- ကင်မ်အဲရစ်နှင့် AA စစ်ဦးစီးချုပ် တွေ့ဆုံမှု တော်လှန်ရေးအရှိန်မြင့်လာနိုင်ကြောင်း လေ့လာသူများ သုံးသပ်
- ရှမ်းမြောက်က အနိုင်ရ စစ်ကောင်စီတပ်ဖွဲ့ဝင်များ AA နှင့် ရင်ဆိုင်တိုက်ပွဲတွင် ထွက်ပြေးနေရ
- အမေရိကန်က ၅၀ ရာခိုင်နှုန်းထိ အခွန်မြှင့်သော်လည်း ရုရှားရေနံကို ဆက်ဝယ်သွားမည်ဟု အိန္ဒိယ ပြော
- AA ထိန်းချုပ်ရာ ရခိုင်-ပဲခူး နယ်စပ်ကို စစ်ကောင်စီ ထိုးစစ်ဆင်နေ
- စစ်တွေနှင့် ကျောက်ဖြူ AA လက်ထဲ မကျရေး စစ်ကောင်စီ ထိုးစစ်ဆင်နေ
ခိုးယူခံထားရသည့် ဂျူးလူမျိုးများ၏ အနုပညာလက်ရာ ၁၅ ခုကို ပြင်သစ်ဘက်က ပြန်ပေးမည်
ခိုးယူခံထားရသော ပစ္စည်းများကိုပြန်လည်ပေးအပ်ခြင်းကို အရှိန်မြှင့်တင်ရာတွင် အစိုးရ၏ ကြိုးပမ်းမှု တစ်စိတ်တစ်ပိုင်းအနေဖြင့် ဒုတိယကမ္ဘာစစ်အတွင်း ဂျူးလူမျိုးများထံမှ လုယူခံရသော အနုပညာလက်ရာ ၁၅ ခုကို ပြန်လည်ပေးအပ်ရန် ပြင်သစ်အထက်လွှတ်တော်က အင်္ဂါနေ့က အတည်ပြုခဲ့သည်။
18 Feb 2022

DMG ၊ ဖေဖော်ဝါရီ ၁၈
ခိုးယူခံထားရသော ပစ္စည်းများကိုပြန်လည်ပေးအပ်ခြင်းကို အရှိန်မြှင့်တင်ရာတွင် အစိုးရ၏ ကြိုးပမ်းမှု တစ်စိတ်တစ်ပိုင်းအနေဖြင့် ဒုတိယကမ္ဘာစစ်အတွင်း ဂျူးလူမျိုးများထံမှ လုယူခံရသော အနုပညာလက်ရာ ၁၅ ခုကို ပြန်လည်ပေးအပ်ရန် ပြင်သစ်အထက်လွှတ်တော်က အင်္ဂါနေ့က အတည်ပြုခဲ့သည်။
မဲခွဲဆုံးဖြတ်မှုတွင် ပါရီမြို့ရှိ ကမ္ဘာကျော် မြူဆေးဒိုဆေးအနုပညာပြတိုက် အပါအဝင် အဆိုပါလက်ရာများ လက်ဝယ်ရှိနေသည့် ပြည်သူပိုင်ပြတိုက်များမှ ပိုင်ဆိုင်မှုများကို မူလပိုင်ရှင်များ၏ အမွေဆက်ခံသူများထံ လွှဲပြောင်းပေးအပ်ရန် တရားဝင်ခွင့်ပြုထားသည်။
ထို “သမိုင်းဝင်” အရွေ့ကို ပြင်သစ် ယဉ်ကျေးမှုဝန်ကြီး ရိုစလင်း ဘက်ချ်လော့က ကြိုဆိုခဲ့သည်။
“ဆီးမိုက်ဆန့်ကျင်ရေး နှိပ်စက်ညှဉ်းပန်းမှုကြောင့် သိမ်းပိုက်ခံရစဉ်အတွင်း ရုန်းရင်းဆန်ခတ် အခြေအနေများတွင် ရရှိခဲ့သော” အနုပညာလက်ရာများကို ပြန်လည်ပေးအပ်ရန်အတွက် ပြင်သစ်အစိုးရ၏ အလေးအနက်ထား လုပ်ဆောင်မှုများသည် နှစ်ပေါင်း ရ၀ အတွင်း ပထမဆုံးအကြိမ်ဖြစ်သည်ဟု ဝန်ကြီးက ပြောကြားသည်။
ဝန်ကြီးက "ပြည်သူပိုင်စုဆောင်းမှုများတွင် အစကနဦးကပင် ရှိမနေခဲ့သင့်သည့် ပြသမထားသင့်သည့် အဆိုပါ ထိန်းသိမ်းထားဆဲဖြစ်သော" အနုပညာပစ္စည်းများအား ပြန်လည်ပေးအပ်ခြင်း ဥပဒေကို "ပထမအဆင့်" ဟု ခေါ်ဆိုခဲ့သည်။
ဇန်နဝါရီလနှောင်းပိုင်းတွင် ပါလီမန်အောက်လွှတ်တော်၌ အတည်ပြုပြီးနောက် အဆိုပါဥပဒေကြမ်းကို အထက်လွှတ်တော်က အတည်ပြုခဲ့သည်။ ယခုအခါတွင် အဆိုပါဥပဒေ အသက်ဝင်စေရန်အတွက် သမ္မတ အီမာနျူရယ်မက်ခရွန်၏ အတည်ပြုလက်မှတ်ရေးထိုးရန်သာ လိုအပ်မည်ဖြစ်သည်။
ပြင်သစ်နိုင်ငံကို နာဇီတို့ သိမ်းပိုက်စဉ်ကာလအတွင်း ကမ္ဘာ့အကျော်ကြားဆုံး အနုပညာရှင်အချို့၏ ပန်းချီကား ထောင်ပေါင်းများစွာကို လုယက်ခြင်း သို့မဟုတ် အတင်းအဓမ္မ ရယူခြင်းခံခဲ့ရသည်။
ပဋိပက္ခပြီးဆုံးချိန်မှစ၍ ၎င်းတို့အား ပါရီရှိ လူဗာ နှင့် မြူဆေးဒီအော်ဆေး ကဲ့သို့သော ပြည်သူပိုင်ပြတိုက်များတွင် ထိန်းသိမ်းထားခဲ့သည်။