- ကင်မ်အဲရစ်နှင့် AA စစ်ဦးစီးချုပ် တွေ့ဆုံမှု တော်လှန်ရေးအရှိန်မြင့်လာနိုင်ကြောင်း လေ့လာသူများ သုံးသပ်
- ရှမ်းမြောက်က အနိုင်ရ စစ်ကောင်စီတပ်ဖွဲ့ဝင်များ AA နှင့် ရင်ဆိုင်တိုက်ပွဲတွင် ထွက်ပြေးနေရ
- အမေရိကန်က ၅၀ ရာခိုင်နှုန်းထိ အခွန်မြှင့်သော်လည်း ရုရှားရေနံကို ဆက်ဝယ်သွားမည်ဟု အိန္ဒိယ ပြော
- AA ထိန်းချုပ်ရာ ရခိုင်-ပဲခူး နယ်စပ်ကို စစ်ကောင်စီ ထိုးစစ်ဆင်နေ
- စစ်တွေနှင့် ကျောက်ဖြူ AA လက်ထဲ မကျရေး စစ်ကောင်စီ ထိုးစစ်ဆင်နေ
တရုတ်နိုင်ငံ၏ ကလေးပြုစုပျိုးထောင်မှုစရိတ် အမေရိကန်၊ဂျပန်တို့ထက် ပိုများ
တရုတ်နိုင်ငံတွင် ကလေးတစ်ဦး ပြုစုပျိုးထောင်စရိတ်သည် ၎င်း၏ တစ်ဦးချင်းဂျီဒီပီ၏ ခုနစ်ဆနီးပါးရှိပြီး အမေရိကန်၊ ဂျပန်တို့ထက်များစွာ မြင့်မားနေကြောင်း လေ့လာချက်အသစ်တစ်ရပ်အရ သိရသည်။ အဆိုပါအခြေအနေသည် ကလေးမွေးဖွားနှုန်း လျင်မြန်စွာကျဆင်းနေမှုကို ကိုင်တွယ်ဖြေရှင်းရန် ကြိုးပမ်းရာတွင် တရုတ်အစိုးရ၏ ရင်ဆိုင်နေရသော စိန်ခေါ်မှုများကို မီးမောင်းထိုးပြလျက်ရှိသည်။
25 Feb 2022

DMG ၊ ဖေဖော်ဝါရီ ၂၅
တရုတ်နိုင်ငံတွင် ကလေးတစ်ဦး ပြုစုပျိုးထောင်စရိတ်သည် ၎င်း၏ တစ်ဦးချင်းဂျီဒီပီ၏ ခုနစ်ဆနီးပါးရှိပြီး အမေရိကန်၊ ဂျပန်တို့ထက်များစွာ မြင့်မားနေကြောင်း လေ့လာချက်အသစ်တစ်ရပ်အရ သိရသည်။ အဆိုပါအခြေအနေသည် ကလေးမွေးဖွားနှုန်း လျင်မြန်စွာကျဆင်းနေမှုကို ကိုင်တွယ်ဖြေရှင်းရန် ကြိုးပမ်းရာတွင် တရုတ်အစိုးရ၏ ရင်ဆိုင်နေရသော စိန်ခေါ်မှုများကို မီးမောင်းထိုးပြလျက်ရှိသည်။
လုပ်သားအင်အား လျော့နည်းလာခြင်းသည် လာမည့်ဆယ်စုနှစ်များအတွင်း ကမ္ဘာ့ဒုတိယအကြီးဆုံး စီးပွားရေးအတွက် တိုးတက်မှုကို ပြင်းထန်စွာ ကန့်သတ်လာနိုင်မည်ဖြစ်သည်။ ထိုအချိန်တွင် တရုတ်နိုင်ငံ၏ သက်ကြီးရွယ်အိုဦးရေသည် နိုင်ငံ၏အခြေအနေနှင့် လူမှုဖူလုံရေးစနစ်အပေါ် ကြီးမားသောဖိအားများ သက်ရောက်စေမည်ဟု ကျွမ်းကျင်သူများက သတိပေးထားသည်။
မိသားစုများအား အများဆုံးကလေး ၃ ဦးအထိယူရန် မူဝါဒအသစ်များက ခွင့်ပြုထားသည်။ သို့သော်လည်း တရုတ်ပြည်၏ ကလေးမွေးဖွားနှုန်းသည် ၂၀၂၁ ခုနှစ်တွင် လူ ၁၀၀၀ ဦးလျှင် ရ.၅၂ ဦးအထိ လျော့ကျလာခဲ့သည်။ ဤပမာဏသည် အမျိုးသားစာရင်းအင်းဗျုရိုက အချက်အလက်များကို စတင်မှတ်တမ်းတင်ခဲ့သော ၁၉၄၉ ခုနှစ်နောက်ပိုင်း အနိမ့်ဆုံးဖြစ်သည်။
မိုးထိုးနေသည့် ကလေးပြုစုပျိုးထောင်မှုစရိတ်များသည် အစိုးရ၏ ပုဂ္ဂလိကကျူရှင်လုပ်ငန်းများအား နှိမ်နှင်းမှုအတွက်လည်း တွန်းအားတစ်ရပ် ဖြစ်စေခဲ့သည်။ တစ်ချိန်တည်း၌ အချို့သောဒေသများတွင် ဒုတိယမြောက် သို့မဟုတ် တတိယမြောက်ကလေးမွေးဖွားသည့်စုံတွဲများအား ငွေသားထောက်ပံ့မှုများ ပေးအပ်လျက်ရှိသည်။
ဘေကျင်းအခြေစိုက် ယုဝလူဦးရေသုတေသနဌာနက အင်္ဂါနေ့တွင် ထုတ်ပြန်သည့် အစီရင်ခံစာအရ တရုတ်နိုင်ငံတွင် ကလေးတစ်ဦးကို အသက် ၁၈ နှစ်အထိ ပြုစုပျိုးထောင်ရာတွင် သားဦးကလေးတစ်ယောက်အတွက် ပျမ်းမျှကုန်ကျစရိတ်မှာ ၂၀၁၉ ခုနှစ်တွင် ယွမ် ၄၈၅,၀၀၀ (အမေရိကန်ဒေါ်လာ ရ၆,၆၂၉) ဖြစ်ပြီး တရုတ်နိုင်ငံ၏ ထိုနှစ်တစ်ဦးချင်းဂျီဒီပီ၏ ၆.၉ ဆဖြစ်သည်။
လေ့လာမှုတွင် ပါဝင်သော နိုင်ငံ ၁၃ နိုင်ငံအနက် တရုတ်နိုင်ငံသည် ကမ္ဘာပေါ်တွင် ကလေးမွေးဖွားနှုန်း အနိမ့်ဆုံးနိုင်ငံဖြစ်သည့် တောင်ကိုရီးယားနိုင်ငံပြီးလျှင် ကလေးပြုစုပျိုးထောင်မှုစရိတ် ဒုတိယအမြင့်ဆုံးဖြစ်သည်။
အမေရိကန်နိုင်ငံ၏ ကလေးတစ်ဦး ပြုစုပျိုးထောင်စရိတ်သည် ၂၀၁၅ ခုနှစ် အချက်အလက်အရ တစ်ဦးချင်းဂျီဒီပီ၏ ၄.၁၁ ဆရှိပြီး ဂျပန်နိုင်ငံ၏ ကလေးတစ်ဦးပြုစုပျိုးထောင်စရိတ်သည် ၂၀၁၀ ခုနှစ်အချက်အလက်အရ တစ်ဦးချင်းဂျီဒီပီ၏ ၄.၂၆ ဆရှိသည်။