- ကင်မ်အဲရစ်နှင့် AA စစ်ဦးစီးချုပ် တွေ့ဆုံမှု တော်လှန်ရေးအရှိန်မြင့်လာနိုင်ကြောင်း လေ့လာသူများ သုံးသပ်
- ရှမ်းမြောက်က အနိုင်ရ စစ်ကောင်စီတပ်ဖွဲ့ဝင်များ AA နှင့် ရင်ဆိုင်တိုက်ပွဲတွင် ထွက်ပြေးနေရ
- အမေရိကန်က ၅၀ ရာခိုင်နှုန်းထိ အခွန်မြှင့်သော်လည်း ရုရှားရေနံကို ဆက်ဝယ်သွားမည်ဟု အိန္ဒိယ ပြော
- AA ထိန်းချုပ်ရာ ရခိုင်-ပဲခူး နယ်စပ်ကို စစ်ကောင်စီ ထိုးစစ်ဆင်နေ
- စစ်တွေနှင့် ကျောက်ဖြူ AA လက်ထဲ မကျရေး စစ်ကောင်စီ ထိုးစစ်ဆင်နေ
အိန္ဒိယအပူဒဏ် ဆင်းရဲသားအလုပ်သမားများ ပိုခံစားနေရ
အိန္ဒိယနိုင်ငံတစ်ဝန်းတွင် မကြုံစဖူး ပြင်းထန်သော အပူလှိုင်းကို ကြုံတွေ့နေရချိန်၌ နိုင်ငံတွင်း လူများစုဖြစ်သည့် ဆင်းရဲသားအလုပ်သမားများသည် အပူဒဏ်ကို ပိုမိုဆိုးရွားစွာ ခံစားနေရကြောင်း ရိုက်တာသတင်းတစ်ရပ်တွင် ဖော်ပြထားသည်။
17 May 2022

DMG ၊ မေ ၁၇
အိန္ဒိယနိုင်ငံတစ်ဝန်းတွင် မကြုံစဖူး ပြင်းထန်သော အပူလှိုင်းကို ကြုံတွေ့နေရချိန်၌ နိုင်ငံတွင်း လူများစုဖြစ်သည့် ဆင်းရဲသားအလုပ်သမားများသည် အပူဒဏ်ကို ပိုမိုဆိုးရွားစွာ ခံစားနေရကြောင်း ရိုက်တာသတင်းတစ်ရပ်တွင် ဖော်ပြထားသည်။
“အပူကတော့ တအားပြင်းတာပေါ့။ ဒါပေမဲ့ ကျွန်တော်တို့ အလုပ်မလုပ်ရင် ဘာနဲ့စားမလဲ” ဟု ဆောက်လုပ်ရေးအလုပ်သမား တစ်ဦးဖြစ်သူ ယော်ဂန်ဒရာတန်ဒရေက ဆိုသည်။
“အပူတအားပြင်းပြီး တအားပင်ပန်းတော့ ကျွန်တော်တို့ ရက်နည်းနည်းလုပ်လိုက်၊ ရက်နည်းနည်း နားလိုက် လုပ်နေရတယ်” ဟု သူက ဆိုသည်။
တန်ဒရေနှင့် သူ၏ဇနီး လာတာတို့သည် နယူးဒေလီမြို့စွန်ရှိ ဆောက်လုပ်ရေး လုပ်ငန်းခွင်တစ်ခုတွင် ဝင်ရောက်လုပ်ကိုင်နေခြင်း ဖြစ်သည်။
နယူးဒေလီ၌ လက်ရှိအပူရှိန်သည် ၄၅ ဒီဂရီဆဲစီးယပ်အထိ မြင့်တက်လျက်ရှိသည်။ တနင်္လာနေ့၌ နယူးဒေလီရှိ နေရာအနှံ့အပြားတွင် အပူချိန်သည် ၄၉ ဒီဂရီဆဲစီးယပ်အထိ မြင့်တက်ခဲ့ကြောင်း အိန္ဒိယမိုးလေဝသဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။
“သေဆုံးသူအများစုက အသက် ၃၀ နဲ့ ၄၅ ကြားတွေဖြစ်ပြီး အပူဒဏ်ကို ဂရုမစိုက်အားတဲ့ အလုပ်သမား လူတန်းစားတွေ ဖြစ်ပါတယ်” ဟု အိန္ဒိယ သိပ္ပံနှင့်ပတ်ဝန်းကျင်စင်တာ၏ ကျေးလက်သုတေသန ပညာရှင်တစ်ဦး ဖြစ်သူ အာဗီကာဆွန်ဗန်ရှီက ပြောသည်။
မတ်လနှောင်းပိုင်းမှစတင်၍ အပူဒဏ်ကြောင့် သေဆုံးသူအရေအတွက်သည် နှစ်ဒါဇင်ကျော်ရှိနေပြီဖြစ်ပြီး လျှပ်စစ်ဓာတ်အား ပြတ်လပ်မှုများလည်း ကြုံတွေ့နေရသည်။
ပြီးခဲ့သော မတ်လအတွင်း အိန္ဒိယနိုင်ငံ၏ အပူချိန်သည် နှစ်ပေါင်း ၁၀၀ ကျော်အတွင်း အမြင့်ဆုံးသို့ ရောက်ရှိခဲ့ပြီး ဧပြီလအတွင်း၌လည်း နိုင်ငံတစ်ဝန်းရှိ နေရာအနှံ့အပြားတွင် စံချိန်တင် အပူချိန်မြင့်မားသည့်ဒဏ်ကို ရင်ဆိုင်ခဲ့ရသည်။