- အမ်းက စစ်ရှောင်နှစ်ထောင်ကျော်မှာ စားဝတ်နေရေးနှင့် ကျန်းမာရေး အကူအညီများ အရေးပေါ်လိုအပ်နေ
- ဘင်္ဂလားဒေ့ရှ် အလုပ်သမားများ ပါဝင်ပတ်သက်နေသည့် အိုင်အက်စ်အစွန်းရောက်အဖွဲ့ ကွန်ရက် မလေးရှား ဖြိုခွင်း
- ထိုင်း-မြန်မာ ပူးပေါင်းဆောင်ရွက်မှု အရှိန်မြှင့်ရန် နှစ်ဘက်သဘောတူ
- မိုးတွင်းကာလ မိုင်းနှင့် စစ်ကျန်လက်နက်များ နေရာရွှေ့တတ်သဖြင့် အသွားအလာ သတိထားရန်လို
- မြောက်ဦးက ကျေးရွာအချို့မှာ ရာသီတုပ်ကွေး အဖြစ်များနေ
ဆိုလေမာနီအတွက် အီရန်က လက်တုံ့ပြန်လာပါက မိမိတို့ဘက်ကလည်း တုံ့ပြန်ရန်အသင့်ပြင်ထားကြောင်း အမေရိကန် ဆို
အီရန်ဗိုလ်ချုပ်ကြီး ကာဆမ်ဆိုလေမာနီ လုပ်ကြံခံရမှု နှစ်ပတ်လည်အဖြစ် တီဟီရန်က တိုက်ခိုက်မှုပြုလုပ်လာပါက ဝါရှင်တန်ကလည်း “တုံ့ပြန်ရန် အသင်ပြင်ထားသည်” ဟု အရှေ့အလယ်ပိုင်းဆိုင်ရာ အမေရိကန် စစ်တပ်အကြီးအကဲက တနင်္ဂနွေနေ့တွင် သတိပေးလိုက်သည်။
21 Dec 2020

အီရန်ဗိုလ်ချုပ်ကြီး ကာဆမ်ဆိုလေမာနီ လုပ်ကြံခံရမှု နှစ်ပတ်လည်အဖြစ် တီဟီရန်က တိုက်ခိုက်မှုပြုလုပ်လာပါက ဝါရှင်တန်ကလည်း “တုံ့ပြန်ရန် အသင်ပြင်ထားသည်” ဟု အရှေ့အလယ်ပိုင်းဆိုင်ရာ အမေရိကန် စစ်တပ်အကြီးအကဲက တနင်္ဂနွေနေ့တွင် သတိပေးလိုက်သည်။
“ကျွန်တော်တို့ ကိုယ့်ကိုယ်ကိုယ်ကာကွယ်ဖို့၊ ကိုယ့်မိတ်ဆွေတွေနဲ့ ဒေသတွင်း မိတ်ဖက်တွေအတွက် ကာကွယ်ပေးဖို့ ပြင်ဆင်ထားပါတယ်။ လိုအပ်လာရင် တုန့်ပြန်ဖို့ အသင့်ရှိပါတယ်” ဟု ဗိုလ်ချုပ်ကြီး ကင်းနက်မက်ကင်ဇီက သတင်းထောက်များအား ပြောကြားသည်။
သမ္မတဒေါ်နယ်ထရမ့်၏အမိန့်ဖြင့် အီရတ်နှင့် အာဖဂန်နစ္စတန်ရှိ အမေရိကန်တပ်ဖွဲ့ဝင်များအား ရုပ်သိမ်းလျက်ရှိသော်လည်း အီရန်၏တိုက်ခိုက်မှုများအား တားဆီးရန်အတွက် အမေရိကန်သည် အီရတ်ပတ်ပတ်လည်ရှိ ၎င်း၏ အနေအထားကို ခိုင်မာစွာ အားဖြည့်ထားဆဲဖြစ်သည်။
အမေရိကန်လေယာဉ်တင်သင်္ဘော USS Nimitz သည် ပင်လယ်ကွေ့ရေပြင်၌ နိုဝင်ဘာလ နှောင်းပိုင်းတည်းက ကင်းလှည့်လျက်ရှိသလို B-52 ဗုံးကြဲလေယာဉ်နှစ်စင်းသည်လည်း အီရန်နှင့် အပေါင်းအပါများအား ရည်ရွယ်အင်အားပြရန်အတွက် မကြာသေးမီကမှ ပျံသန်းပြထားသေးသည်။
အမေရိကန်သည် အီရန်ထိပ်တန်းခေါင်းဆောင် ကာဆမ်ဆိုလေမာနီအား ၂၀၂၀ ဇန်နဝါရီလ ၃ ရက်နေ့က အီရတ်မြို့တော် ဘဂ္ဂဒက်လေဆိပ်အနီးတွင် လုပ်ကြံသတ်ဖြတ်ခဲ့သည်။
ဆိုလေမာနီသတ်ဖြတ်ခံရမှုအတွက် လက်စားချေသည့်အနေနှင့် အီရန်ကလည်း အီရတ်ရှိ အမေရိကန်လေတပ်အခြေစိုက်စခန်း အယ်လ်အာဆက် အား ဇန်နဝါရီလ ၈ ရက်နေ့တွင် ပဲ့ထိန်းဒုံးကျည်များဖြင့် တိုက်ခိုက်ခဲ့သည်။