- အမ်းက စစ်ရှောင်နှစ်ထောင်ကျော်မှာ စားဝတ်နေရေးနှင့် ကျန်းမာရေး အကူအညီများ အရေးပေါ်လိုအပ်နေ
- ဘင်္ဂလားဒေ့ရှ် အလုပ်သမားများ ပါဝင်ပတ်သက်နေသည့် အိုင်အက်စ်အစွန်းရောက်အဖွဲ့ ကွန်ရက် မလေးရှား ဖြိုခွင်း
- ထိုင်း-မြန်မာ ပူးပေါင်းဆောင်ရွက်မှု အရှိန်မြှင့်ရန် နှစ်ဘက်သဘောတူ
- မိုးတွင်းကာလ မိုင်းနှင့် စစ်ကျန်လက်နက်များ နေရာရွှေ့တတ်သဖြင့် အသွားအလာ သတိထားရန်လို
- မြောက်ဦးက ကျေးရွာအချို့မှာ ရာသီတုပ်ကွေး အဖြစ်များနေ
တရုတ်ကိုဗစ်ကာကွယ်ဆေးစမ်းသပ်မှု ဘရာဇီးရပ်ဆိုင်း
တရုတ်နိုင်ငံက စမ်းသပ်ထုတ်လုပ်ခဲ့သည့် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး စမ်းသပ်မှုများကို ရပ်ဆိုင်းခဲ့ ကြောင်း ဘရာဇီးကျန်းမာရေးတာဝန်ရှိသူက တနင်္လာနေ့တွင် ပြောကြားခဲ့သည်။ စေတနာ့ဝန်ထမ်း စမ်းသပ်ခံတစ်ဦးတွင် “ဆိုးဝါးသည့်ဖြစ်ရပ်” ကြုံတွေ့ခဲ့ပြီး အဆိုပါကိစ္စရပ်သည် ကာကွယ်ဆေးထုတ်နိုင်ငံများတွင် ရှေ့တန်းရောက်နေသည့် နိုင်ငံတစ်နိုင်ငံဖြစ်သည့် တရုတ်နိုင်ငံအတွက် ထိုးနှက်ချက်တစ်ရပ် ဖြစ်လာခဲ့သည်။
13 Nov 2020

တရုတ်နိုင်ငံက စမ်းသပ်ထုတ်လုပ်ခဲ့သည့် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး စမ်းသပ်မှုများကို ရပ်ဆိုင်းခဲ့ ကြောင်း ဘရာဇီးကျန်းမာရေးတာဝန်ရှိသူက တနင်္လာနေ့တွင် ပြောကြားခဲ့သည်။ စေတနာ့ဝန်ထမ်း စမ်းသပ်ခံတစ်ဦးတွင် “ဆိုးဝါးသည့်ဖြစ်ရပ်” ကြုံတွေ့ခဲ့ပြီး အဆိုပါကိစ္စရပ်သည် ကာကွယ်ဆေးထုတ်နိုင်ငံများတွင် ရှေ့တန်းရောက်နေသည့် နိုင်ငံတစ်နိုင်ငံဖြစ်သည့် တရုတ်နိုင်ငံအတွက် ထိုးနှက်ချက်တစ်ရပ် ဖြစ်လာခဲ့သည်။
စမ်းသပ်ခံတစ်ဦးတွင် ပြင်းထန်စွာခံစားရသည့် ဖြစ်ရပ်တစ်ခု အောက်တိုဘာလ ၂၉ ရက်နေ့တွင် ဖြစ်ပွားခဲ့ပြီး နောက် “ကိုရိုနာဗက်” အမည်ရဆေးဝါးကို ဓာတ်ခွဲစမ်းသပ်မှုရပ်ဆိုင်းရန် ထုတ်ပြန်ခဲ့သည့် ကြေညာချက် တစ်ရပ်တွင် တာဝန်ရှိသူတစ်ဦးဖြစ်သည့် အန်ဗစ်စာက ပြောကြားခဲ့သည်။
ကိုယ်ပိုင်လွတ်လပ်ခွင့် စည်းမျဉ်းများအရ အကြောင်းအရာအသေးစိတ် ထုတ်ဖော်ပြောကြား၍ မရသော်လည်း ထိုဖြစ်ရပ်များတွင် သေဆုံးမှု၊ သေနိုင်လောက်သည့် ဘေးထွက်ဆိုးကျိုးများ ရရှိနိုင်မှု၊ ဆေးရုံတက်ကုသမှု ခံယူရ နိုင်မှု၊ မွေးရာပါချို့ယွင်းချက်များ ရရှိနိုင်မှုနှင့် အခြားသိသာထင်ရှားစွာ ထိခိုက်ခံစားရမည့် အခြေအနေများ ပါဝင်နေသည်ဟု ထုတ်ပြန်ချက်က ဆိုသည်။
တရုတ်ဆေးထုတ်လုပ်ရေးကုမ္ပဏီ ဆီနိုဗက်မှထုတ်လုပ်သည့် “ကိုရိုနာဗက်”ကို စမ်းသပ်ရန် နောက်ဆုတ် လိုက်ခြင်းသည် အမေရိကန် ထိပ်တန်းဆေးဝါးထုတ်လုပ်ရေး ကုမ္ပဏီ ဖိုက်ဇာက ၎င်းတို့ ထုတ်လုပ်သည့်ဆေးဝါး သည် ၉၀ ရာခိုင်နှုန်း ထိရောက်မှုရှိသည်ဟု ကြေညာသည့်ရက်နှင့် တစ်ရက်တည်းဖြစ်သည်။
ဖိုက်ဇာနှင့် ဆီနိုဗက် ဆေးနှစ်မျိုးလုံးသည် စမ်းသပ်မှုတတိယအဆင့်သို့ ရောက်ရှိနေပြီဖြစ်ပြီး ကျန်းမာရေးဌာန ၏ တရားဝင်အတည်ပြုရန်မယူခင် နောက်ဆုံးအဆင့်စမ်းသပ်ရန်သာ ကျန်ရှိတော့သည်။ နှစ်မျိုးလုံးကို နိုင်ငံတွင်း စမ်းသပ်ခဲ့ပြီးဖြစ်သည်။
ကမ္ဘာတစ်ဝန်းတွင် နိုဝင်ဘာလ ၁၂ ရက်နေ့ ညပိုင်းအထိ အတည်ပြုထားသော ကိုဗစ်ကူးစက်မှုစုစုပေါင်း ၅၂ သန်းကျော်ရှိသွားပြီဖြစ်ကြောင်း ဂျွန်ဟော့ကင်းဆေးတက္ကသိုလ်က ထုတ်ပြန်သော အချက်အလက်များအရ သိရသည်။ သေဆုံးသူစုစုပေါင်းမှာ ၁.၂ သန်း ကျော်သွားပြီဖြစ်သည်။