- အမ်းက စစ်ရှောင်နှစ်ထောင်ကျော်မှာ စားဝတ်နေရေးနှင့် ကျန်းမာရေး အကူအညီများ အရေးပေါ်လိုအပ်နေ
- ဘင်္ဂလားဒေ့ရှ် အလုပ်သမားများ ပါဝင်ပတ်သက်နေသည့် အိုင်အက်စ်အစွန်းရောက်အဖွဲ့ ကွန်ရက် မလေးရှား ဖြိုခွင်း
- ထိုင်း-မြန်မာ ပူးပေါင်းဆောင်ရွက်မှု အရှိန်မြှင့်ရန် နှစ်ဘက်သဘောတူ
- မိုးတွင်းကာလ မိုင်းနှင့် စစ်ကျန်လက်နက်များ နေရာရွှေ့တတ်သဖြင့် အသွားအလာ သတိထားရန်လို
- မြောက်ဦးက ကျေးရွာအချို့မှာ ရာသီတုပ်ကွေး အဖြစ်များနေ
သမ္မတဘိုင်ဒန် ဂျပန်၊ အိန္ဒိယ၊ သြစတေးလျနိုင်ငံတို့နှင့် ထိပ်သီးဆွေးနွေးပွဲ ပထမဆုံးကျင်းပ
အမေရိကန်ပြည်ထောင်စုသမ္မတ ဂျိုးဘိုင်ဒန်သည် သမ္မတတာဝန်ယူပြီး ပထမဆုံးအကြိမ် လေးနိုင်ငံထိပ်သီး တွေ့ဆုံမှုအဖြစ် သြစတေးလျ၊ အိန္ဒိယ၊ ဂျပန်နိုင်ငံတို့နှင့် ဆွေးနွေးပွဲတစ်ရပ်ကို မတ်လ ၁၂ ရက်နေ့က ကျင်းပခဲ့သည်။ တရုတ်နိုင်ငံ၏ သြဇာမြင့်တက်လာနေသည့်အပေါ် စိုးရိမ်ပူပန်မှုများမြင့်တက်နေချိန်တွင် မိတ်ဖက် ဆက်ဆံရေးခိုင်မာစေရန် ကြိုးပမ်းမှု အရှိန်မြှင့်တင်သည့်အနေဖြင့် ယင်းကဲ့သို့ ကျင်းပခဲ့ခြင်းလည်း ဖြစ်သည်။
15 Mar 2021

DMG ၊ မတ် ၁၅

နိုင်ငံများသည် အမေရိကန်သမ္မတသစ်နှင့် သံခင်းတမန်ခင်း ဆက်ဆံရေး အလျင်အမြန် တည်ဆောက်လျက်ရှိရာ ဂျပန် ဝန်ကြီးချုပ် ယိုရှီဟီဒဲဆုဂသည် သမ္မတဘိုင်ဒန်နှင့် တွေ့ဆုံသည့် ပထမဆုံး နိုင်ငံခေါင်းဆောင်ဖြစ်လာသလို အမေရိကန်ခေါင်းဆောင်သစ်၏ မိတ်ဖက်များနှင့် ဆက်ဆံရေးအပေါ် အလေးထား မှုပြယုဂ်တစ်ခုဖြစ်ကြောင်း ဂျပန်နိုင်ငံက ကြေညာခဲ့သည်။
အမေရိကန်နိုင်ငံခြားရေးဝန်ကြီး အန်တိုနီ ဘလင်ကင်နှင့် အမေရိကန် ကာကွယ်ရေးဝန်ကြီး လွိုက်အော်စတင် တို့သည်လည်း ၎င်းတို့၏ ပထမဆုံးပြည်ပခရီးစဉ်အဖြစ် ဂျပန်နှင့် တောင်ကိုးရီးယားနိုင်ငံတို့သို့ လာမည့်ရက် သတ္တပတ်တွင် အတူတကွသွားရောက်ကြမည်ဖြစ်ပြီး ကာကွယ်ရေးဝန်ကြီး အော်စတင်သည် အိန္ဒိယနိုင်ငံသို့ ဆက်လက်ထွက်ခွာမည်ဖြစ်သည်။
ဘလင်ကင်နှင့် အမျိုးသားလုံခြုံရေးအကြံပေး ဂျိတ်ဆူလီဗန်တို့သည် ယခုလာမည့် သီတင်းပတ် နှောင်းပိုင်းတွင် တရုတ်ထိပ်တန်းအရာရှိများနှင့် အလက်စကာတွင် တွေ့ဆုံမည်ဖြစ်ပြီး ယင်းတွေ့ဆုံမှုတွင် အမေရိကန်၏ စိုးရိမ်ပူပန်မှုကို ပွင့်လင်းစွာပြောဆိုမည်ဖြစ်ကြောင်း ဘိုင်ဒန်အစိုးရက ကတိပြုထားပြီးဖြစ်သည်။
အွန်လိုင်းမှတစ်ဆင့် ကျင်းပခဲ့သည့် သောကြာနေ့ ထိပ်သီးဆွေးနွေးပွဲသည် အမေရိကန်၊ ဂျပန်၊ အိန္ဒိယနှင့် သြစတြေးလျ လေးနိုင်ငံလုံခြုံရေးဆိုင်ရာ ဆွေးနွေးရေးအဖွဲ့ဟုသိကြသည့် “Quad” အဖွဲ့၏ အောက်ခြေအရာရှိများ ဆယ်စုနှစ်တစ်စုကျော်ကြာ တွေ့ဆုံဆွေးနွေးခဲ့ပြီးနောက်ပိုင်း ယခုကဲ့သို့ နိုင်ငံ့ခေါင်းဆောင်များ တွေ့ဆုံခြင်းသည် ပထမဆုံးအကြိမ် ဖြစ်ဖြစ်သည်။