- ရခိုင်သို့ ဓာတ်မြေသြဇာ သယ်ယူသူ ၁၁ ဦးကို ဘင်္ဂလားဒေ့ရှ် ဖမ်းဆီး
- ဆက်သွယ်ရေးအခက်အခဲကြောင့် ရမ်းဗြဲကျွန်းက ဒေသခံများ လူမှုစီးပွား ပိုကျပ်တည်းနေ
- မောင်တောတိုက်ပွဲတွင် ဘင်္ဂလားဒေ့ရှ်သို့ ထွက်ပြေးသွားသည့် စစ်ကောင်စီတပ်ဖွဲ့ဝင် ၉၀၀ ကျော်ကို ပြန်လွှဲပြောင်းထား
- ကုလစာနာမှုစင်္ကြံ အစီအစဉ်တွင် ပါဝင်ပတ်သက်ခြင်း မရှိဟု တရုတ်ပြော
- ရခိုင်က မိုင်းထိလူနာများ ဆေးကုသရန်နှင့် မိသားစုစားဝတ်နေရေး အကူညီလိုအပ်နေ
အိန္ဒိယတွင် ကိုဗစ်ထိုးဆေးများ အလျှံအပယ် သောင်တင်
အိန္ဒိယနိုင်ငံသည် နိုင်ငံအများသို့ ပစ္စည်းဖြန့်ချိရေးဆိုင်ရာ အခက်အခဲများနှင့်အတူ အဆိုပါနိုင်ငံများတွင် ကာကွယ်ဆေးထိုးနှံမှုနှုန်း လျော့ကျလာမှုတို့ကြောင့် အလျှံအပယ် သောင်တင်နေသည့် ကိုဗစ်ကာကွယ်ဆေးများကို တင်ပို့ရောင်းချနိုင်ရန် ကြိုးစားနေရသည်ဟု ရိုက်တာသတင်းတစ်ရပ်တွင် ဖော်ပြထားသည်။
16 Dec 2021

DMG ၊ ဒီဇင်ဘာ ၁၆
အိန္ဒိယနိုင်ငံသည် နိုင်ငံအများသို့ ပစ္စည်းဖြန့်ချိရေးဆိုင်ရာ အခက်အခဲများနှင့်အတူ အဆိုပါနိုင်ငံများတွင် ကာကွယ်ဆေးထိုးနှံမှုနှုန်း လျော့ကျလာမှုတို့ကြောင့် အလျှံအပယ် သောင်တင်နေသည့် ကိုဗစ်ကာကွယ်ဆေးများကို တင်ပို့ရောင်းချနိုင်ရန် ကြိုးစားနေရသည်ဟု ရိုက်တာသတင်းတစ်ရပ်တွင် ဖော်ပြထားသည်။
အိန္ဒိယမှ ကိုဗစ်ကာကွယ်ဆေး ဖြန့်ချိရေးကုမ္ပဏီ ဆီရမ်အိန္ဒိယအဖွဲ့အစည်း (SII) နှင့် အစိုးရအရာရှိတစ်ဦး၏ အင်္ဂါနေ့က ပြောကြားချက်များကို ကိုးကားပြီး ရိုက်တာသတင်းတွင် ဖော်ပြထားခြင်း ဖြစ်သည်။
ကမ္ဘာ့အကြီးဆုံး ဆေးဝါးထုတ်လုပ်ရေးကုမ္ပဏီဖြစ်သော SII သည် အက်စထရာဇီနီကာ၊ နိုဗာဗက်စ်နှင့် စပွတ်နစ် ကိုဗစ်ကာကွယ်ဆေးများ ထုတ်လုပ်နေသည့် ကုမ္ပဏီဖြစ်သည်။
အိန္ဒိယ၏ လစဉ်ကာကွယ်ဆေး ထုတ်လုပ်နိုင်သည့် ပမာဏသည် ၃၄၅ သန်းရှိသော်လည်း နိုင်ငံ၏ ကာကွယ်ဆေး ဝယ်လိုအားသည် ပြီးခဲ့သည့်လတွင် ၂၅၂ သန်းသာ ရှိခဲ့သည်။
နောက်ထပ် အမှာအသစ်များ မရှိမချင်း အက်စထရာဇီနီကာ ထိုးဆေးထုတ်လုပ်မှုကို ထက်ဝက် ယာယီလျှော့ချထားမည်ဟု ကုမ္ပဏီက ကြေညာထားသည်။
“ကမ္ဘာတစ်ဝန်းမှာ ကိုဗစ်ဆေး အလုံအလောက် ရှိထားပါပြီ။ ဒါပေမဲ့ ဒီဆေးက လက်မောင်းကို ထိုးရတာဖြစ်တဲ့အတွက် အချိန်အနည်းငယ် ယူရပါမယ်” ဟု အိန္ဒိယစက်မှုအဖွဲ့က ကျင်းပသည့် ဗီဒီယိုကွန်ဖင့်၌ SII အကြီးအကဲ အာဒါပူနာဝါလာက ပြောကြားသည်။
အိန္ဒိယနိုင်ငံ၏ ထိပ်တန်း ကျန်းမာရေးအရာရှိတစ်ဦးဖြစ်သူ ဗီနော့ကူးမားပေါလ်ကလည်း လက်ရှိ တစ်ကမ္ဘာလုံးအတိုင်းအတာဖြင့် ကိုဗစ်ဆေး ထုတ်လုပ်မှုသည် ကိုဗစ်ဆေးထိုးနှံရန် ကျန်ရှိနေသည့် လူ ၃.၆ ဘီလျံအတွက် လုံလောက်နေပြီဖြစ်ကြောင်း အဆိုပါအခမ်းအနား၌ပင် ပြောကြားသည်။
အာဖရိကတိုက် ရောဂါထိန်းချုပ်ရေး အဖွဲ့အစည်းက ကိုဗစ်ကာကွယ်ဆေးများသည် လပေါင်းများစွာ နှောင့်နှေးနေခဲ့ပြီးမှ ရုတ်တရက် အများအပြား ဝင်ရောက်လာကြောင့် မိမိတို့နိုင်ငံများသည် ထိုဆေး ပို့ဆောင်ဖြန့်ဖြူးနိုင်ရေးအတွက် ရုန်းကန်နေရကြောင်း ပြီးခဲ့သောလတွင် ပြောကြားထားသည်။