- အမ်းက စစ်ရှောင်နှစ်ထောင်ကျော်မှာ စားဝတ်နေရေးနှင့် ကျန်းမာရေး အကူအညီများ အရေးပေါ်လိုအပ်နေ
- ဘင်္ဂလားဒေ့ရှ် အလုပ်သမားများ ပါဝင်ပတ်သက်နေသည့် အိုင်အက်စ်အစွန်းရောက်အဖွဲ့ ကွန်ရက် မလေးရှား ဖြိုခွင်း
- ထိုင်း-မြန်မာ ပူးပေါင်းဆောင်ရွက်မှု အရှိန်မြှင့်ရန် နှစ်ဘက်သဘောတူ
- မိုးတွင်းကာလ မိုင်းနှင့် စစ်ကျန်လက်နက်များ နေရာရွှေ့တတ်သဖြင့် အသွားအလာ သတိထားရန်လို
- မြောက်ဦးက ကျေးရွာအချို့မှာ ရာသီတုပ်ကွေး အဖြစ်များနေ
ကိုဗစ်-၁၉ ကာကွယ်ဆေး ကုန်စည်စီးဆင်းမှုကို ဟက်ကာများ ပစ်မှတ်ထားတိုက်ခိုက်မှုများရှိ
ကမ္ဘာတစ်ဝန်းတွင် ကိုဗစ်ကာကွယ်ကုသဆေး ထုတ်လုပ်ဖြန့်ချိရန် စီစဉ်မှုများ ရှိလာသည်နှင့်အမျှ ထုတ်လုပ်သည့် ကုမ္ပဏီများသည် ဟက်ကာများ၏ပစ်မှတ် ဖြစ်လာနေကြောင်း IBM ကုမ္ပဏီက သတိပေးလိုက်သည်။
06 Dec 2020

ကမ္ဘာတစ်ဝန်းတွင် ကိုဗစ်ကာကွယ်ကုသဆေး ထုတ်လုပ်ဖြန့်ချိရန် စီစဉ်မှုများ ရှိလာသည်နှင့်အမျှ ထုတ်လုပ်သည့် ကုမ္ပဏီများသည် ဟက်ကာများ၏ပစ်မှတ် ဖြစ်လာနေကြောင်း IBM ကုမ္ပဏီက သတိပေးလိုက်သည်။
ဟက်ကာများသည် ကုန်သွယ်ရေးလျှို့ဝှက်ချက်များ ရယူလိုခြင်း သို့မဟုတ် ကုန်စည်စီးဆင်းမှုကို ဟန့်တားနှောင့်ယှက်လိုခြင်း တို့ကြောင့် အချက်အလက်များ ခိုးယူကြခြင်းဖြစ်သည်။
ပြီးခဲ့သည့်ကြာသပတေးနေ့က IBM ၏ သတိပေးချက်အရ ဆိုလျှင် ယခုတိုက်ခိုက်မှုများသည် နိုင်ငံတော်အဆင့် လုပ်ဆောင်ချက်များဖြစ်ကာ တိုက်ခိုက်မှု တသီတတန်းကြီး တွေ့မြင်ရသည်ဟု ဆိုသည်။ ဟက်ကာများသည် ဆေးဝါးဖြန့်ချိသည့် ကုမ္ပဏီများကို အဓိကဦးတည် တိုက်ခိုက်နေကြခြင်းဖြစ်သည်။
ဟက်ကာများသည် သုံးစွဲသူများကို ပုံ၊စာ အတုတစ်ခုခုဖြင့် မျှားခေါ်ယူပြီး အချက်အလက်များ ခိုးယူသည့် Phishing နည်းလမ်းကို အသုံးပြုကြခြင်း ဖြစ်သည်။
တိုက်ခိုက်ခံရသည့် အဖွဲ့အစည်းများတွင် ဥရောပကော်မရှင်၏ အကောက်ခွန်နှင့် စားသုံးသူများသမဂ္ဂ အပါအဝင် ဥရောပနှင့် အာရှရှိ ကုန်စည်ဖြန့်ဖြူးရေး ကုမ္ပဏီများ ပါဝင်သည်ဟု IBM က ဆိုသည်။
ဆိုက်ဘာရာဇဝတ်သမားများသည် ကိုဗစ်ဆေး စမ်းသပ်ထုတ်လုပ်နေသည့် Johnson & Johnson ၊ Novavax ၊ AstraZeneca နှင့် တောင်ကိုရီးယား ဓာတ်ခွဲခန်းများကိုလည်း တိုက်ခိုက်မှုများ ပြုလုပ်ခဲ့ကြောင်း Wall Street Journal ၏ ဖော်ပြချက်တစ်ရပ်အရ သိရသည်။
စပိန်ရှိ ဓာတ်ခွဲခန်းများကိုလည်း တရုတ်ဟက်ကာများ တောက်လျှောက် တိုက်ခိုက်ခဲ့ကြကြောင်း El Pais သတင်းစာကလည်း ပြီးခဲ့သောစက်တင်ဘာလတွင် ဖော်ပြခဲ့သည်။
မည်သူတို့တိုက်ခိုက်သည်ကို တရားဝင်ထုတ်ပြန်ခြင်း မရှိသော်လည်း ဆိုက်ဘာတိုက်ခိုက်မှုများသည် များသောအားဖြင့် ရုရှား၊ တရုတ်နှင့် မြောက်ကိုရီးယားနိုင်ငံများမှ ဖြစ်နေလေ့ရှိသည်။