- ကင်မ်အဲရစ်နှင့် AA စစ်ဦးစီးချုပ် တွေ့ဆုံမှု တော်လှန်ရေးအရှိန်မြင့်လာနိုင်ကြောင်း လေ့လာသူများ သုံးသပ်
- ရှမ်းမြောက်က အနိုင်ရ စစ်ကောင်စီတပ်ဖွဲ့ဝင်များ AA နှင့် ရင်ဆိုင်တိုက်ပွဲတွင် ထွက်ပြေးနေရ
- အမေရိကန်က ၅၀ ရာခိုင်နှုန်းထိ အခွန်မြှင့်သော်လည်း ရုရှားရေနံကို ဆက်ဝယ်သွားမည်ဟု အိန္ဒိယ ပြော
- AA ထိန်းချုပ်ရာ ရခိုင်-ပဲခူး နယ်စပ်ကို စစ်ကောင်စီ ထိုးစစ်ဆင်နေ
- စစ်တွေနှင့် ကျောက်ဖြူ AA လက်ထဲ မကျရေး စစ်ကောင်စီ ထိုးစစ်ဆင်နေ
အင်ဒိုနီးရှားသမ္မတ မော်စကိုသို့သွားပြီး ပူတင်နှင့်တွေ့မည်
အင်ဒိုနီးရှားသမ္မတ ဂျိုကိုဝီဒိုဒိုသည် ဇွန်လ ၃၀ ရက်နေ့တွင် မော်စကိုသို့ အလည်အပတ်ရောက်ရှိမည်ဖြစ်ကာ ရုရှားသမ္မတ ဗလာဒီမာပူတင်နှင့် တွေ့ဆုံမည်ဖြစ်ကြောင်း ရုရှားသတင်းဌာနတစ်ခုဖြစ်သော Tass က ဖော်ပြသည်။
16 Jun 2022

DMG ၊ ဇွန် ၁၆
အင်ဒိုနီးရှားသမ္မတ ဂျိုကိုဝီဒိုဒိုသည် ဇွန်လ ၃၀ ရက်နေ့တွင် မော်စကိုသို့ အလည်အပတ်ရောက်ရှိမည်ဖြစ်ကာ ရုရှားသမ္မတ ဗလာဒီမာပူတင်နှင့် တွေ့ဆုံမည်ဖြစ်ကြောင်း ရုရှားသတင်းဌာနတစ်ခုဖြစ်သော Tass က ဖော်ပြသည်။
ယခုခရီးစဉ်သည် အလွန်အရေးပါသော ခရီးစဉ်ဖြစ်လာမည်ဖြစ်ပြီး ရုရှားအစိုးရသည် အဆိုပါခရီးစဉ်အတွက် ပြင်ဆင်နေပြီဟု ကရင်မလင်မှ သတင်းရင်းမြစ်တစ်ခုကို ကိုးကားပြီး Tass က ဇွန်လ ၁၄ ရက်နေ့ နှောင်းပိုင်းက ဖော်ပြခဲ့သည်။
အကြောင်းအရာ အသေးစိတ်ကို မသိရသော်လည်း နိုဝင်ဘာလအတွင်း ဘာလီကျွန်းတွင် အင်ဒိုနီးရှားက အိမ်ရှင်အဖြစ်ကျင်းပမည့် ကျင်းပမည့် G-20 ထိပ်သီးဆွေးနွေးပွဲနှင့် ဆက်စပ်နိုင်ခြေရှိသည်ဟု Kyodo News သတင်းတစ်ရပ်တွင် ဖော်ပြထားသည်။
အင်ဒိုနီးရှားသည် G-20 အစည်းအဝေးကို ရုရှားသမ္မတပူတင်နှင့် ယူကရိန်းသမ္မတ ဗိုလိုဒီမာဇီလင်စကီးတို့ကို ဖိတ်ကြားထားသည်။ ခေါင်းဆောင်နှစ်ဦးလုံးက အဆိုပါအစည်းအဝေးသို့ တက်ရောက်မည်ဟု အတည်ပြုပြောကြားထားသည်။
အခြားတစ်ဘက်တွင်လည်း G-20 အဖွဲ့ဝင်နိုင်ငံ အချို့သည့် ရုရှားကျူးကျော်စစ်ကြောင့် သမ္မတပူတင်ကို အစည်းအဝေးသို့ ဖိတ်ကြားခြင်းအား တားဆီးနိုင်ရန် ကြိုးပမ်းလျက်ရှိသည်။