- အမ်းက စစ်ရှောင်နှစ်ထောင်ကျော်မှာ စားဝတ်နေရေးနှင့် ကျန်းမာရေး အကူအညီများ အရေးပေါ်လိုအပ်နေ
- ဘင်္ဂလားဒေ့ရှ် အလုပ်သမားများ ပါဝင်ပတ်သက်နေသည့် အိုင်အက်စ်အစွန်းရောက်အဖွဲ့ ကွန်ရက် မလေးရှား ဖြိုခွင်း
- ထိုင်း-မြန်မာ ပူးပေါင်းဆောင်ရွက်မှု အရှိန်မြှင့်ရန် နှစ်ဘက်သဘောတူ
- မိုးတွင်းကာလ မိုင်းနှင့် စစ်ကျန်လက်နက်များ နေရာရွှေ့တတ်သဖြင့် အသွားအလာ သတိထားရန်လို
- မြောက်ဦးက ကျေးရွာအချို့မှာ ရာသီတုပ်ကွေး အဖြစ်များနေ
စင်္ကာပူတွင် ကူးစက်မြန် အိန္ဒိယကိုဗစ်မျိုးစိတ် တွေ့ရများလာ
အိန္ဒိယတွင် အလွန်အမင်း ကူးစက်ပျံ့နှံ့နေသော ကိုဗစ်-၁၉ မျိုးကွဲအား စင်္ကာပူတွင် အများအပြား တွေ့လာနေရကြောင်း ဘလွန်းဘက်သတင်းတစ်ရပ်တွင် ဖော်ပြထားသည်။
18 May 2021

DMG | မေ ၁၈
အိန္ဒိယတွင် အလွန်အမင်း ကူးစက်ပျံ့နှံ့နေသော ကိုဗစ်-၁၉ မျိုးကွဲအား စင်္ကာပူတွင် အများအပြား တွေ့လာနေရကြောင်း ဘလွန်းဘက်သတင်းတစ်ရပ်တွင် ဖော်ပြထားသည်။
ဗိုင်းရပ်စ်သည် လူအများ သတိမမူမိခင်တည်းက အချိန်အတန်ကြာ ရှိနေခဲ့ပြီး ဖြစ်နိုင်ကြောင်းလည်း လူအများက စိုးရိမ်လျက်ရှိသည်။
မေလ ၁၆ ရက်နေ့က တွေ့ရှိခဲ့သည့် ဆက်စပ်မဲ့ ကိုဗစ်လူနာ ၁၇ ဦးတွင် ခြောက်ဦးထံ၌ B.1.617 မျိုးစိတ် ကူးစက်နေသည်ကို တွေ့ခဲ့ရသည်။ လူနာများ၏ အသက်မှာလည်း ၂၉ မှ ၅၇ အထိ အမျိုးမျိုး ကွဲပြားကြောင်း စင်္ကာပူကျန်းမာရေး ဝန်ကြီးဌာနက ညတွင်းချင်းထုတ်ပြန်သည့် ကြေညာချက်တွင် ဖော်ပြထားသည်။
လူနာများထဲမှ နှစ်ဦးမှာ ကိုဗစ်ကာကွယ်ဆေး ပထမအကြိမ် ထိုးနှံထားပြီးသူများ ဖြစ်သည်။
B.1.617 မျိုးစိတ်သည် အိန္ဒိယတွင် အကြီးအကျယ် ကူးစက်ပျံ့နှံ့နေသည့် မျိုးစိတ်ဖြစ်ပြီး ပြီးခဲ့သည့် သီတင်းပတ်များအတွင်း နေ့စဉ်ကူးစက်နှုန်းသည် ၃ သိန်းအထက် ရှိခဲ့သည်။
B.1.617 ကို အိန္ဒိယနိုင်ငံတွင် ၂၀၂၀ အောက်တိုဘာလ၌ စတင်တွေ့ရှိခဲ့သည်။ ယခုအခါ ကမ္ဘာ့နိုင်ငံပေါင်း ၄၄ နိုင်ငံတွင် ပျံ့နှံ့နေပြီဖြစ်သည်။
စင်္ကာပူတွင် လတ်တလော၌ လော့ဒေါင်းစည်းကမ်းများ ချမှတ်ထားပြီး လူနှစ်ဦးထက် ပိုစုခွင့်မရှိသလို စားသောက်ဆိုင်များတွင်လည်း ထိုင်စားခွင့် မရှိပေ။ လူကိုယ်တိုင် တက်ရောက်ရသည့် စာသင်ကျောင်း အများစုကိုလည်း ယခုသီတင်းပတ်အတွင်း ပိတ်မည်ဖြစ်သည်။