- ကင်မ်အဲရစ်နှင့် AA စစ်ဦးစီးချုပ် တွေ့ဆုံမှု တော်လှန်ရေးအရှိန်မြင့်လာနိုင်ကြောင်း လေ့လာသူများ သုံးသပ်
- ရှမ်းမြောက်က အနိုင်ရ စစ်ကောင်စီတပ်ဖွဲ့ဝင်များ AA နှင့် ရင်ဆိုင်တိုက်ပွဲတွင် ထွက်ပြေးနေရ
- အမေရိကန်က ၅၀ ရာခိုင်နှုန်းထိ အခွန်မြှင့်သော်လည်း ရုရှားရေနံကို ဆက်ဝယ်သွားမည်ဟု အိန္ဒိယ ပြော
- AA ထိန်းချုပ်ရာ ရခိုင်-ပဲခူး နယ်စပ်ကို စစ်ကောင်စီ ထိုးစစ်ဆင်နေ
- စစ်တွေနှင့် ကျောက်ဖြူ AA လက်ထဲ မကျရေး စစ်ကောင်စီ ထိုးစစ်ဆင်နေ
ယူကရိန်းဘက်က ဝင်တိုက်ပေးရန် ဂျပန်နိုင်ငံသား ၇၀ စာရင်းပေး
ရုရှား၏ ကျူးကျော်မှုကို ခုခံတိုက်ခိုက်ပေးကြရန် ယူကရိန်းသမ္မတ၏ အကူအညီတောင်းခံမှုကြောင့် ဂျပန်တွင် ယူကရိန်းဘက်က ဝင်တိုက်ပေးရန် စာရင်းပေးသွင်းထားသူ စုစုပေါင်း ၇၀ ဦး ရှိနေပြီဖြစ်ကြောင်း ဂျပန်သတင်းတစ်ရပ်ကို ကိုးကားပြီး ရိုက်တာသတင်းတွင် ဖော်ပြထားသည်။
02 Mar 2022

DMG | မတ် ၁
ရုရှား၏ ကျူးကျော်မှုကို ခုခံတိုက်ခိုက်ပေးကြရန် ယူကရိန်းသမ္မတ၏ အကူအညီတောင်းခံမှုကြောင့် ဂျပန်တွင် ယူကရိန်းဘက်က ဝင်တိုက်ပေးရန် စာရင်းပေးသွင်းထားသူ စုစုပေါင်း ၇၀ ဦး ရှိနေပြီဖြစ်ကြောင်း ဂျပန်သတင်းတစ်ရပ်ကို ကိုးကားပြီး ရိုက်တာသတင်းတွင် ဖော်ပြထားသည်။
မတ်လ ၁ ရက်နေ့အထိ ကောက်ယူထားသော စာရင်းအရ ယူကရိန်းဘက်က တိုက်ပေးရန် စာရင်းပေးထားသူ ဂျပန်နိုင်ငံသား ၇၀ ရှိပြီး ၎င်းတို့အနက် ၅၀ ဦးမှာ ဂျပန် အရပ်ဘက်ကာကွယ်ရေး တပ်ဖွဲ့ဝင်ဟောင်းများ ဖြစ်ပြီး နှစ်ဦးမှာ ပြင်သစ် ပြည်ပတပ်ဖွဲ့ဝင်များ ဖြစ်ကြောင်း မိုင်နိရှိရှင်ဘွန်း သတင်းတွင် ဖော်ပြထားသည်။
ယူကရိန်းအတွက် ဝင်တိုက်ပေးရန် စာရင်းပေးသွင်းထားသူများ ရှိကြောင်း ဂျပန်နိုင်ငံဆိုင်ရာ ယူကရိန်းသံရုံးဘက်က အတည်ပြုသော်လည်း အသေးစိတ်ကို ဖြေကြားခြင်းမရှိပေ။
“စာရင်းပေးသွင်းသူ မည်သူမဆိုသည် ဂျပန် အရပ်ဘက်ကာကွယ်ရေးတပ်ဖွဲ့ဝင် သို့မဟုတ် တိုက်ခိုက်ရေး အထူးသင်တန်း တက်ရောက်သင်ကြားဖူးသူ ဖြစ်ရပါမည်” ဟု သံရုံး၏ ဆိုရှယ်မီဒီယာ၌ ဖေဖော်ဝါရီလ ၂၈ ရက်နေ့က ဖော်ပြထားသည်။
“နိုင်ငံတကာတပ်ဖွဲ့” ဖွဲ့စည်းရန် ပြီးခဲ့သော တနင်္ဂနွေနေ့က ယူကရိန်းသမ္မတ ဗိုလိုဒီမာဇီလင်စကီး တောင်းဆိုခဲ့ပြီးနောက် အမေရိကန်နှင့် ကနေဒါမှ စိတ်ပါဝင်စားသူ ဒါဇင်ပေါင်းများစွာသည်လည်း အဆိုပါတပ်ဖွဲ့တွင် တာဝန်ထမ်းဆောင်ရန် စာရင်းပေးသွင်းခဲ့ကြကြောင်း ရိုက်တာသတင်းတွင် ဖော်ပြထားသည်။