- နှစ်ပတ်အတွင်း စစ်ကောင်စီကြောင့် ကလေးငယ် ၃၀ ကျော် သေဆုံး
- AA စစ်ရပ်ထားသည့် စစ်တွေတွင် စစ်ကောင်စီက လက်နက်ကြီး ဆက်တိုက်ပစ်နေ
- ရခိုင်တွင် လေကြောင်း ဗုံးကြဲခံရ၍ နှစ်ရက်အတွင်း ဒေသခံ ၁၅ ဦး သေဆုံး၊ ၃၀ ခန့် ဒဏ်ရာရ
- တရုတ် ဆိုလာအင်ဗာတာများထဲတွင် အမျိုးအမည်မသိ ဆက်သွယ်ရေးစက်များ တွေ့ရှိ
- ရေကြည်နှင့် လေးမျက်နှာတွင် တိုက်ပွဲပြင်းနေ
အိန္ဒိယတွင် အဖျားရောဂါဆန်းတစ်မျိုးကြောင့် လူ ၃၀၀ ကျော် ဆေးရုံတက်ကုသမှုခံယူ
အိန္ဒိယနိုင်ငံ အရှေ့တောင်ပိုင်းတွင် အမျိုးအမည်မသိသော အဖျားရောဂါတစ်မျိုးကြောင့် လူ ၃၀၀ ကျော် ဆေးရုံတက်ကုသမှု ခံယူနေရကြောင်း အဆိုပါရောဂါကို စုံစမ်းစစ်ဆေးနေသည့် ဒေသခံအာဏာပိုင်များ၏ ပြောကြားချက်များအရ သိရသည်။ လက်ရှိအချိန်အထိ ရောဂါကြောင့် သေဆုံးသူ တစ်ဦးရှိကြောင်း စီအန်အန် သတင်းတစ်ရပ်တွင် ဖော်ပြထားသည်။
08 Dec 2020

အိန္ဒိယနိုင်ငံ အရှေ့တောင်ပိုင်းတွင် အမျိုးအမည်မသိသော အဖျားရောဂါတစ်မျိုးကြောင့် လူ ၃၀၀ ကျော် ဆေးရုံတက်ကုသမှု ခံယူနေရကြောင်း အဆိုပါရောဂါကို စုံစမ်းစစ်ဆေးနေသည့် ဒေသခံအာဏာပိုင်များ၏ ပြောကြားချက်များအရ သိရသည်။ လက်ရှိအချိန်အထိ ရောဂါကြောင့် သေဆုံးသူ တစ်ဦးရှိကြောင်း စီအန်အန် သတင်းတစ်ရပ်တွင် ဖော်ပြထားသည်။
အန်ဒရာပရာဒက်ရှ်ပြည်နယ် အဲလုရုမြို့တွင် ဖြစ်ပွားနေသည့် အဆိုပါဖျားနာမှုကြောင့် လူနာများသည် လေဖြတ်ခြင်း၊ သတိလစ်ခြင်း နှင့် ပျို့အန်ခြင်းများ ခံစားရကြောင်း အနောက်ဂိုဒါဗာရီခရိုင်ရှိ ကြီးကြပ်ရေးမှူး ဒိုလာဂျိုရှီရွိုင်က ပြောကြားသည်။
လက်ရှိအချိန်၌ အိန္ဒိယနိုင်ငံသည် ကိုဗစ်ကူးစက်မှုဒဏ်ကိုလည်း အကြီးအကျယ် ခံစားနေရပြီး ကမ္ဘာဒုတိယ ကူးစက်မှုအများဆုံး နိုင်ငံဖြစ်သည်။
အန်ဒရာပရာဒက်ရှ်ပြည်နယ်သည် ကူးစက်မှုအများဆုံး ဒေသများထဲမှ တစ်ခုဖြစ်ပြီး လက်ရှိအချိန်၌ တရားဝင်အတည်ပြုထားသော ကူးစက်မှုစုစုပေါင်း ၈ သိန်းကျော်ရှိသည်။ တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် ကူးစက်မှု စုစုပေါင်းမှာ ၉.၇ သန်းရှိကြောင်း ဂျွန်ဟော့ကင်းတက္ကသိုလ်က ထုတ်ပြန်သည့် အချက်အလက်များအရ သိရသည်။
သို့သော် အဖျားရောဂါဆန်းဖြင့် ကုသမှုခံယူနေရသူ လူနာအားလုံးသည် ကိုဗစ်ကူးစက်မှု ခံထားရခြင်း မရှိပေ။ လက်ရှိတွင် လူနာ ၁၈၀ ခန့်သည် ရောဂါပျောက်ကင်းပြီး ဆေးရုံမှ ဆင်းသွားပြီဖြစ်ကာ ကျန်ရှိလူနာ များမှာလည်း အခြေအနေ တည်ငြိမ်နေပြီဟု ဂျိုရှီရွိုင်က ပြောကြားသည်။
“ဘာကြောင့် ခုလိုဖြစ်ရတယ် ဆိုတာတော့ မသိရသေးဘူး။ ကျွန်တော်တို့ အစားအသောက်နဲ့ နို့ အပါအဝင် နည်းမျိုးစုံနဲ့ စစ်ဆေးနေကြပါတယ်” ဟု သူကဆိုသည်။