- ကျောက်ဖြူတွင် လှောင်ပိတ်ခံနေရသည့် ရခိုင်ခရီးသည်များ အကျပ်အတည်းများစွာ ရင်ဆိုင်နေရ
- ထိုင်းနှင့် ကမ္ဘောဒီးယားအကြား လက်နက်ရုပ်သိမ်းပြီး နယ်စပ်ဂိတ်များ ပြန်ဖွင့်ရန် သဘောတူ
- AA ထိန်းချုပ်နယ်မြေတွင် ကျွမ်းကျင်ဆရာဝန် နည်းပါး၍ ကျန်းမာရေးကိစ္စ အခက်အခဲဖြစ်နေ
- ကာတာရှိ ဟားမားစ်ခေါင်းဆောင်များကို အစ္စရေးက လေကြောင်းမှ တိုက်ခိုက်
- မြန်မာနိုင်ငံတွင် ဆိုးဝါးသည့် မြေမြှုပ်မိုင်းအန္တရာယ် ကိုင်တွယ်ရန် အဖြေရှာပေးနေသည့် လူသားချင်းစာနာမှုဆိုင်ရာ မိုင်းရှင်းလင်းရေးလုပ်ငန်းစဉ်များ
ကူးစက်မြန် အိန္ဒိယကိုဗစ်မျိုးကွဲ နိုင်ငံပေါင်း ၄၄ နိုင်ငံအထိ ပျံ့နှံ့
အိန္ဒိယနိုင်ငံတွင် အကြီးအကျယ် ပျံ့နှံ့လျက်ရှိသည့် ကိုဗစ်-၁၉ မျိုးစိတ်အား ကမ္ဘာတစ်ဝန်းရှိ နိုင်ငံပေါင်း ၄၄ နိုင်ငံတွင် စစ်ဆေးတွေ့ရှိထားကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) က မေလ ၁၂ ရက်နေ့တွင် ပြောကြားလိုက်သည်။
13 May 2021

DMG ၊ မေ ၁၃
အိန္ဒိယနိုင်ငံတွင် အကြီးအကျယ် ပျံ့နှံ့လျက်ရှိသည့် ကိုဗစ်-၁၉ မျိုးစိတ်အား ကမ္ဘာတစ်ဝန်းရှိ နိုင်ငံပေါင်း ၄၄ နိုင်ငံတွင် စစ်ဆေးတွေ့ရှိထားကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) က မေလ ၁၂ ရက်နေ့တွင် ပြောကြားလိုက်သည်။
ကိုဗစ်မျိုးစိတ်သစ် B.1.617 ကို အိန္ဒိယနိုင်ငံတွင် ၂၀၂၀ အောက်တိုဘာလက တွေ့ရှိခဲ့ခြင်း ဖြစ်သည်။ ယခုအခါ ကမ္ဘာ့နိုင်ငံပေါင်း ၄၄ နိုင်ငံတွင် ထိုမျိုးစိတ် နမူနာပေါင်း ၄၅၀၀ အထိ စစ်ဆေး တွေ့ရှိထားသည်ဟု WHO က ပြောကြားသည်။
အိန္ဒိယပြီးလျှင် ဗြိတိန်သည် အဆိုပါမျိုးစိတ် ကူးစက်မှု အများဆုံး တွေ့ရှိထားသည့်နိုင်ငံ ဖြစ်သည်။
အိန္ဒိယတွင် လက်ရှိအချိန်အထိ နေ့စဉ် ကိုဗစ်ကူးစက်မှုပေါင်း ၃ သိန်းအထက်တွင် ရှိပြီး သေဆုံးသူမှာလည်း နေ့စဉ် ၄ ထောင်ဝန်းကျင်ခန့် ရှိသည်။
WHO သည် B.1.617 အား စိုးရိမ်ရသော မျိုးစိတ်စာရင်းတွင် ယခုသီတင်းပတ် အစောပိုင်းက ထည့်သွင်းခဲ့သည်။
ဤမျိုးစိတ်သည် မူက ကိုရိုနာဗိုင်းရပ်စ် မျိုးရင်းထက် အလွယ်တကူ ကူးစက်နိုင်စွမ်း ရှိပြီး နိုင်ငံအများအပြားတွင် ကူးစက်ပျံ့နှံ့မှု တဟုန်ထိုး မြင့်တက်နေသဖြင့် စိုးရိမ်ရသောမျိုးစိတ် စာရင်းတွင် ထည့်သွင်းထားခြင်းဟု WHO က ရှင်းပြသည်။
ကိုဗစ် မျိုးကွဲအသစ်များသည် ကူးစက်နှုန်း ပိုမြန်ခြင်း၊ အသက်စေဆုံးစေသည်အထိ သို့မဟုတ် အချို့ဆေးများဖြင့် ကုသ၌ မနိုင်တော့သည်အထိ ဖြစ်တတ်ခြင်းတို့ကြောင့် မူလမျိုးစိတ်ထက် အန္တရာယ်ပိုများလေ့ရှိသည်။