- ရခိုင်တွင် အဓမ္မပြုကျင့်ရန်ကြိုးပမ်းမှုတွင် အာမခံဖြင့်လွတ်နေသူကို ပြန်ဖမ်း၊ အာမခံပေးခဲ့သည့် တရားသူကြီး စစ်ဆေးခံရ
- စစ်ကောင်စီပေးသည့် ဂုဏ်ထူးဆောင်ဘွဲ့နှစ်ခုထိ ALP ခေါင်းဆောင် ဒေါ်စောမြရာဇာလင်း ရရှိထား
- အင်ဒိုနီးရှားမှာ ကူးတို့သင်္ဘော တိမ်းမှောက်မှုကြောင့် ၄ ဦးသေပြီး ၃၀ ခန့် ပျောက်ဆုံးနေ
- ICG သတိပေးပြီးနောက် ရခိုင်နယ်စပ်တွင် ARSA တိုက်ပွဲပြန်ဖော်လာ
- မြန်မာနိုင်ငံသားများကို လူသားချင်းစာနာလျက် ဆက်လက်စောင့်ရှောက်ပေးရန် ထိုင်းကို NUG မေတ္တာရပ်ခံ
အိန္ဒိယကာကွယ်ရေးဦးစီးချုပ်နှင့်ဇနီး အပါအဝင် ၁၃ ဦး ရဟတ်ယာဉ်ပျက်ကျမှုကြောင့် သေဆုံး
အိန္ဒိယကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီး ဘီပင်ရာဝပ် လိုက်ပါသွားသော စစ်ရဟတ်ယာဉ်တစ်စီးသည် ယနေ့နေ့လယ်ပိုင်းက ပျက်ကျသွားပြီး ဗိုလ်ချုပ်ကြီး ဘီပင်ရာဝပ်နှင့် ဇနီးအပါအဝင် အနည်းဆုံး ၁၃ ဦး သေဆုံးသွားကြောင်း အယ်ဂျာဇီးရား သတင်းတစ်ရပ်တွင် ဖော်ပြထားသည်။
08 Dec 2021

DMG ၊ ဒီဇင်ဘာ ၈
အိန္ဒိယကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီး ဘီပင်ရာဝပ် လိုက်ပါသွားသော စစ်ရဟတ်ယာဉ်တစ်စီးသည် ယနေ့နေ့လယ်ပိုင်းက ပျက်ကျသွားပြီး ဗိုလ်ချုပ်ကြီး ဘီပင်ရာဝပ်နှင့် ဇနီးအပါအဝင် အနည်းဆုံး ၁၃ ဦး သေဆုံးသွားကြောင်း အယ်ဂျာဇီးရား သတင်းတစ်ရပ်တွင် ဖော်ပြထားသည်။
အသက် ၆၃ နှစ်အရွယ် ကာကွယ်ရေးဦးစီးချုပ်လိုက်ပါသွားသည့် ရုရှားလုပ် Mi-17V5 ရဟတ်ယာဉ်သည် အိန္ဒိယနိုင်ငံတောင်ပိုင်း တမီးနာဒူးပြည်နယ် ကူနူးခရိုင်တွင် ယနေ့နေ့လယ် ၁၂ နာရီ ၂၀ မိနစ်ဝန်းကျင်၌ ပျက်ကျသွားခြင်းဖြစ်သည်။
ဒေသခံသတင်းဌာနများက ဖော်ပြသည့် ခရီးသည်ကိုးဦး စာရင်းတွင် ရာဝပ်၏ဇနီးနှင့် အကြီးတန်း ကာကွယ်ရေးအရာရှိများ ပါဝင်နေသည်ကို တွေ့ရကြောင်း အေပီသတင်းတစ်ရပ်တွင် ဖော်ပြထားသည်။
ရဟတ်ယာဉ်ပျက်ကျရသည့် အကြောင်းရင်းကို စုံစမ်းစစ်ဆေးနေသည်ဟု အာဏာပိုင်များက ပြောကြားကြောင်း အယ်ဂျာဇီးရား သတင်းတွင် ဖော်ပြထားသည်။
ဗိုလ်ချုပ်ကြီးဘီပင်ရာဝပ်သည် စစ်မှုထမ်းသက်တမ်း နှစ်ပေါင်း ၄၀ ဝန်းကျင် ရှိထားသူဖြစ်ပြီး အိန္ဒိယထိန်းချုပ်ထားသည့် ကက်ရှ်မီးယားဒေသနှင့် အိန္ဒိယ-တရုတ် နယ်စပ်တစ်လျှောက် တပ်ဖွဲ့များကို ကွပ်ကဲခဲ့သူဖြစ်သည်။
အိန္ဒိယအရှေ့မြောက်ဒေသ၌ စစ်ရေးပဋိပက္ခများကို လျှော့ချနိုင်ခဲ့သူဖြစ်သလို သူပုန်နှိမ်နင်းရေး နယ်စပ်ဖြတ်ကျော် စစ်ဆင်ရေးများကိုလည်း မြန်မာနှင့် ပူးပေါင်းဆောင်ရွက်ခဲ့သူ ဖြစ်သည်။