- အမ်းက စစ်ရှောင်နှစ်ထောင်ကျော်မှာ စားဝတ်နေရေးနှင့် ကျန်းမာရေး အကူအညီများ အရေးပေါ်လိုအပ်နေ
- ဘင်္ဂလားဒေ့ရှ် အလုပ်သမားများ ပါဝင်ပတ်သက်နေသည့် အိုင်အက်စ်အစွန်းရောက်အဖွဲ့ ကွန်ရက် မလေးရှား ဖြိုခွင်း
- ထိုင်း-မြန်မာ ပူးပေါင်းဆောင်ရွက်မှု အရှိန်မြှင့်ရန် နှစ်ဘက်သဘောတူ
- မိုးတွင်းကာလ မိုင်းနှင့် စစ်ကျန်လက်နက်များ နေရာရွှေ့တတ်သဖြင့် အသွားအလာ သတိထားရန်လို
- မြောက်ဦးက ကျေးရွာအချို့မှာ ရာသီတုပ်ကွေး အဖြစ်များနေ
ဒဏ်ခတ်ပိတ်ဆို့မှုများ ပြည်တွင်းစစ်ဖြစ်အောင် တွန်းပို့နေဟု ရုရှားဆို
မြန်မာအာဏာပိုင်များအား ဒဏ်ခတ်အရေးယူခြင်းသည် အဓိပ္ပာယ်မရှိသည့် လုပ်ရပ်သာဖြစ်ပြီး အလွန်အန္တရာယ်များကြောင်း ရုရှားက အင်္ဂါနေ့တွင် ပြောကြားလိုက်သည်။ ဒဏ်ခတ်အရေးယူမှုများသည် နိုင်ငံတွင်း ပြည်တွင်းစစ်ဖြစ်အောင် တွန်းပို့လျက်ရှိကြောင်းလည်း ရုရှားနိုင်ငံခြားရေးဝန်ကြီးဌာနက ပြောကြားကြောင်း Interfax သတင်းဌာနက ဖော်ပြသည်။
07 Apr 2021

DMG ၊ ဧပြီ ၇
မြန်မာအာဏာပိုင်များအား ဒဏ်ခတ်အရေးယူခြင်းသည် အဓိပ္ပာယ်မရှိသည့် လုပ်ရပ်သာဖြစ်ပြီး အလွန်အန္တရာယ်များကြောင်း ရုရှားက အင်္ဂါနေ့တွင် ပြောကြားလိုက်သည်။ ဒဏ်ခတ်အရေးယူမှုများသည် နိုင်ငံတွင်း ပြည်တွင်းစစ်ဖြစ်အောင် တွန်းပို့လျက်ရှိကြောင်းလည်း ရုရှားနိုင်ငံခြားရေးဝန်ကြီးဌာနက ပြောကြားကြောင်း Interfax သတင်းဌာနက ဖော်ပြသည်။
မြန်မာနိုင်ငံတွင် ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်သည့် အရပ်သားအစိုးရအား ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့၌ မြန်မာစစ်တပ်က ဖြုတ်ချခဲ့သည့် အချိန်မှစတင်ကာ နိုင်ငံတွင်း ဆန္ဒပြမှုများနှင့်အတူ မငြိမ်မသက်မှုများ ဖြစ်ပေါ်လျက်ရှိသည်။
အနောက်နိုင်ငံများသည် ဒီမိုကရေစီအရေး ဆန္ဒဖော်ထုတ်မှုများအား လုံခြုံရေးတပ်ဖွဲ့ဝင်များ၏ အင်အားသုံးဖြိုခွင်းမှုများအပေါ် ပြစ်တင်ဝေဖန်ခဲ့ကြပြီး မြန်မာစစ်တပ်၏ ထိပ်တန်းခေါင်းဆောင်များ၊ စစ်တပ်နှင့် ဆက်နွယ်နေသော စီးပွားရေးလုပ်ငန်းကြီးများအား ဒဏ်ခတ်ပိတ်ဆို့မှုများလည်း ကျယ်ကျယ်ပြန့်ပြန့် ချမှတ်လျက်ရှိသည်။
“လက်ရှိ မြန်မာအာဏာပိုင်တွေအပေါ် ဒဏ်ခတ်အရေးခြင်း အပါအဝင် ခြိမ်းခြောက်ဖိအားပေးတဲ့ နည်းလမ်းဟာ အဓိပ္ပာယ်မရှိတဲ့ လုပ်ရပ်သာဖြစ်ပြီး အရမ်းလည်း အန္တရာယ်များပါတယ်” ဟု ရုရှားနိုင်ငံခြားရေးဝန်ကြီးဌာနက ပြောကြားကြောင်း Interfax သတင်းဌာနက ဖော်ပြသည်။
မြန်မာနိုင်ငံတွင် လုံခြုံရေးတပ်ဖွဲ့ဝင်များ၏ အင်အားသုံးနှိမ်နင်းမှုကြောင့် ဧပြီလ ၆ ရက်နေ့အထိ သေဆုံးသူအရပ်သား ၅၆၄ ဦးထက် မနည်း ရှိနေပြီဖြစ်သည်။
အရပ်သား သေဆုံးမှုမြင့်တက်လာခြင်း အပေါ် စိုးရိမ်ကြောင်း ရုရှားအစိုးရက ပြောကြားသော်လည်း မတ်လ ၂၇ ရက်နေ့က နေပြည်တော်၌ ကျင်းပသည့် တပ်မတော်နေ့ စစ်ရေးပြအခမ်းအနားသို့ ရုရှား လက်ထောက်ကာကွယ်ရေးဝန်ကြီး တက်ရောက်ခဲ့သည်။