- အမ်းက စစ်ရှောင်နှစ်ထောင်ကျော်မှာ စားဝတ်နေရေးနှင့် ကျန်းမာရေး အကူအညီများ အရေးပေါ်လိုအပ်နေ
- ဘင်္ဂလားဒေ့ရှ် အလုပ်သမားများ ပါဝင်ပတ်သက်နေသည့် အိုင်အက်စ်အစွန်းရောက်အဖွဲ့ ကွန်ရက် မလေးရှား ဖြိုခွင်း
- ထိုင်း-မြန်မာ ပူးပေါင်းဆောင်ရွက်မှု အရှိန်မြှင့်ရန် နှစ်ဘက်သဘောတူ
- မိုးတွင်းကာလ မိုင်းနှင့် စစ်ကျန်လက်နက်များ နေရာရွှေ့တတ်သဖြင့် အသွားအလာ သတိထားရန်လို
- မြောက်ဦးက ကျေးရွာအချို့မှာ ရာသီတုပ်ကွေး အဖြစ်များနေ
အာဖရိကအတွက် ကိုဗစ်ကုသဆေး ၂၀၂၁ ခုနှစ် ဒုတိယသုံးလပတ်အထိ ရဦးမည်မဟုတ်
အာဖရိကတွင် ကိုဗစ်-၁၉ ကာကွယ်ဆေးကို နောက်နှစ် ဒုတိယသုံးလ ပတ်မတိုင်ခင်အထိ စတင်နိုင်လိမ့်မည်မဟုတ်ကြောင်း အာဖရိကပြည်သူ့ကျန်းမာရေးဆိုင်ရာ အကြီး တန်းတာဝန်ရှိသူက ကြာသပတေးနေ့တွင် ပြောကြားလိုက်သည်။ ပိုမိုတိုးတက်ဖွံ့ဖြိုးသည့်နိုင်ငံများက ယင်းနိုင်ငံသားများကို ကာကွယ်ဆေးထိုးနှံပေးပြီး ကာကွယ်ဆေးထိုးထားသူများကို ခရီးသွားလာမှု ကန့်သတ်လိုက်ပါက “အလွန်အမင်းအန္တရာယ်များ” သွားမည်ဖြစ်ကြောင်းလည်း ပြောကြားလိုက်သည်။
01 Dec 2020

အာဖရိကတွင် ကိုဗစ်-၁၉ ကာကွယ်ဆေးကို နောက်နှစ် ဒုတိယသုံးလ ပတ်မတိုင်ခင်အထိ စတင်နိုင်လိမ့်မည်မဟုတ်ကြောင်း အာဖရိကပြည်သူ့ကျန်းမာရေးဆိုင်ရာ အကြီး တန်းတာဝန်ရှိသူက ကြာသပတေးနေ့တွင် ပြောကြားလိုက်သည်။ ပိုမိုတိုးတက်ဖွံ့ဖြိုးသည့်နိုင်ငံများက ယင်းနိုင်ငံသားများကို ကာကွယ်ဆေးထိုးနှံပေးပြီး ကာကွယ်ဆေးထိုးထားသူများကို ခရီးသွားလာမှု ကန့်သတ်လိုက်ပါက “အလွန်အမင်းအန္တရာယ်များ” သွားမည်ဖြစ်ကြောင်းလည်း ပြောကြားလိုက်သည်။
အာဖရိက ရောဂါထိန်းချုပ်ကာကွယ်ရေးစင်တာများ၏ ညွှန်ကြားရေးမှူး ဂျွန် ကန်ဂါဆွန်က “ကာကွယ် ဆေးရရှိလာချိန်မှာ အာဖရိကတိုက်ကို လျစ်လျူရှုထားတာ ကျွန်တော်ကြုံခဲ့ပြီးပြီ”ဟု သတင်း ထောက်များကို ယခင်ကပြောကြားခဲ့ဖူးသည်။
“ဒုတိယလှိုင်း(ကူးစက်မှု)ရောက်လာတာ အခုဆိုရင် လူသန်းပေါင်း ၁,၃၀၀ အထိ ရောက်လာပြီ” ဟု ၎င်းက သတိပေးပြောကြားခဲ့သည်။ အာဖရိကတွင် ပြီးခဲ့သည့်ရက်သတ္တပတ်က ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုပေါင်း နှစ်သန်းကျော်ခဲ့ပြီဖြစ်သည်။
အာဖရိကကူးစက်ရောဂါထိန်းချုပ်ရေးစင်တာသည် ဓာတ်ခွဲစမ်းသပ်ဆဲဖြစ်သော ကိုဗစ်-၁၉ ကာကွယ် ဆေးအနည်းငယ်၏ အလားအလာကောင်းသည့်သတင်းအပေါ် များစွာအားတက်နေကြောင်းနှင့် ကန်ဂါဆွန်က အာဖရိကတွင် အအေးခန်းစနစ်ဖြင့် ကာကွယ်ဆေးသိုလှောင်ရန် လိုအပ်နေရာ အချို့ သောနေရာများအတွက် အဓိကစိန်ခေါ်မှုတစ်ရပ်အနေဖြင့် ရှိနေဆဲဖြစ်ကြောင်းဆိုသည်။ အာဖရိကတွင် ကာကွယ်ဆေးများ မည်သည့်အချိန်တွင် စသုံးမည်ဆိုသည့် အခြေအနေနှင့်စပ်လျဉ်း၍ သူ၏ ခန့်မှန်းပြောဆိုမှုတွင် လက်ရှိသယ်ယူပို့ဆောင်ရေးစနစ်ကို ကိုးကားသုံးသပ်ထားသည်။
အာဖရိကကူးစက်ရောဂါထိန်းချုပ်ရေးစင်တာသည် ကာကွယ်ဆေးရရှိရန်အတွက် နောက်ကျန်မနေ ခဲ့စေရေး အခြားနိုင်ငံများနှင့်အပြိုင် ကြိုးပမ်းရာတွင် ရှရှား၊ တရုတ်နှင့် အခြားနိုင်ငံများနှင့် ကာကွယ် ဆေးရရှိရေး ဆွေးနွေးနေဆဲဖြစ်သည်။ ကန်ဂါဆွန်က အာဖရိကတွင် အစုလိုက်အကူးခံနိုင်မည့် ခုခံအားအတွက် ပျမ်းမျှလူဦးရေ၏ ၆၀ရာခိုင်နှုန်း အထိ ရရှိရန်ဖြစ်ရာ လူတစ်ဦးလျှင် နှစ်ကြိမ်ထိုးရမည်ဆိုပါက သန်း ၁,၅၀၀ ခန့်အထိ ထိုးရန်လိုအပ်မည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။
ကမ္ဘာတစ်ဝန်းတွင် နိုဝင်ဘာလ ၂၉ ရက် နံနက်ပိုင်းအထိ အတည်ပြုထားသော ကိုဗစ်ကူးစက်မှုစုစုပေါင်း ၆၂ သန်းရှိသွားပြီဖြစ်ကြောင်း ဂျွန်ဟော့ကင်း ဆေးတက္ကသိုလ်က ထုတ်ပြန်သောအချက် အလက်များအရ သိရသည်။ သေဆုံးသူစုစုပေါင်းမှာ ၁.၄ သန်းခွဲ ရှိသွားပြီဖြစ်သည်။