- ကျောက်ဖြူတွင် လှောင်ပိတ်ခံနေရသည့် ရခိုင်ခရီးသည်များ အကျပ်အတည်းများစွာ ရင်ဆိုင်နေရ
- ထိုင်းနှင့် ကမ္ဘောဒီးယားအကြား လက်နက်ရုပ်သိမ်းပြီး နယ်စပ်ဂိတ်များ ပြန်ဖွင့်ရန် သဘောတူ
- AA ထိန်းချုပ်နယ်မြေတွင် ကျွမ်းကျင်ဆရာဝန် နည်းပါး၍ ကျန်းမာရေးကိစ္စ အခက်အခဲဖြစ်နေ
- ကာတာရှိ ဟားမားစ်ခေါင်းဆောင်များကို အစ္စရေးက လေကြောင်းမှ တိုက်ခိုက်
- မြန်မာနိုင်ငံတွင် ဆိုးဝါးသည့် မြေမြှုပ်မိုင်းအန္တရာယ် ကိုင်တွယ်ရန် အဖြေရှာပေးနေသည့် လူသားချင်းစာနာမှုဆိုင်ရာ မိုင်းရှင်းလင်းရေးလုပ်ငန်းစဉ်များ
တရုတ်လုပ် ကိုဗစ်ကုသဆေးကို အင်ဒိုနီးရှားတွင် စေတနာ့ဝန်ထမ်း ၁၆၀၀ ဖြင့် စမ်းသပ်
ကိုဗစ်-၁၉ ကုသဆေးအား လူသားနှင့်စမ်းသပ်ခြင်းသည် ဆေးဝါးထုတ်လုပ်ရေးတွင် နောက်ဆုံး အဆင့်ဖြစ်သည်။ Sinovac Biotech ကုမ္ပဏီက ထုတ်လုပ်သည့် ယခုဆေးသည် စမ်းသပ်မှု နောက်ဆုံး အဆင့်ဖြစ်သည့် လူသားနှင့် စမ်းသပ်သည့်အဆင့်သို့ ရောက်ရှိလာပြီဖြစ်သည်။
13 Aug 2020

တရုတ်က ထုတ်လုပ်လိုက်သည့် ကိုဗစ်-၁၉ ကုသဆေးအား အင်ဒိုနီးရှားတွင် စတင်စမ်းသပ် အသုံးပြုနေပြီဖြစ်သည်။
ယခုစမ်းသပ်မှုတွင် စေတနာ့ဝန်ထမ်း ၁၆၀၀ ခန့် ပါဝင်ပြီး ၆ လ ကြာမြင့်မည်ဖြစ်ကြောင်း အေအက်ဖ်ပီသတင်းတွင် ဖော်ပြထားသည်။
ကိုဗစ်-၁၉ ကုသဆေးအား လူသားနှင့်စမ်းသပ်ခြင်းသည် ဆေးဝါးထုတ်လုပ်ရေးတွင် နောက်ဆုံး အဆင့်ဖြစ်သည်။ Sinovac Biotech ကုမ္ပဏီက ထုတ်လုပ်သည့် ယခုဆေးသည် စမ်းသပ်မှု နောက်ဆုံး အဆင့်ဖြစ်သည့် လူသားနှင့် စမ်းသပ်သည့်အဆင့်သို့ ရောက်ရှိလာပြီဖြစ်သည်။
ယခုစမ်းသပ်မှုအား ၂၀၂၁ ဖေဖော်ဝါရီလတွင် အဆုံးသတ်မည်ဖြစ်သည်။ ဘေးကင်း၍ ထိရောက်စွာကုသနိုင်ကြောင်း တွေ့ရှိရပါက ကုသဆေး သန်း ၂၅၀ အထိ ဝယ်ယူရန်စီစဉ်ထားကြောင်း အင်ဒိုနီးရှား အာဏာပိုင်များက ပြောကြားသည်။
အင်ဒိုနီးရှားသည် ကမ္ဘာ့စတုတ္ထ လူဦးရေအထူထပ်ဆုံး နိုင်ငံဖြစ်ပြီး တစ်နေ့တစ်ခြား မြင့်တက်လာနေသော ဗိုင်းရပ်စ်ကူးစက်မှုဒဏ်ကို ထိန်းချုပ်ရန် အကြီးအကျယ် ရုန်းကန်နေရသည်။ လက်ရှိအချိန်အထိ အင်ဒိုနီးရှားတွင် ကူးစက်မှုစုစုပေါင်း ၁၂၇၀၀၀၊ သေဆုံးသူ ၅၇၀၀ ဝန်းကျင်ရှိသည်။
ဘရာဇီးနိုင်ငံတွင်လည်း လက်ရှိအချိန်၌ CoronaVac ဟု အမည်ပေးထားသည့် နမူနာကုသမှုအား ကျန်းမာရေးဝန်ထမ်း ၉၀၀၀ နှင့် စမ်းသပ်နေပြီဖြစ်သည်။
ဘရာဇီးသည် ကိုရိုနာဗိုင်းရပ်စ်ဒဏ်အား အမေရိကန်နိုင်ငံပြီးလျှင် ဒုတိယ အပြင်းထန်ဆုံး ခံစားရသည့်နိုင်ငံဖြစ်ပြီး လက်ရှိအချိန်အထိ ကူးစက်မှု ၃ သန်းကျော်၊ သေဆုံးသူ ၁ သိန်းကျော်ရှိသည်။
ကမ္ဘာတစ်ဝန်းတွင် သြဂုတ်လ ၁၃ ရက် နေ့လယ်ပိုင်းအထိ ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှု စုစုပေါင်း ၂၁ သန်းနီးပါး၊ သေဆုံးသူ စုစုပေါင်း ၇ သိန်းခွဲ ရှိကြောင်း Worldometer ဝက်ဘ်ဆိုက်တွင် ဖော်ပြထားသည်။