- ကင်မ်အဲရစ်နှင့် AA စစ်ဦးစီးချုပ် တွေ့ဆုံမှု တော်လှန်ရေးအရှိန်မြင့်လာနိုင်ကြောင်း လေ့လာသူများ သုံးသပ်
- ရှမ်းမြောက်က အနိုင်ရ စစ်ကောင်စီတပ်ဖွဲ့ဝင်များ AA နှင့် ရင်ဆိုင်တိုက်ပွဲတွင် ထွက်ပြေးနေရ
- အမေရိကန်က ၅၀ ရာခိုင်နှုန်းထိ အခွန်မြှင့်သော်လည်း ရုရှားရေနံကို ဆက်ဝယ်သွားမည်ဟု အိန္ဒိယ ပြော
- AA ထိန်းချုပ်ရာ ရခိုင်-ပဲခူး နယ်စပ်ကို စစ်ကောင်စီ ထိုးစစ်ဆင်နေ
- စစ်တွေနှင့် ကျောက်ဖြူ AA လက်ထဲ မကျရေး စစ်ကောင်စီ ထိုးစစ်ဆင်နေ
ကုလလုံခြုံရေးကောင်စီအတွက် အဖွဲ့ဝင်သစ်ငါးနိုင်ငံ ရွေးချယ်
လုံခြုံရေးကောင်စီအတွက် အဖွဲ့ဝင်နိုင်ငံများအဖြစ် ဂျပန်၊ အီကွေဒေါ၊ မော်လ်တာ၊ မိုဇမ်ဘစ်နှင့် ဆွစ်ဇာလန်နိုင်ငံတို့အား ကုလသမဂ္ဂအထွေထွေညီလာခံက ဇွန်လ ၉ ရက်နေ့တွင် ရွေးချယ်လိုက်ကြောင်း ရိုက်တာသတင်းတစ်ရပ်တွင် ဖော်ပြထားသည်။
10 Jun 2022

DMG ၊ ဇွန် ၁၀
လုံခြုံရေးကောင်စီအတွက် အဖွဲ့ဝင်နိုင်ငံများအဖြစ် ဂျပန်၊ အီကွေဒေါ၊ မော်လ်တာ၊ မိုဇမ်ဘစ်နှင့် ဆွစ်ဇာလန်နိုင်ငံတို့အား ကုလသမဂ္ဂအထွေထွေညီလာခံက ဇွန်လ ၉ ရက်နေ့တွင် ရွေးချယ်လိုက်ကြောင်း ရိုက်တာသတင်းတစ်ရပ်တွင် ဖော်ပြထားသည်။
အဆိုပါနိုင်ငံများသည် လက်ရှိအဖွဲ့ဝင် အိန္ဒိယ၊ အိုင်ယာလန်၊ ကင်ညာ၊ မက္ကစီကိုနှင့် နော်ဝေနိုင်ငံတို့နေရာအတွင် အစားထိုးဝင်ရောက်မည်ဖြစ်ကာ ၂၀၂၃ ခုနှစ် ဇန်နဝါရီလ ၁ ရက်နေ့မှစတင်၍ အဖွဲ့ဝင်သက်တမ်း ၂ နှစ်ကြာ ရှိနေမည်ဖြစ်သည်။
ကုလသမဂ္ဂလုံခြုံရေးကောင်စီသည် ဒဏ်ခတ်အရေးယူမှုများနှင့် စစ်အင်အား အသုံးပြုမှုတို့ကဲ့သို့ ဆုံးဖြတ်ချက်များကို ဆုံးဖြတ်ပိုင်ခွင့်ရှိသည့် တစ်ခုတည်းသော ကုလအဖွဲ့အစည်းတစ်ခု ဖြစ်သည်။
ကောင်စီတွင် စုစုပေါင်းအဖွဲ့ဝင် ၁၅ နိုင်ငံရှိသည်။ အဆိုပါနိုင်ငံများအနက် အမေရိကန်၊ ဗြိတိန်၊ ပြင်သစ်၊ တရုတ်နှင့် ရုရှားတို့သည် အမြဲတမ်းအဖွဲ့ဝင်များဖြစ်ကာ ဗီတိုအာဏာ သုံးပိုင်ခွင့်ရှိသည်။ ကျန်နေရာများအတွက်ကို အခြားသော နိုင်ငံများအား အလှည့်ကျ ရွေးချယ်လေ့ရှိသည်။
လုံခြုံရေးကောင်စီ၌ အဖွဲ့ဝင်တာဝန် လုံးဝမထမ်းဆောင်ဖူးသေးသော ကမ္ဘာ့နိုင်ငံ ၅၀ ကျော်ရှိသည်။
လက်ရှိ အလှည့်ကျအဖွဲဝင် ၁၀ နိုင်ငံမှာ အိန္ဒိယ၊ ယူအေအီး၊ အိုင်ယာလန်၊ ကင်ညာ၊ မက္ကစီကို၊ နော်ဝေ၊ ဘရာဇီး၊ အယ်လ်ဘေးနီးယား၊ ဂါနာနှင့် ဂါဘွန်းတို့ ဖြစ်သည်။