- ကျောက်ဖြူတွင် လှောင်ပိတ်ခံနေရသည့် ရခိုင်ခရီးသည်များ အကျပ်အတည်းများစွာ ရင်ဆိုင်နေရ
- ထိုင်းနှင့် ကမ္ဘောဒီးယားအကြား လက်နက်ရုပ်သိမ်းပြီး နယ်စပ်ဂိတ်များ ပြန်ဖွင့်ရန် သဘောတူ
- AA ထိန်းချုပ်နယ်မြေတွင် ကျွမ်းကျင်ဆရာဝန် နည်းပါး၍ ကျန်းမာရေးကိစ္စ အခက်အခဲဖြစ်နေ
- ကာတာရှိ ဟားမားစ်ခေါင်းဆောင်များကို အစ္စရေးက လေကြောင်းမှ တိုက်ခိုက်
- မြန်မာနိုင်ငံတွင် ဆိုးဝါးသည့် မြေမြှုပ်မိုင်းအန္တရာယ် ကိုင်တွယ်ရန် အဖြေရှာပေးနေသည့် လူသားချင်းစာနာမှုဆိုင်ရာ မိုင်းရှင်းလင်းရေးလုပ်ငန်းစဉ်များ
အိန္ဒိယတွင် တူးမြောင်းထဲသို့ ဘတ်စ်ကားပြုတ်ကျပြီး ၄၆ ဦးထက်မနည်း သေဆုံး
အိန္ဒိယနိုင်ငံအလယ်ပိုင်း မာဒယာပရာဒက်ရှ်ပြည်နယ်တွင် အင်္ဂါနေ့က ဘတ်စ်ကားတစ်စီး တူးမြောင်းထဲသို့ ပြုတ်ကျပြီး ရေနစ်မှုကြောင့် ခရီးသည် ၄၆ ဦးထက်မနည်း သေဆုံးခဲ့ကြောင်း Times of India သတင်းတစ်ရပ်တွင် ဖော်ပြထားသည်။
19 Feb 2021

အိန္ဒိယနိုင်ငံအလယ်ပိုင်း မာဒယာပရာဒက်ရှ်ပြည်နယ်တွင် အင်္ဂါနေ့က ဘတ်စ်ကားတစ်စီး တူးမြောင်းထဲသို့ ပြုတ်ကျပြီး ရေနစ်မှုကြောင့် ခရီးသည် ၄၆ ဦးထက်မနည်း သေဆုံးခဲ့ကြောင်း Times of India သတင်းတစ်ရပ်တွင် ဖော်ပြထားသည်။
ဆီဒီမှ ဆတ္တနာခရိုင်သို့ ထွက်ခွာလာသော အဆိုပါ ဘတ်စ်ကားပေါ်တွင် လိုက်ပါသွားသော ခရီးသည်စုစုပေါင်း ၆၀ ခန့်ရှိနိုင်ကြောင်း အဆိုပါသတင်းတွင် ဖော်ပြထားသည်။
ကားဒရိုင်ဘာ အပါအဝင် ခရီးသည် ၇ ဦးမှာ ရေကူးပြီး လွတ်မြောက်ခဲ့သည်။ ရှာဖွေရေးအဖွဲ့ဝင်များသည် လက်ရှိအချိန်အထိ လက်ကျန်ခရီးသည်များအား ရှာဖွေနေကြဆဲ ဖြစ်ကြောင်း ဘီဘီစီသတင်းတစ်ရပ်က ဆိုသည်။
အိန္ဒိယတွင် နှစ်စဉ် လမ်းပေါ်မတော်တဆမှုများကြောင့် သေဆုံးသူ တစ်သိန်းခွဲခန့်စီ ရှိပြီး ကမ္ဘာ့အမြင့်ဆုံး နှုန်းထားလည်း ဖြစ်ကြောင်း ဘီဘီစီသတင်းတွင် ဖော်ပြထားသည်။ အများစုမှာ မဆင်မခြင် မောင်းနှင်မှုကြောင့် တိမ်းမှောက်ခြင်းဖြစ်သည်။ ယာဉ်မတော်တဆမှုများကြောင့် မသန်စွမ်းဖြစ်ရသူ ဦးရေသည် နှစ်စဉ် ၃ သိန်းခွဲခန့်စီ ရှိသည်။