- ကင်မ်အဲရစ်နှင့် AA စစ်ဦးစီးချုပ် တွေ့ဆုံမှု တော်လှန်ရေးအရှိန်မြင့်လာနိုင်ကြောင်း လေ့လာသူများ သုံးသပ်
- ရှမ်းမြောက်က အနိုင်ရ စစ်ကောင်စီတပ်ဖွဲ့ဝင်များ AA နှင့် ရင်ဆိုင်တိုက်ပွဲတွင် ထွက်ပြေးနေရ
- အမေရိကန်က ၅၀ ရာခိုင်နှုန်းထိ အခွန်မြှင့်သော်လည်း ရုရှားရေနံကို ဆက်ဝယ်သွားမည်ဟု အိန္ဒိယ ပြော
- AA ထိန်းချုပ်ရာ ရခိုင်-ပဲခူး နယ်စပ်ကို စစ်ကောင်စီ ထိုးစစ်ဆင်နေ
- စစ်တွေနှင့် ကျောက်ဖြူ AA လက်ထဲ မကျရေး စစ်ကောင်စီ ထိုးစစ်ဆင်နေ
ယူကရိန်းအရေးတွင် အိန္ဒိယ၏ ရုရှားအပေါ် သဘောထားသည် ‘ခပ်လှုပ်လှုပ်’ ဟု သမ္မတဘိုင်ဒန် ပြော
ရုရှား၏ ယူကရိန်းကျူးကျော်စစ်ကို ဆန့်ကျင်ရာ၌ Quad လေးနိုင်ငံအနက် အိန္ဒိယတစ်နိုင်ငံသာ ‘ခပ်လှုပ်လှုပ်’ ရှိနေကြောင်း အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန်က ပြောကြားလိုက်သည်။
24 Mar 2022

DMG | မတ် ၂၄
ရုရှား၏ ယူကရိန်းကျူးကျော်စစ်ကို ဆန့်ကျင်ရာ၌ Quad လေးနိုင်ငံအနက် အိန္ဒိယတစ်နိုင်ငံသာ ‘ခပ်လှုပ်လှုပ်’ ရှိနေကြောင်း အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန်က ပြောကြားလိုက်သည်။
“သူ့ရဲ့ ရန်လိုမှုကို တုံ့ပြန်တဲ့အနေနဲ့ နေတို့နဲ့ ပစိဖိတ်ဒေသတွေကတစ်ဆင့် ကျွန်တော်တို့တစ်တွေ ညီညွတ်တဲ့ရှေ့တန်းမျက်နှာစာ ရှိထားပါတယ်” ဟု တနင်္လာနေ့ကျင်းပသည့် စီးပွားရေးဖိုရမ်တစ်ခု၌ သမ္မတဘိုင်ဒန်က ရုရှားသမ္မတပူတင်ကို ရည်ညွှန်းပြီး ပြောကြားသည်။
“Quad အဖွဲ့မှာတော့ ဒီကိစ္စရပ်အချို့နဲ့ ပတ်သက်လို့ ခပ်လှုပ်လှုပ်ရှိနေတဲ့ အိန္ဒိယကလွဲရင် ဂျပန်က အင်တိုက်အားတိုက် ပြတ်ပြတ်သားသား ရှိနေပြီး သြစတြေးလျကလည်း ပူတင်ရဲ့ ရန်လိုမှုကို ကိုင်တွယ်ရာမှာ ထိုနည်းအတိုင်း ပြတ်သားပါတယ်” ဟုလည်း သမ္မတဘိုင်ဒန်က ပြောကြားသည်။
အိန္ဒိယနိုင်ငံခြားရေး ဝန်ကြီးဌာနကမူ သြစတြေးလျနှင့် ဗီဒီယိုကွန်ဖရင့်မှတစ်ဆင့် တွေ့ဆုံအပြီး “သြစတြေးလျသည် ယူကရိန်းအရေးတွင် အိန္ဒိယ၏ အခြေအနေကို သဘောပေါက်သလို မိမိတို့၏ အနေအထား၊ ကိုယ်ပိုင်ဆုံးဖြတ်ချက်ကို ထင်ဟပ်ပါသည်” ဟုလည်း ထုတ်ပြန်ခဲ့သည်။
Quad အဖွဲ့ဝင်လေးနိုင်ငံအနက် အမေရိကန်၊ ဂျပန်၊ သြစတြေးလျတို့သည် ရုရှားအစိုးရနှင့် တစ်ဦးချင်းအပေါ် ဒဏ်ခတ်ပိတ်ဆို့မှုများ ချမှတ်ထားသော်သည်။ အနောက်နိုင်ငံများနှင့် ရုရှားအကြား ဟန်ချက်ညီအောင် ထိန်းနေသည့် အိန္ဒိယမှာမူ ရုရှားအပေါ် ဒဏ်ခတ်ပိတ်ဆို့မှုများ ချမှတ်ခြင်းမရှိသလို ရုရှားကျူးကျော်စစ်ကို ရှုတ်ချခြင်းပင် မရှိပေ။
ပြီးခဲ့သော နှစ်အနည်းငယ်အတွင်း အိန္ဒိယသည် အမေရိကန်နှင့် ပိုမိုနီးကပ်လာခဲ့သော်လည်း နိုင်ငံ၏ လက်နက်ခဲယမ်းအတွက် ရုရှားအပေါ် အကြီးအကျယ် မှီခိုနေရဆဲ ဖြစ်သည်။
အိန္ဒိယသည် ယူကရိန်းအတွင် အကြမ်းဖက်မှု ရပ်တန့်ရေးကို တိုက်တွန်းထားသော်လည်း ၎င်း၏ စစ်အေးကာလ မဟာမိတ် ရုရှားကို ဆန့်ကျင်မဲ မပေးခဲ့ပေ။
လက်ရှိတွင်လည်း ရုရှားထံမှ ရေနံကို လျှော့ဈေးဖြင့် ဝယ်ယူရန် စီစဉ်နေသလို အိန္ဒိယအစိုးရပိုင် ကုမ္ပဏီကြီးနှစ်ခုသည်လည်း မကြာသေးမီကမှ ရုရှားထံမှ လောင်စာဆီစည်ပေါင်း ၅ သန်း မှာယူထားသည်။