- ရခိုင်တွင် အဓမ္မပြုကျင့်ရန်ကြိုးပမ်းမှုတွင် အာမခံဖြင့်လွတ်နေသူကို ပြန်ဖမ်း၊ အာမခံပေးခဲ့သည့် တရားသူကြီး စစ်ဆေးခံရ
- စစ်ကောင်စီပေးသည့် ဂုဏ်ထူးဆောင်ဘွဲ့နှစ်ခုထိ ALP ခေါင်းဆောင် ဒေါ်စောမြရာဇာလင်း ရရှိထား
- အင်ဒိုနီးရှားမှာ ကူးတို့သင်္ဘော တိမ်းမှောက်မှုကြောင့် ၄ ဦးသေပြီး ၃၀ ခန့် ပျောက်ဆုံးနေ
- ICG သတိပေးပြီးနောက် ရခိုင်နယ်စပ်တွင် ARSA တိုက်ပွဲပြန်ဖော်လာ
- မြန်မာနိုင်ငံသားများကို လူသားချင်းစာနာလျက် ဆက်လက်စောင့်ရှောက်ပေးရန် ထိုင်းကို NUG မေတ္တာရပ်ခံ
ပြင်သစ်တွင် တစ်ရက်တည်း၌ ကိုဗစ်ကူးစက်မှု ၂ သိန်းကျော် စစ်ဆေးတွေ့ရှိ
ပြင်သစ်နိုင်ငံတွင် ဒီဇင်ဘာလ ၂၉ ရက်နေ့အရှေ့ပိုင်း ၂၄ နာရီအတွင်း ကူးစက်မှုအသစ် ၂၀၈၀၀၀ အထိ စံချိန်တင်တွေ့ရှိထားကြောင်း The Guardian သတင်းတစ်ရပ်တွင် ဖော်ပြထားသည်။ ရှေ့တစ်ရက်က တွေ့ရှိထားသည့် စံချိန်တင်ပမာဏ ၁၈၀၀၀၀ နီးပါးအရေအတွက်ထက် ကျော်လွန်သွားခြင်းလည်း ဖြစ်သည်။
30 Dec 2021

DMG ၊ ဒီဇင်ဘာ ၃၀
ပြင်သစ်နိုင်ငံတွင် ဒီဇင်ဘာလ ၂၉ ရက်နေ့အရှေ့ပိုင်း ၂၄ နာရီအတွင်း ကူးစက်မှုအသစ် ၂၀၈၀၀၀ အထိ စံချိန်တင်တွေ့ရှိထားကြောင်း The Guardian သတင်းတစ်ရပ်တွင် ဖော်ပြထားသည်။ ရှေ့တစ်ရက်က တွေ့ရှိထားသည့် စံချိန်တင်ပမာဏ ၁၈၀၀၀၀ နီးပါးအရေအတွက်ထက် ကျော်လွန်သွားခြင်းလည်း ဖြစ်သည်။
ပြင်သစ်နိုင်ငံ၌ ဒီဇင်ဘာလ ၂၈ ရက်နေ့အရှေ့ပိုင်း ၂၄ နာရီအတွင်း ကူးစက်မှုအသစ် ၁၇၉၈၀၇ အထိ စံချိန်တင် တွေ့ရှိခဲ့ရကြောင်း ရိုက်တာသတင်းတစ်ရပ်တွင် ဖော်ပြထားသည်။ ယခင်က စံချိန်တင်ပမာဏမှာ ၈၆၈၅၂ ဦးဖြစ်ပြီး ၂၀၂၀ နိုဝင်ဘာလ ၁၁ ရက်နေ့က တွေ့ရှိထားခြင်း ဖြစ်သည်။
ကမ္ဘာတစ်ဝန်းတွင် ကိုဗစ်ကူးစက်မှုများ စတင်ချိန်တည်းက လက်ရှိအထိ တစ်နေ့တာ ကူးစက်မှု အမြင့်ဆုံးပမာဏ စံချိန်တင်ထားသည့် နိုင်ငံများမှာ အမေရိကန်နှင့် အိန္ဒိယတို့ ဖြစ်ကြပြီး တစ်ရက်တည်းနှင့် အရေအတွက် ၂ သိန်းနှင့်အထက် စစ်ဆေးတွေ့ရှိထားသည်။
အမေရိကန်ပြည်ထောင်စုတွင် တစ်ရက်တည်းကူးစက်မှုအသစ် ၅ သိန်းကျော် တွေ့ရှိထားကြောင်း ဒီဇင်ဘာလ ၂၇ ရက်နေ့၌ ထုတ်ပြန်ချက်အရ သိရသည်။
ကူးစက်မှုများ မတန်တဆ မြင့်တက်နေသော်လည်း ကိုဗစ်-၁၉ ရောဂါဖြင့် ဆေးရုံတက်ရောက် ကုသမှုခံယူသည့် အရေအတွက်မှာ အလွန်အမင်း မြင့်တက်လာခြင်း မရှိကြောင်း ရိုက်တာသတင်းတွင် ဖော်ပြသည်။ ပြီးခဲ့သော အင်္ဂါနေ့မှတ်တမ်းများအရ အရေးပေါ် ကိုဗစ်လူနာ အရေအတွက်သည် ၈၃ ဦးမှ ၃၄၁၆ ဦးအထိ မြင့်တက်ခဲ့ကြောင်း သတင်းတွင် ဖော်ပြသည်။ ယခင်မှတ်တမ်းများအရ အမြင့်ဆုံး စံချိန်တင် ကုသမှုအရေအတွက်မှာ ၇၀၀၀ ကျော် ဖြစ်သည်။
ပြင်သစ်တွင် နိုင်ငံလူဦးရေ၏ ၇၇ ရာခိုင်နှုန်းကို ကိုဗစ်ကာကွယ်ဆေး ထိုးနှံပေးထားပြီးဖြစ်သည်။ လက်ရှိအထိ ကိုဗစ်ကြောင့် သေဆုံးသူစုစုပေါင်း ၁၂၃၀၀၀ ကျော်ရှိသည်။
ဗြိတိန်နိုင်ငံ၌လည်း အင်္ဂါနေ့ထုတ်ပြန်ချက်အရ တစ်နေ့တည်း ကူးစက်မှုအသစ်မှာ ၁၂၉၄၇၁ အထိ စံချိန်တင် တွေ့ရှိထားသည်။ သို့သော်လည်း ဤအရေအတွက်၌ စကော့တလန်နှင့် မြောက်ပိုင်းအိုင်ယာလန်ဒေသတို့ မပါဝင်သေးပေ။