- ရခိုင်သို့ ဓာတ်မြေသြဇာ သယ်ယူသူ ၁၁ ဦးကို ဘင်္ဂလားဒေ့ရှ် ဖမ်းဆီး
- ဆက်သွယ်ရေးအခက်အခဲကြောင့် ရမ်းဗြဲကျွန်းက ဒေသခံများ လူမှုစီးပွား ပိုကျပ်တည်းနေ
- မောင်တောတိုက်ပွဲတွင် ဘင်္ဂလားဒေ့ရှ်သို့ ထွက်ပြေးသွားသည့် စစ်ကောင်စီတပ်ဖွဲ့ဝင် ၉၀၀ ကျော်ကို ပြန်လွှဲပြောင်းထား
- ကုလစာနာမှုစင်္ကြံ အစီအစဉ်တွင် ပါဝင်ပတ်သက်ခြင်း မရှိဟု တရုတ်ပြော
- ရခိုင်က မိုင်းထိလူနာများ ဆေးကုသရန်နှင့် မိသားစုစားဝတ်နေရေး အကူညီလိုအပ်နေ
ပြင်သစ်သမ္မတ လာမည့်သီတင်းပတ်တွင် ပူတင်နှင့်တွေ့ပြီး ယူကရိန်းသို့ ဆက်သွားမည်
အနောက်ကမ္ဘာခေါင်းဆောင်များက ယူကရိန်းအရေးနှင့် ပတ်သက်၍ ရုရှားနှင့် ထိပ်တိုက်မတွေ့ရန် ကြိုးစားနေကြချိန်၌ ပြင်သစ်သမ္မတ အီမန်နျူရယ်မက်ခရွန်သည် ယူကရိန်းအရေး ဆွေးနွေးရန်အတွက် ဖေဖော်ဝါရီလ ရ ရက်နေ့တွင် မော်စကိုမြို၌ ရုရှားခေါင်းဆောင် ဗလာဒီမာပူတင်နှင့် တွေ့ဆုံမည်ဖြစ်၍ ဖေဖော်ဝါရီလ ၈ ရက်နေ့တွင် ယူကရိန်းခေါင်းဆောင်နှင့် တွေ့ဆုံမည်ဖြစ်ကြောင်း ရိုက်တာသတင်းတစ်ရပ်တွင် ဖော်ပြထားသည်။
05 Feb 2022

DMG ၊ ဖေဖော်ဝါရီ ၅

သမ္မတမက်ခရွန်သည် ပူတင်နှင့် တွေ့ဆုံပြီး နောက်တစ်ရက်တွင် ကိယက်ဗ်၌ ယူကရိန်းသမ္မတ ဗိုလိုဒီမာ ဇီလန်စကီးနှင့် တွေ့ဆုံမည်ဖြစ်ကြောင်း သမ္မတ၏ရုံးက ပြောကြားခဲ့သည်။
ယူကရိန်းအနီးတွင် ရုရှားတပ်များ အုံလိုက်ကျင်းလိုက် နေရာချထားပြီး အမေရိကန်ကလည်း ပိုလန်နှင့် ရိုမေးနီးယားသို တပ်ဖွဲဝင် ၃၀၀၀ ထပ်မံစေလွှတ်ထားကြောင်း ပြောကြားနေသည့်အချိန်တွင် ပြင်သစ်သမ္မတက ယူကရိန်းနိုင်ငံအပေါ် တင်းမာမှု တိုးလာခြင်းကို လျော့ချပေးနိုင်သည့် ဆွေးနွေးညှိနှိင်းမည့် လမ်းကြောင်းကို အဓိကရှာဖွေသွားမည်ဟု ပြောကြားသည်။
ပြင်သစ်သမ္မတသည် တင်းမာမှုများကို ဖြေလျှော့ရန် ကြိုးပမ်းမှုတစ်စိတ်တစ်ပိုင်းအဖြစ် ဒွန်ဘတ်စ် ဒေသ၏အခြေအနေ တိုးတက်မှုရရှိရန် ကြိုးစားသည့်အနေဖြင့် ရုရှားခေါင်းဆောင်နှင့် ယူကရိန်းခေါင်းဆောင်များထံသို ကြာသပတေးနေ့က သီးခြားစီ ဖုန်းခေါ်ဆိုမှုများ ပြုလုပ်ခဲ့ကြောင်း သမ္မတ၏ ရုံးက ကြာသပတေးနေ့တွင် ထုတ်ပြန်ခဲ့သော ကြေညာချက်တွင် ပြောကြားထားသည်။
ပြင်သစ်သမ္မတ အီမန်နျူရယ်မက်ခရွန်သည် ရုရှားသမ္မတ ဗလာဒီမာပူတင်နှင့် ယူကရိန်းမှ ဗိုလိုဒီမာဇဲလန်စကီးတို့အား မြေပြင်တွင် တင်းမာမှုလျှော့ချရန်နှင့် ဥရောပတိုက်၏ လုံခြုံရေးကို အာမခံနိုင်စေသော မဟာဗျူဟာအရ မျှတမှုရရှိနိုင်မည့် အခြေအနေများ ဆွေးနွေးရန် အရေးကြီးကြောင်းကို အလေးပေးပြောကြားခဲ့ကြောင်းလည်း အဆိုပါထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။