- အမ်းက စစ်ရှောင်နှစ်ထောင်ကျော်မှာ စားဝတ်နေရေးနှင့် ကျန်းမာရေး အကူအညီများ အရေးပေါ်လိုအပ်နေ
- ဘင်္ဂလားဒေ့ရှ် အလုပ်သမားများ ပါဝင်ပတ်သက်နေသည့် အိုင်အက်စ်အစွန်းရောက်အဖွဲ့ ကွန်ရက် မလေးရှား ဖြိုခွင်း
- ထိုင်း-မြန်မာ ပူးပေါင်းဆောင်ရွက်မှု အရှိန်မြှင့်ရန် နှစ်ဘက်သဘောတူ
- မိုးတွင်းကာလ မိုင်းနှင့် စစ်ကျန်လက်နက်များ နေရာရွှေ့တတ်သဖြင့် အသွားအလာ သတိထားရန်လို
- မြောက်ဦးက ကျေးရွာအချို့မှာ ရာသီတုပ်ကွေး အဖြစ်များနေ
ကမ္ဘာတစ်ဝန်း ကိုဗစ်ကူးစက်မှု ပြီးခဲ့သည့် သီတင်းပတ်တွင် ၁၆ ရာခိုင်နှုန်းအထိ ကျဆင်းခဲ့
ကမ္ဘာတစ်ဝန်းတွင် ကိုဗစ်-၁၉ ရောဂါ အသစ်ကူးစက်မှုသည် ပြီးခဲ့သည့် သီတင်းပတ်တွင် ၁၆ ရာခိုင်နှုန်းအထိ ကျဆင်းခဲ့ပြီး ၂.၇ သန်းသာရှိခဲ့ကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO က ထုတ်ပြန်သည့် အချက်များအရ သိရသည်။
19 Feb 2021

ကမ္ဘာတစ်ဝန်းတွင် ကိုဗစ်-၁၉ ရောဂါ အသစ်ကူးစက်မှုသည် ပြီးခဲ့သည့် သီတင်းပတ်တွင် ၁၆ ရာခိုင်နှုန်းအထိ ကျဆင်းခဲ့ပြီး ၂.၇ သန်းသာရှိခဲ့ကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO က ထုတ်ပြန်သည့် အချက်များအရ သိရသည်။
သေဆုံးသူ အရေအတွက်မှာလည်း အပတ်စဉ် ၁၀ ရာခိုင်နှုန်းအထိ ကျဆင်းလျက်ရှိပြီး ပြီးခဲ့သည့် သီတင်းပတ်တွင် သေဆုံးသူ ၈၁၀၀၀ ရှိခဲ့ကြောင်း အင်္ဂါနေ့က ထုတ်ပြန်ခဲ့သည့် WHO ၏ အပတ်စဉ် အစီရင်ခံစာအရ သိရသည်။
ပြီးခဲ့သည့် သီတင်းပတ်အတွင်း ကိုဗစ်ကူးစက်မှုသည် အာဖရိကနှင့် အနောက်ပစိဖိတ် ဒေသများတွင် ၂၀ ရာခိုင်နှုန်း၊ ဥရောပတွင် ၁၈ ရာခိုင်နှုန်း၊ အမေရိကတွင် ၁၆ ရာခိုင်နှုန်းနှင့် အရှေ့တောင်အာရှတွင် ၁၃ ရာခိုင်နှုန်းအထိ ကျဆင်းခဲ့သည်။
သီတင်းပတ် ၅ ပတ်အထိ ကူးစက်နှုန်း ဆက်တိုက် ကျဆင်းလာခဲ့ရာ ဇန်နဝါရီလ ၄ ရက်နေ့က တစ်ပတ်စာတိုင်းတာချက်များအရ ကူးစက်မှု စုစုပေါင်း ငါးသန်းကျော်ရှိခဲ့ရာမှ ယခုအချိန်၌ အဆိုပါကူးစက်နှုန်း၏ ထက်ဝက်ပမာဏသာ ရှိတော့သည်ဟု WHO ညွှန်းကြားရေးမှူးချုပ် တီဒရော့အက်ဒ်ဟန်နွမ် ဂေဘရီယက်ဆက်က တနင်္လာနေ့တွင် ပြောကြားသည်။
“ဒီနှုန်းထားကို ကျွန်တော်တို့ ဘယ်လိုတုံ့ပြန်ကြသလဲ ဆိုတာ ခုချိန်မှာ အရေးကြီးလာပါပြီ။ မီးက မငြိမ်းသေးပါဘူး။ ဒါပေမဲ့ ကျွန်တော်တို့ သူ့အရွယ်အစားကို လျှော့ချလိုက်နိုင်ပါပြီ။ တစ်နေရာရာမှာ တိုက်ဖျက်မှု ရပ်သွားတာနဲ့ ချက်ချင်း ပြန်ခေါင်းထောင်လာပါလိမ့်မယ်” သူက ပြောကြားသည်။
ကမ္ဘာတစ်ဝန်းတွင် ဖေဖော်ဝါရီလ ၁၇ ရက်နေ့အထိ ကိုဗစ်ကူးစက်မှု စုစုပေါင်း သန်း ၁၁၀၊ သေဆုံးသူစုစုပေါင်း ၂ သန်းခွဲနီးပါး ရှိနေပြီဖြစ်သည်။