- ကင်မ်အဲရစ်နှင့် AA စစ်ဦးစီးချုပ် တွေ့ဆုံမှု တော်လှန်ရေးအရှိန်မြင့်လာနိုင်ကြောင်း လေ့လာသူများ သုံးသပ်
- ရှမ်းမြောက်က အနိုင်ရ စစ်ကောင်စီတပ်ဖွဲ့ဝင်များ AA နှင့် ရင်ဆိုင်တိုက်ပွဲတွင် ထွက်ပြေးနေရ
- အမေရိကန်က ၅၀ ရာခိုင်နှုန်းထိ အခွန်မြှင့်သော်လည်း ရုရှားရေနံကို ဆက်ဝယ်သွားမည်ဟု အိန္ဒိယ ပြော
- AA ထိန်းချုပ်ရာ ရခိုင်-ပဲခူး နယ်စပ်ကို စစ်ကောင်စီ ထိုးစစ်ဆင်နေ
- စစ်တွေနှင့် ကျောက်ဖြူ AA လက်ထဲ မကျရေး စစ်ကောင်စီ ထိုးစစ်ဆင်နေ
အိန္ဒိယနှင့် ဘင်္ဂလားဒေ့ရှ်မှာ ရေကြီးပြီး ၁၈ ဦးသေ၊ သန်းပေါင်းများစွာ အိုးအိမ်မဲ့ဖြစ်
အိန္ဒိယနိုင်ငံ အရှေ့မြောက်ပိုင်းနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံတို့တွင် ရေလွှမ်းမိုးမှုဖြစ်ပွားသည့်အတွက် အနည်းဆုံး လူ ၁၈ ဦး သေဆုံးပြီး သန်းနှင့်ချီသောပြည်သူများ၏ နေအိမ်များ ရေလွှမ်းမိုးခံခဲ့ရကြောင်း အာဏာပိုင်များက ဇွန်လ ၁၈ ရက်နေ့တွင် ပြောကြားသည်။
18 Jun 2022

DMG ၊ ဇွန် ၁၈
အိန္ဒိယနိုင်ငံ အရှေ့မြောက်ပိုင်းနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံတို့တွင် ရေလွှမ်းမိုးမှုဖြစ်ပွားသည့်အတွက် အနည်းဆုံး လူ ၁၈ ဦး သေဆုံးပြီး သန်းနှင့်ချီသောပြည်သူများ၏ နေအိမ်များ ရေလွှမ်းမိုးခံခဲ့ရကြောင်း အာဏာပိုင်များက ဇွန်လ ၁၈ ရက်နေ့တွင် ပြောကြားသည်။
အိန္ဒိယနိုင်ငံ အာသံပြည်နယ်တွင် ရေကြီးမှုကြောင့် သေဆုံးသူ ၉ ဦးရှိပြီး နေအိမ်များ ရေလွှမ်းမိုးခံခဲ့ရသူ ၂ သန်းခန့်ရှိကြောင်း အိန္ဒိယ သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲရေးအေဂျင်စီ၏ ပြောကြားချက်အရ သိရသည်။
ဘင်္ဂလားဒေ့ရှ်တွင် သောကြာနေ့က မိုးကြိုးပစ်ခံရမှုကြောင့် သေဆုံးသူ ၉ ဦးရှိခဲ့သည်။
ယခုရက်ပိုင်းအတွင်း မိုးရွာသွန်းမှု ပိုများလာနိုင်ပြီး ရေလွှမ်းမိုးမှု ပိုမိုပြင်းထန်လာနိုင်သဖြင့် နှစ်နိုင်ငံလုံးက ၎င်းတို့၏ စစ်တပ်များကို အရေးပေါ် အကူအညီပေးရေးအတွက် အကူအညီတောင်းခံထားကြကြောင်း အေပီသတင်းတွင် ဖော်ပြထားသည်။
အာရှ၏ အကြီးဆုံးမြစ်များအနက် တစ်ခုဖြစ်သည့် ဗြဟ္မပုတ္တရမြစ်ရေ လျှံပြီး ရေထိန်းနံရံများ ကျိုးပေါက်ခဲ့သည့်အတွက် အာသံပြည်နယ်ရှိ ခရိုင် ၃၃ ခုအနက် ၂၈ ခုတွင် ကျေးရွာ ၃ ထောင်နှင့် စိုက်ပျိုးမြေများ ရေလွှမ်းမိုးခံခဲ့ရသည်။
ပြီးခဲ့သော ငါးရက်အတွင်း မိုးသည်းထန်မှုများကြောင့် အိန္ဒိယရှိ ရထားပြေးဆွဲမှု အများအပြားကို ရပ်ဆိုင်းထားရသည်။
ဘင်္ဂလားဒေ့ရှ်တွင်လည်း အိန္ဒိယနယ်စပ်အနီးရှိ ဒေသများသည် ရေလွှမ်းမိုးမှုဒဏ်ကို အဆိုးဆုံး ခံစားရသော နေရာများဖြစ်သည်။
နိုင်ငံတစ်ဝန်းရှိ အဓိကမြစ်ကြီးများ အားလုံးတွင် မြစ်ရေမြင့်တက်လျက်ရှိကြောင်း ဒါကားရှိ ဗဟိုမိုးလေဝသခန့်မှန်းရေးဌာန၏ ပြောကြားချက်အရ သိရသည်။
ဆီဟက်ရှိ အိုစမာနီ အပြည်ပြည်ဆိုင်ရာ လေဆိပ်တွင် လေယာဉ်ပြေးလမ်းအနီးအထိ ရေလွှမ်းမိုးမှုများ ရှိနေသည်မှာ ၃ ရက်အထိ ကြာမြင့်လာပြီဖြစ်သဖြင့် လေကြောင်းခရီးစဉ်များကို ရပ်ဆိုင်းထားရကြောင်း အေပီသတင်းတွင် ဖော်ပြထားသည်။
လူဦးရေ သန်း ၁၆၀ ရှိသည့် ဘင်္ဂလားဒေ့ရှ်နိုင်ငံသည် ဥတုရာသီပြောင်းလဲမှုကြောင့် ပေါ်ပေါက်လာသည့် သဘာဝဘေးအန္တရာယ်များကို အနီးကပ် ရင်ဆိုင်နေရသည်။ ကမ္ဘာကြီးပူနွေးမှုသာ ယခုအတိုင်း ဆက်ရှိနေမည်ဆိုပါက ဘင်္ဂလားဒေ့ရှ်ပြည်သူ ၁၇ ရာခိုင်နှုန်းခန့်သည့် လာမည့်ဆယ်စုနှစ်အတွင်း နေရပ်စွန့်ခွာ ရွှေ့ပြောင်းရခြေရှိနေကြောင်း ကုလသမဂ္ဂ၏ ဥတုရာသီပြောင်းလဲမှုဆိုင်ရာ နိုင်ငံစုံအဖွဲ့ကြီးက သတိပေးထားသည်။