- ကျောက်ဖြူတွင် လှောင်ပိတ်ခံနေရသည့် ရခိုင်ခရီးသည်များ အကျပ်အတည်းများစွာ ရင်ဆိုင်နေရ
- ထိုင်းနှင့် ကမ္ဘောဒီးယားအကြား လက်နက်ရုပ်သိမ်းပြီး နယ်စပ်ဂိတ်များ ပြန်ဖွင့်ရန် သဘောတူ
- AA ထိန်းချုပ်နယ်မြေတွင် ကျွမ်းကျင်ဆရာဝန် နည်းပါး၍ ကျန်းမာရေးကိစ္စ အခက်အခဲဖြစ်နေ
- ကာတာရှိ ဟားမားစ်ခေါင်းဆောင်များကို အစ္စရေးက လေကြောင်းမှ တိုက်ခိုက်
- မြန်မာနိုင်ငံတွင် ဆိုးဝါးသည့် မြေမြှုပ်မိုင်းအန္တရာယ် ကိုင်တွယ်ရန် အဖြေရှာပေးနေသည့် လူသားချင်းစာနာမှုဆိုင်ရာ မိုင်းရှင်းလင်းရေးလုပ်ငန်းစဉ်များ
ပြင်သစ်ပိုင် တိုတယ် ရေနံကုမ္ပဏီ မြန်မာနိုင်ငံတွင် လုပ်ငန်းဆက်လက် လည်ပတ်မည်
ပြင်သစ် ရေနံနှင့်သဘာဝဓာတ်ငွေ့ တူးဖော်ရေးကုမ္ပဏီအုပ်စု တိုတယ် (Total) က မြန်မာနိုင်ငံတွင် ရှိနေသည့် လုပ်ငန်းများအား ရပ်ဆိုင်းမည်မဟုတ်ကြောင်း ပြောကြားလိုက်သည်။
06 Apr 2021
DMG ၊ ဧပြီ ၆
ပြင်သစ် ရေနံနှင့်သဘာဝဓာတ်ငွေ့ တူးဖော်ရေးကုမ္ပဏီအုပ်စု တိုတယ် (Total) က မြန်မာနိုင်ငံတွင် ရှိနေသည့် လုပ်ငန်းများအား ရပ်ဆိုင်းမည်မဟုတ်ကြောင်း ပြောကြားလိုက်သည်။
ပြင်သစ် ဂျာနယ် du Dimanche တွင် ဖော်ပြထားသည့် သတင်းတစ်ပုဒ်၌ တိုတယ်ကုမ္ပဏီ အကြီးအကဲ Patrick Pouyanne က ရတနာ ကမ်းလွန်ဓာတ်ငွေ့တူးဖော်ရေး လုပ်ငန်းအား ဆက်လက်လည်ပတ်ရန် အကြောင်းရင်း များစွာရှိသည်ဟု ဖြေကြားခဲ့သည်။
မိမိတို့၏ လုပ်ငန်းများ လုံခြုံမှုရှိနေသရွေ့ ရတနာ ဓာတ်ငွေ့ထုတ်လုပ်ရေး လုပ်ငန်းအား ဆက်လက်လည်ပတ်နေမည်ဖြစ်ကြောင်း တိုတယ်က ဖြေကြားသည်။
လက်ရှိဖြစ်ပွားနေသည့် အကြမ်းဖက်မှုများအား ကန့်ကွက်သည့်အနေဖြင့် မိမိတို့လုပ်ငန်းကို ရပ်ဆိုင်းလိုက်ပါက ဝန်ထမ်းများ အတင်းအဓမ္မ စေခိုင်းခံရခြင်းမျိုး ရှိလာနိုင်သဖြင့်လည်း ယခုကဲ့သို့ ဆုံးဖြတ်ရခြင်းဟု တိုတယ်အကြီးအကဲက ဖြေကြားသည်။ အဓိက စွမ်းအင်အရင်းအမြစ်အား ဖြတ်တောက်ခြင်းလည်း မိမိတို့ မလုပ်လိုကြောင်း သူက ပြောသည်။
ရတနာ ဓာတ်ငွေ့ထုတ်လုပ်ရေး လုပ်ငန်းခွင်သည် မြန်မာနိုင်ငံ အနောက်တောင်ဘက် မုတ္တမပင်လယ်ကွေ့တွင် တည်ရှိပြီး ထိုင်းနိုင်ငံရှိ စွမ်းအင်စက်ရုံများသို့ ဓာတ်ငွေ့အဓိက တင်ပို့သည်။ မြန်မာနိုင်ငံအတွင်း၌လည်း အစိုးရပိုင် မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်း (MOGE) မှတစ်ဆင့် ဖြန့်ဖြူးသည်။
မြန်မာနိုင်ငံ၌ ဘဏ်စနစ်များ မလည်ပတ်တော့သဖြင့် မြန်မာအစိုးရထံ ပေးစရာရှိနေသည့် လစဉ်ကြေးအခွန်ငွေ အမေရိကန်ဒေါ်လာ ၄ သန်းအား မပေးရသေးကြောင်း တိုတယ်က ပြောသည်။ အစိုးရထံ ပေးအပ်ရန် ရှိနေသည့် အခွန်ငွေနှင့် ညီမျှသည့် တန်ဖိုးပမာဏကို နိုင်ငံတွင်း လူ့အခွင့်အရေးအတွက် ဆောင်ရွက်နေကြသည့် အဖွဲ့အစည်းများအား ပေးလှူမည်ဟု တိုတယ်အကြီးအကဲက ဖြေကြားကြောင်း ရိုက်တာသတင်း တစ်ရပ်တွင် ဖော်ပြထားသည်။