- ကင်မ်အဲရစ်နှင့် AA စစ်ဦးစီးချုပ် တွေ့ဆုံမှု တော်လှန်ရေးအရှိန်မြင့်လာနိုင်ကြောင်း လေ့လာသူများ သုံးသပ်
- ရှမ်းမြောက်က အနိုင်ရ စစ်ကောင်စီတပ်ဖွဲ့ဝင်များ AA နှင့် ရင်ဆိုင်တိုက်ပွဲတွင် ထွက်ပြေးနေရ
- အမေရိကန်က ၅၀ ရာခိုင်နှုန်းထိ အခွန်မြှင့်သော်လည်း ရုရှားရေနံကို ဆက်ဝယ်သွားမည်ဟု အိန္ဒိယ ပြော
- AA ထိန်းချုပ်ရာ ရခိုင်-ပဲခူး နယ်စပ်ကို စစ်ကောင်စီ ထိုးစစ်ဆင်နေ
- စစ်တွေနှင့် ကျောက်ဖြူ AA လက်ထဲ မကျရေး စစ်ကောင်စီ ထိုးစစ်ဆင်နေ
ပဋိပက္ခအတွက် အဓိကတာဝန်ရှိသူမှာ အစ္စရေးဖြစ်သည်ဟု ကုလသမဂ္ဂ အစီရင်ခံစာတွင် ဖော်ပြ
ပါလက်စတိုင်းများအပေါ် အစ္စရေး၏ သိမ်းပိုက်မှုနှင့် ခွဲခြားဆက်ဆံမှုသည် အဆုံးမရှိသော အကြမ်းဖက်မှုသံသရာ၏ အဓိကအကြောင်းရင်း ဖြစ်ကြောင်း ကုလသမဂ္ဂ စုံစမ်းစစ်ဆေးရေးမှူးများက အင်္ဂါနေ့တွင် ပြောကြားခဲ့ပြီး အဆိုပါ ပြောကြားချက်ကြောင့် အစ္စရေးတို့ ဒေါသတကြီးဆန္ဒပြမှုများ ဖြစ်ပေါ်စေခဲ့ကြောင်း အေအက်ဖ်ပီသတင်း တစ်ရပ်တွင် ဖော်ပြထားသည်။
10 Jun 2022

DMG ၊ ဇွန် ၁၀
ပါလက်စတိုင်းများအပေါ် အစ္စရေး၏ သိမ်းပိုက်မှုနှင့် ခွဲခြားဆက်ဆံမှုသည် အဆုံးမရှိသော အကြမ်းဖက်မှုသံသရာ၏ အဓိကအကြောင်းရင်း ဖြစ်ကြောင်း ကုလသမဂ္ဂ စုံစမ်းစစ်ဆေးရေးမှူးများက အင်္ဂါနေ့တွင် ပြောကြားခဲ့ပြီး အဆိုပါ ပြောကြားချက်ကြောင့် အစ္စရေးတို့ ဒေါသတကြီးဆန္ဒပြမှုများ ဖြစ်ပေါ်စေခဲ့ကြောင်း အေအက်ဖ်ပီသတင်း တစ်ရပ်တွင် ဖော်ပြထားသည်။
ဆယ်စုနှစ်များစွာကြာ ပဋိပက္ခများကိုဖြစ်ပေါ်စေသည့် “အခြေခံအကြောင်းတရားများအားလုံး”ကို စုံစမ်းစစ်ဆေးရန် ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီက ခန့်အပ်ထားသော အဆင့်မြင့် စုံစမ်းစစ်ဆေးရေးမှူးအဖွဲ့တစ်ဖွဲ့က ဖြစ်ပွားရသည့်အကြောင်းရင်းမှာ အစ္စရေးကြောင့်ဖြစ်သည်ဟု ဝိုင်းဝန်း လက်ညှိုးထိုးပြခဲ့ကြသည်။
“အစ္စရေးက နယ်မြေတွေအား သိမ်းပိုက်ခြင်းကို ရပ်တန့်လိုက်ခြင်းက ဆက်တိုက်ဖြစ်ပေါ်နေသော အကြမ်းဖက်မှု သံသရာကို အဆုံးသတ်ဖို့ မရှိမဖြစ် အရေးကြီးပါတယ်” ဟု အစီရင်ခံစာတွင် စုံစမ်းစစ်ဆေးရေးအဖွဲ့က ပြောကြားထားပြီး အစ္စရေးက ထိုကဲ့သို့လုပ်ဆောင်ရန် “ရည်ရွယ်ချက်မရှိ” ကြောင်း ပြည့်စုံလုံလောက်နေသော သက်သေအထောက်အထားများအား ရှုတ်ချ၍ ပြောဆိုခဲ့သည်။
စာမျက်နှာ ၁၈ မျက်နှာပါ အစီရင်ခံစာသည် ကုလသမဂ္ဂ၏ ရှည်လျားသော ယခင်စုံစမ်းစစ်ဆေးမှုများ၊ အစီရင်ခံစာများနှင့် အခြေအနေအရပ်ရပ်အပေါ် စီရင်ထုံးများနှင့် ယင်းတွေ့ရှိချက်များကို မည်ကဲ့သို့ အကောင်အထည်ဖော်ခဲ့သည်ကို အကဲဖြတ်ရန် အဓိကအာရုံစိုက်ထားသည်။
ယခင်က အစီရင်ခံစာများ၏ အကြံပြုချက်များသည် “အစ္စရေးနိုင်ငံအား အပြည့်အဝ ဦးတည်နေခဲ့ကြောင်း” တောင်အာဖရိကမှ ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ အကြီးအကဲဟောင်း နဗီပိုင်လီက ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ထိုအစီရင်ခံစာသည် "ပဋိပက္ခ၏ အချိုးမညီသော သဘောသဘာဝနှင့် အခြားနိုင်ငံတစ်နိုင်ငံက သိမ်းပိုက်ခြင်းကိုခံနေရသည့် နိုင်ငံတစ်ခု၏ အဖြစ်မှန်ကို ညွှန်ပြနေသည့်အရာဖြစ်သည်" ဟု လူ့အခွင့်အရေးဆိုင်ရာ အကြီးအကဲဟောင်း နာဗီပီလီက ဆိုသည်။
အဆိုပါ အကြံပြုချက်များကို “ အပြည့်အဝအကောင်အထည်ဖော်ခဲ့ခြင်း မရှိ” ဟု စုံစမ်းစစ်ဆေးသူများက သတ်မှတ်ခဲ့ကြသည်ဟု လူ့အခွင့်အရေးဆိုင်ရာ အကြီးအကဲဟောင်း နဗီပီလီကပြောကြားခဲ့ပြီး အစ္စရေး၏ နိုင်ငံတကာဥပဒေချိုးဖောက်မှုများကို တာဝန်ခံမှုရှိစေရန် တောင်းဆိုမှုများသာမက ပါလက်စတိုင်း လက်နက်ကိုင်အဖွဲ့များက အစ္စရေးနိုင်ငံအတွင်းသို့ ရော့ကက်များ ပစ်ခတ်ခြင်းကိုလည်း ဘက်လိုက်မှုမရှိပဲ ထောက်ပြထားသည်ဟု သူမက ပြောကြားသည်။