- မိုးတွင်းကာလ မိုင်းနှင့် စစ်ကျန်လက်နက်များ နေရာရွှေ့တတ်သဖြင့် အသွားအလာ သတိထားရန်လို
- မြောက်ဦးက ကျေးရွာအချို့မှာ ရာသီတုပ်ကွေး အဖြစ်များနေ
- "ရခိုင်ပြည်တည်ဆောက်ရေးမှာ အမျိုးသမီးတွေရဲ့ ဦးဆောင်မှုကဏ္ဍကို မြင့်တင်ဖို့လိုအပ်" Vox Pop
- ရခိုင်တွင် အဓမ္မပြုကျင့်ရန်ကြိုးပမ်းမှုတွင် အာမခံဖြင့်လွတ်နေသူကို ပြန်ဖမ်း၊ အာမခံပေးခဲ့သည့် တရားသူကြီး စစ်ဆေးခံရ
- စစ်ကောင်စီပေးသည့် ဂုဏ်ထူးဆောင်ဘွဲ့နှစ်ခုထိ ALP ခေါင်းဆောင် ဒေါ်စောမြရာဇာလင်း ရရှိထား
ဟေတီတွင် ငလျင်အကြီးအကျယ် လှုပ်ခတ်မှုကြောင့် ၃၀၄ ဦးထက်မနည်း သေဆုံး
ဟေတီနိုင်ငံတွင် သြဂုတ်လ ၁၄ ရက်နေ့ ညပိုင်းက လှုပ်ခတ်ခဲ့သည့် ငလျင်ကြောင့် လက်ရှိအချိန်အထိ သေဆုံးသူ အနည်းဆုံး ၃၀၄ ဦးရှိပြီး ဒဏ်ရာရသူ ၁၈၀၀ ကျော်အထိ ရှိထားကြောင်း အေပီသတင်းတစ်ရပ်တွင် ဖော်ပြထားသည်။
15 Aug 2021

ဟေတီနိုင်ငံတွင် သြဂုတ်လ ၁၄ ရက်နေ့ ညပိုင်းက လှုပ်ခတ်ခဲ့သည့် ငလျင်ကြောင့် လက်ရှိအချိန်အထိ သေဆုံးသူ အနည်းဆုံး ၃၀၄ ဦးရှိပြီး ဒဏ်ရာရသူ ၁၈၀၀ ကျော်အထိ ရှိထားကြောင်း အေပီသတင်းတစ်ရပ်တွင် ဖော်ပြထားသည်။
ပြင်းအား ၇.၂ မဂ္ဂနီကျူ့ရှိသည့် အဆိုပါငလျင်သည် ဟေတီနိုင်ငံ၏မြို့တော် Port-au-Prince အနောက်ဘက် ၁၂၅ ကီလိုမီတာကို ဗဟိုပြုကာ လှုပ်ခတ်ခဲ့ခြင်း ဖြစ်ကြောင်း အမေရိကန် ဘူမိဗေဒစစ်တမ်းတွင် ဖော်ပြသည်။
ငလျင်ကြောင့် ပြည်သူအများအပြားသည် နေအိမ်ပြိုကျမည်ကို စိုးရိမ်ပြီး လမ်းမများပေါ် ထွက်ခဲ့ကြရသလို လက်ရှိ၌လည်း အပျက်အစီးများအကြား ပိတ်မိနေသူများကို ကူညီ ကယ်ဆယ်နေကြဆဲ ဖြစ်သည်။
အချို့ပြည်သူများမှာလည်း ငလျင်လှုပ်ခတ်ခဲ့သည့် ဒဏ်ကြောင့် အဆောက်အအုံများ ထပ်မံပြိုကျဦးမည်ကို စိုးရိမ်ပြီး နေအိမ်များအတွင်းသို့ ပြန်မဝင်ရဲ ဖြစ်နေကြသည်ဟု အေပီသတင်းတွင် ဖော်ပြထားသည်။
စနေနေ့ညနေ ၈ နာရီ ၂၉ မိနစ်တွင် လှုပ်ခတ်ခဲ့သည့် အဆိုပါငလျင်ကြီးအပြီး နောက်ဆက်တွဲ လှုပ်ခတ်မှုများလည်း ရှိခဲ့ပြီး ၅.၀ မဂ္ဂနီကျူ့အထက် ပြင်းအားရှိသည့် ငလျင်ငယ်ပေါင်း ၆ ကြိမ်၊ ၄.၀ အထက်ငလျင်ငယ် ၉ ကြိမ်အထိ လှုပ်ခတ်ခဲ့သည်ဟု အေပီသတင်းက ဆိုသည်။
ယခုအချိန်အထိ လက်လှမ်းမီသလောက် မှတ်တမ်းတင်မှုများအရ ပျက်စီးသွားသော အိမ်ခြေပေါင်း ၈၆၀ ခန့်ရှိပြီး ဆေးရုံ၊ ကျန်း၊ ရုံးဌာနနှင့် ဘုရားကျောင်းများ ပျက်စီးယိုယွင်းမှု အပါအဝင် အခြားအပျက်အစီးပေါင်း ၇၀၀ ခန့် ရှိနိုင်ကြောင်း ဟေတီ အရပ်ဘက်ကာကွယ်စောင့်ရှောက်ရေးရုံး ဒါရိုက်တာ ဂျယ်ရီချန်ဒလာက ပြောသည်။
ဟေတီတွင် တနင်္လာနှောင်းပိုင်းနှင့် အင်္ဂါအစောပိုင်း အချိန်များအတွင်း မုန်တိုင်းတစ်ခု ဝင်ရောက်ရန် ရှိနေသဖြင့် စုစုပေါင်း အပျက်အစီးသည် ပိုမိုဆိုးရွားလာဖွယ် ရှိနေကြောင်း အေပီသတင်းက ဆိုသည်။
ဟေတီတွင် ၂၀၁၀ က ဖြစ်ပွားခဲ့သည့် ပြင်းထန်ငလျင်ကြောင့် သေဆုံးသူ ၃ သိန်းဝန်းကျင်အထိ ရှိခဲ့သည်။