- ရခိုင်တွင် အဓမ္မပြုကျင့်ရန်ကြိုးပမ်းမှုတွင် အာမခံဖြင့်လွတ်နေသူကို ပြန်ဖမ်း၊ အာမခံပေးခဲ့သည့် တရားသူကြီး စစ်ဆေးခံရ
- စစ်ကောင်စီပေးသည့် ဂုဏ်ထူးဆောင်ဘွဲ့နှစ်ခုထိ ALP ခေါင်းဆောင် ဒေါ်စောမြရာဇာလင်း ရရှိထား
- အင်ဒိုနီးရှားမှာ ကူးတို့သင်္ဘော တိမ်းမှောက်မှုကြောင့် ၄ ဦးသေပြီး ၃၀ ခန့် ပျောက်ဆုံးနေ
- ICG သတိပေးပြီးနောက် ရခိုင်နယ်စပ်တွင် ARSA တိုက်ပွဲပြန်ဖော်လာ
- မြန်မာနိုင်ငံသားများကို လူသားချင်းစာနာလျက် ဆက်လက်စောင့်ရှောက်ပေးရန် ထိုင်းကို NUG မေတ္တာရပ်ခံ
အမေရိကန်နှင့် ဥရောပသမဂ္ဂအကြား နည်းပညာနယ်ပယ်တွင် ပူးပေါင်းဆောင်ရွက်မှု အဆင့်မြှင့်မည်
အမေရိကန်နှင့် ဥပရောပသမဂ္ဂ အရာရှိများအကြား အဆင့်မြင့်အစည်းအဝေးများကို အစည်းအဝေးကို ယခုသီတင်းပတ်အတွင်း နှစ်ရက်ကြာ ကျင်းပသွားမည်ဖြစ်ကြောင်း အေအက်ဖ်ပီသတင်းတစ်ရပ်တွင် ဖော်ပြထားသည်။
30 Sep 2021

DMG ၊ စက်တင်ဘာ ၃၀
အမေရိကန်နှင့် ဥပရောပသမဂ္ဂ အရာရှိများအကြား အဆင့်မြင့်အစည်းအဝေးများကို အစည်းအဝေးကို ယခုသီတင်းပတ်အတွင်း နှစ်ရက်ကြာ ကျင်းပသွားမည်ဖြစ်ကြောင်း အေအက်ဖ်ပီသတင်းတစ်ရပ်တွင် ဖော်ပြထားသည်။
သမ္မတဒေါ်နယ်ထရမ့်လက်ထက်တွင် ယိုယွင်းခဲ့ရသည့် ဆက်ဆံရေးကို ပြန်လည်ကုစားပြီး နည်းပညာနယ်ပယ်ဆိုင်ရာ ကိစ္စရပ်များတွင် ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်သွားမည်ဟု အဆိုပါသတင်းက ဆိုသည်။
ကုန်သွယ်ရေးနှင့်နည်းပညာ ကောင်စီ (TTC) ၏ ယခုအစည်းအဝေးသည် တစ်ကမ္ဘာလုံးတွင် ဆီမီးကွန်ဒက်တာများ ပြတ်လပ်မှု ပေါ်ပေါက်နေချိန်နှင့် အချိန်ကိုက် ကျင်းပခြင်းလည်း ဖြစ်သည်။
အစည်းအဝေးများ ကျင်းပမည့်နေရာသည် ယခင်က အမေရိကန်တွင် အကြီးဆုံး စတီးထုတ်လုပ်ရေး လုပ်ငန်းခွင် ဖြစ်ခဲ့ပြီး ယခု နည်းပညာနယ်ပယ်အဖြစ် အသွင်ပြောင်းလိုက်သော အဓိက နေရာကြီးလည်း ဖြစ်သည်။
သမ္မတဟောင်းထရမ့်သည် ၂၀၁၈ ခုနှစ် ဇွန်လတွင် အမေရိကန် အမျိုးသားလုံခြုံရေးကို အကြောင်းပြကာ စတီးပို့ကုန်ကို ၂၅ ရာခိုင်နှုန်းနှင့် အလူမီနီယံကို ၁၀ ရာခိုင်နှုန်းအထိ အခွန်တိုးမြှင့် ကောက်ခံခဲ့သည်။ ဤလုပ်ရပ်ကြောင့် ထိုအချိန်တည်းက အတ္တလန်တိတ် အပြန်အလှန်ကုန်သွယ်ရေးသည်လည်း မကြေမလည် ဖြစ်ခဲ့ရသည်။
ပစ်စ်ဘက်တွင် တွေ့ဆုံမှု၌ အဆိုပါ ပြဿနာရပ်ကို အဖြေရှာရန် အစီအစဉ်မရှိကြောင်း ဝါရှင်တန်နှင့် ဘရပ်ဆဲ နှစ်ဘက်လုံးက ရှင်းရှင်းလင်းလင်း ပြောကြားထားသော်လည်း နောက်ကွယ်တွင်မှု ဤဖြစ်ရပ်က တအုံ့နွေးနွေး ရှိနေကြောင်း အေအက်ဖ်ပီသတင်းတွင် ဖော်ပြထားသည်။