- ကျောက်ဖြူတွင် လှောင်ပိတ်ခံနေရသည့် ရခိုင်ခရီးသည်များ အကျပ်အတည်းများစွာ ရင်ဆိုင်နေရ
- ထိုင်းနှင့် ကမ္ဘောဒီးယားအကြား လက်နက်ရုပ်သိမ်းပြီး နယ်စပ်ဂိတ်များ ပြန်ဖွင့်ရန် သဘောတူ
- AA ထိန်းချုပ်နယ်မြေတွင် ကျွမ်းကျင်ဆရာဝန် နည်းပါး၍ ကျန်းမာရေးကိစ္စ အခက်အခဲဖြစ်နေ
- ကာတာရှိ ဟားမားစ်ခေါင်းဆောင်များကို အစ္စရေးက လေကြောင်းမှ တိုက်ခိုက်
- မြန်မာနိုင်ငံတွင် ဆိုးဝါးသည့် မြေမြှုပ်မိုင်းအန္တရာယ် ကိုင်တွယ်ရန် အဖြေရှာပေးနေသည့် လူသားချင်းစာနာမှုဆိုင်ရာ မိုင်းရှင်းလင်းရေးလုပ်ငန်းစဉ်များ
တရုတ်ကိုဗစ်ထိုးဆေး ငါးသိန်း ဗီယက်နမ်သို့ လှူ
တရုတ်နိုင်ငံက လှူဒါန်းသည့် ဆီနိုဖမ်း ကိုဗစ်ကာကွယ်ဆေး ၅ သိန်းသည် သင်္ဘောဖြင့် ရောက်ရှိလာပြီဖြစ်ကြောင်း ဗီယက်နမ် ကျန်းမာရေးဝန်ကြီးဌာနက ဇွန်လ ၂၀ ရက်နေ့တွင် ပြောကြားလိုက်သည်။
21 Jun 2021

DMG ၊ ဇွန် ၂၁
တရုတ်နိုင်ငံက လှူဒါန်းသည့် ဆီနိုဖမ်း ကိုဗစ်ကာကွယ်ဆေး ၅ သိန်းသည် သင်္ဘောဖြင့် ရောက်ရှိလာပြီဖြစ်ကြောင်း ဗီယက်နမ် ကျန်းမာရေးဝန်ကြီးဌာနက ဇွန်လ ၂၀ ရက်နေ့တွင် ပြောကြားလိုက်သည်။
ဗီယက်နမ်တွင် တရုတ်လုပ် ဆီနိုဖမ်း ကိုဗစ်ကာကွယ်ဆေးအား အရေးပေါ်အခြေအနေများ၌ အသုံးပြုနိုင်ကြောင်း ဇွန်လ အစောပိုင်းတွင် အတည်ပြုခဲ့သည်။
တရုတ်ကလှူဒါန်းသည့် ယခုကာကွယ်ဆေးအား ဗီယမ်နမ်တွင် ရောက်ရှိနေသော တရုတ်နိုင်ငံသားများ၊ တရုတ်နိုင်ငံတွင် အလုပ်လုပ်ကိုင်ရန် သို့မဟုတ် ကျောင်းတက်ရန် အစီအစဉ်ရှိသည့် ဗီယက်နမ်နိုင်ငံသားများနှင့် တရုတ်နယ်စပ်တွင် နေထိုင်သူများကို ထိုးနှံပေးသွားမည်ဖြစ်ကြောင်း ဗီယက်နမ်ကျန်းမာရေးဝန်ကြီးဌာန၏ ကြေညာချက်တွင် ထည့်သွင်းဖော်ပြထားသည်။
လူဦးရေ ၉၈ သန်းခန့်ရှိသည့် ဗီယက်နမ်နိုင်ငံတွင် ပြည်တွင်းကာကွယ်ဆေး ထိုးနှံရေးအစီအစဉ်ကို မတ်လတွင် စတင်ခဲ့သည်။ လက်ရှိအချိန်အထိ ကာကွယ်ဆေး လေးသန်းခန့် ထိုးနှံပြီးဖြစ်ကာ အက်စထရာဇီနီကာ ဆေးကို အဓိက မှီခိုနေရခြင်း ဖြစ်သည်။
ဗီယက်နမ်သည် ဇွန်လ ၁၆ ရက်နေ့ကလည်း ဂျပန်အစိုးရလှူဒါန်းသည့် အက်စထရာဇီနီကာ ကိုဗစ်ထိုးဆေး တစ်သန်းခန့် လက်ခံရရှိထားသည်။