုင်ငံတွင်သာမက ပြင်ပနိုင်ငံများတွင်ပါ ဒီမိုကရေစီနှင့်လူ့အခွင့်အရေး ကာကွယ်ရေးဆောင်ရွက်ချက်များကို ကြေညာရန် ရည်ရွယ်ထားကြောင်း စီမံခန့်ခွဲသူများက ပြောကြားသည်။