- ကုလစာနာမှုစင်္ကြံ အစီအစဉ်တွင် ပါဝင်ပတ်သက်ခြင်း မရှိဟု တရုတ်ပြော
- ရခိုင်က မိုင်းထိလူနာများ ဆေးကုသရန်နှင့် မိသားစုစားဝတ်နေရေး အကူညီလိုအပ်နေ
- လှောင်အိမ်မြို့တော်မှ ကျောမွဲဘဝများ၏ ပစ္စက္ခ တိုက်ပွဲ
- စစ်ဘေးရှောင်များကို ငွေပေးပြီး စစ်သင်တန်းတက်ရန် ALP စည်းရုံးနေ
- ICC ဒဏ်ခတ်အရေးယူခဲ့သည် Trump အစိုးရအဖွဲ့ကို Fortify Rights တရားစွဲ
ပြင်သစ်နှင့်အမေရိကန် တွေ့ဆုံခဲ့သည့်တိုင် နှစ်နိုင်ငံဆက်ဆံရေး ပြေလည်ရန် အချိန်ယူရမည် ဟုဆို
ပြင်သစ်နှင့် သြစတြေးလျတို့ချုပ်ဆိုမည့် ဘီလီယံများစွာတန်သည့် ရေငုပ်သင်္ဘော စာချုပ်တစ်ခု ပျက်သွားခြင်းအပေါ် ပြင်သစ်၏ ဒေါသကို ဖြေလျှော့နိုင်ရန်နှင့် နှစ်နိုင်ငံဆက်ဆံရေး ပြန်လည်ကောင်းမွန်ရန် အချိန်ယူရမည်ဖြစ်ကြောင်း ကြာသပတေးနေ့တွင် ပြုလုပ်ခဲ့သည့်တွေ့ဆုံပွဲ အပြီး ပြင်သစ်နှင့် အမေရိကန် ထိပ်တန်းသံတမန်နှစ်ဦးလုံးက ပြောကြားလိုက်သည်။
27 Sep 2021
DMG ၊ စက်တင်ဘာ ၂၇
ပြင်သစ်နှင့် သြစတြေးလျတို့ချုပ်ဆိုမည့် ဘီလီယံများစွာတန်သည့် ရေငုပ်သင်္ဘော စာချုပ်တစ်ခု ပျက်သွားခြင်းအပေါ် ပြင်သစ်၏ ဒေါသကို ဖြေလျှော့နိုင်ရန်နှင့် နှစ်နိုင်ငံဆက်ဆံရေး ပြန်လည်ကောင်းမွန်ရန် အချိန်ယူရမည်ဖြစ်ကြောင်း ကြာသပတေးနေ့တွင် ပြုလုပ်ခဲ့သည့်တွေ့ဆုံပွဲ အပြီး ပြင်သစ်နှင့် အမေရိကန် ထိပ်တန်းသံတမန်နှစ်ဦးလုံးက ပြောကြားလိုက်သည်။
စာချုပ်ပျက်ပြယ်ပြီးနောက်ပိုင်း အမေရိကန်နှင့် ဆက်ဆံရေး အေးစက်စက်ရှိနေခဲ့သည့် ပြင်သစ် နိုင်ငံခြားရေး ဝန်ကြီး Jean-Yves Le Drain သည် ကုလသမဂ္ဂအထွေထွေညီလာခံ ကျင်းပနေစဉ် အမေရိကန်နိုင်ငံခြားရေးဝန်ကြီး Antony Blinken နှင့် သီးခြားတွေ့ဆုံပြီး အီရတ်စစ်ပွဲပြီးသည့် နောက်ပိုင်း အဆိုးဆုံးအခြေအနေ ကြုံနေရသောနှစ်နိုင်ငံဆက်ဆံရေး ကိစ္စများကို ဆွေးနွေးခဲ့သည်။
ပြင်သစ်နိုင်ငံခြားရေးဝန်ကြီးက အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန်နှင့် ပြင်သစ်သမ္မတ အီမန်နျူယယ် မက်ခရွန်တို့ ယမန်နေ့တွင် တယ်လီဖုန်းဖြင့်ဆက်သွယ်ခဲ့ခြင်းသည် ယုံကြည်မှုပြန်လည်တည် ဆောက်ခြင်းအစ ဖြစ်သည်ဟု ဘလင်ကင်ကို ပြောခဲ့သည်။
“နှစ်နိုင်ငံ သမ္မတနှစ်ဦး ဖုန်းဖြင့်စကားပြောခြင်းသည် ပထမဆုံးခြေလှမ်းတစ်ခုဟု မှတ်ယူလျှင် ရနိုင်သော်လည်း နှစ်နိုင်ငံအကြား မပြေလည်မှုကို အချိန်ယူဖြေရှင်းရမည် ဖြစ်ကြောင်းနှင့် လိုအပ်သည်များကို ဆက်လုပ်ရမည်ဖြစ်ကြောင်း နိုင်ငံခြားရေး ဝန်ကြီးက သတိပေးခဲ့သည်” ဟု ပြင်သစ်နိုင်ငံခြားရေး ဝန်ကြီးဌာန၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ပြင်သစ်ရေငုပ်သင်္ဘောများ အတွက် ဘီလီယံပေါင်းများစွာတန်သည့် စာချုပ်ကို သြစတြေးလျက လွန်ခဲ့သည့် သီတင်းပတ်က ဖျက်သိမ်းလိုက်ခြင်းသည် ပြင်သစ်အတွက် ဒေါသထွက်စရာ ဖြစ်ခဲ့သည်။
သြစတြေးလျအနေဖြင့် တရုတ်နှင့် တင်းမာမှုမြင့်မားလာချိန်တွင် ပြင်သစ်ထက် အမေရိကန်၏ နျူကလီးယားစွမ်းအင်သုံး ရေငုပ်သင်္ဘောများကို ပိုမိုလိုအပ်သည်ဟု ဆုံးဖြတ်ခဲ့ခြင်း ဖြစ်သည်။
နိုင်ငံခြားရေးဝန်ကြီး Le Drain က ယခုကိစ္စမှာ ပြင်သစ်ကို သြစတြေးလျက နောက်ကျော ဓားနှင့် ထိုးခြင်းဖြစ်ပြီး အမေရိကန်ကိုလည်း သမ္မတဒေါ်နယ်ထရန့်ကဲ့သို့ တကိုယ်ကောင်းဆန်သည့် လုပ်ရပ်မျိုးလုပ်သည်ဟု ဆိုကာ သစ္စာဖောက်အဖြစ် စွပ်စွဲပြောဆိုခဲ့သည်။