- ရခိုင်သို့ ဓာတ်မြေသြဇာ သယ်ယူသူ ၁၁ ဦးကို ဘင်္ဂလားဒေ့ရှ် ဖမ်းဆီး
- ဆက်သွယ်ရေးအခက်အခဲကြောင့် ရမ်းဗြဲကျွန်းက ဒေသခံများ လူမှုစီးပွား ပိုကျပ်တည်းနေ
- မောင်တောတိုက်ပွဲတွင် ဘင်္ဂလားဒေ့ရှ်သို့ ထွက်ပြေးသွားသည့် စစ်ကောင်စီတပ်ဖွဲ့ဝင် ၉၀၀ ကျော်ကို ပြန်လွှဲပြောင်းထား
- ကုလစာနာမှုစင်္ကြံ အစီအစဉ်တွင် ပါဝင်ပတ်သက်ခြင်း မရှိဟု တရုတ်ပြော
- ရခိုင်က မိုင်းထိလူနာများ ဆေးကုသရန်နှင့် မိသားစုစားဝတ်နေရေး အကူညီလိုအပ်နေ
ကာဘူးတွင် တာလီဘန်တို့ အမေရိကန်လက်နက်များဖြင့် စစ်ရေးပြ
အာဖဂန်နစ္စတန်နိုင်ငံ ကာဘူးမြို့တွင် တာဘီဘန်များသည် တနင်္ဂနွေနေ့က အမေရိကန်လုပ် သံချပ်ကာယာဉ်များ၊ ရုရှားလုပ် ရဟတ်ယာဉ်များဖြင့် စစ်ရေးပြပွဲ ကျင်းပကာ လက်နက်ကိုင်အဖွဲ့အဆင့်မှ တရားဝင်စစ်တပ်အဖြစ် အသွင်ပြောင်းလာမှုကို ပြသခဲ့ကြကြောင်း ရိုက်တာသတင်းတစ်ရပ်တွင် ဖော်ပြထားသည်။
19 Nov 2021

DMG ၊ နိုဝင်ဘာ ၁၉
အာဖဂန်နစ္စတန်နိုင်ငံ ကာဘူးမြို့တွင် တာဘီဘန်များသည် တနင်္ဂနွေနေ့က အမေရိကန်လုပ် သံချပ်ကာယာဉ်များ၊ ရုရှားလုပ် ရဟတ်ယာဉ်များဖြင့် စစ်ရေးပြပွဲ ကျင်းပကာ လက်နက်ကိုင်အဖွဲ့အဆင့်မှ တရားဝင်စစ်တပ်အဖြစ် အသွင်ပြောင်းလာမှုကို ပြသခဲ့ကြကြောင်း ရိုက်တာသတင်းတစ်ရပ်တွင် ဖော်ပြထားသည်။
ဆယ်စုနှစ် နှစ်ခုခန့်ကြာအောင် တိုက်ပွဲဝင်ခဲ့ကြသည့် တာလီဘန်တို့သည် ယခုအခါ အနောက်အစိုးရများ သြဂုတ်လအတွင်းက တပ်ရုပ်သိမ်းစဉ် အပုံလိုက် ကျန်ခဲ့သည့် စစ်လက်နက်ပစ္စည်းများကို အသုံးပြုလျက်ရှိသည်။
အသစ်သင်တန်းပေးထားသည့် တပ်သားအယောက် ၂၅၀ ၏ သင်တန်းဆင်းပွဲနှင့် ဆက်စပ်၍ ယခုကဲ့သို့ ချီတက်အင်အားပြခဲ့ခြင်း ဖြစ်ကြောင်း အာဖဂန် ကာကွယ်ရေးဝန်ကြီးဌာန ပြောခွင့်ရ အင်ယာတူလာခဝါရာဇာမိက ပြောကြားသည်။
စစ်ရေးပြမှုအတွင်း အမေရိကန်လုပ် M117 သံချပ်ကာကားများ ဒါဇင်ပေါင်းများစွာ ပါဝင်ပြီး ကာဘူးရှိ လမ်းမကြီးတစ်လျှောက် အစုန်အဆန် မောင်းနှင်ပြသခဲ့သလို MI-17 ရဟတ်ယာဉ်များကလည်း ဝေဟင်တွင် ပျံသန်းကာ လိုက်ပါခဲ့ကြသည်ကို တွေ့ရသည်။ စစ်သားအများအပြားမှာ အမေရိကန်လုပ် M4 ချေမှုန်းရေးရိုင်ဖယ်များ ကိုင်ဆောင်ထားကြသည်။
တာလီဘန်တပ်တို့ လက်ရှိ ကိုင်ဆောင်အသုံးပြုနေသည့် လက်နက်ကိရိယာ အများစုမှာ အမေရိကန်တို့ အုပ်ချုပ်စဉ်က တာလီဘန်တို့ကို တိုက်ခိုက်ရန်အတွက် ထိုစဉ်က အာဖဂန်စစ်တပ်အား ဝါရှင်တန်က ထောက်ပံ့ပေးခဲ့သည့် လက်နက်များဖြစ်သည်။
အမေရိကန်တပ်တို့ အာဖဂန်မှ ဆုတ်ခွာစဉ် အာဖဂန်သမ္မတ အာရှရက်ဖ်ဂါနီသည်လည်း တိုင်းပြည်မှ ထွက်ပြေးသွားသလို အာဖဂန်စစ်တပ်သည်လည်း ပြိုလဲသွားကာ ကျန်ရစ်ခဲ့သည့် စစ်ရေးပစ္စည်းကိရိယာ အလုံးအရင်းကို တာလီဘန်တို့ သိမ်းပိုက်ရရှိခဲ့သည်။
အမေရိကန်တပ်များသည် အာဖဂန်မှ ဆုတ်ခွာခါနီး၌ ၎င်းတို့၏ လေတပ်ယာဉ်အစီး ရ၀ ကျော်၊ သံချပ်ကာကား ဒါဇင်ပေါင်းများစွာနှင့် လေကြောင်းကာကွယ်ရေး စနစ်များကိုပါ ဖျက်ဆီးခဲ့ကြသည်။
သို့သော်လည်း ကျန်ရစ်ခဲ့သည့် စစ်ဘက်ဆိုင်ရာ ပစ္စည်းများ အများအပြားရှိနေပြီး ၎င်းတို့အနက် မည်မျှပမာဏအထိ မပျက်စီးဘဲ ကျန်ခဲ့သည်ကို ရှင်းရှင်းလင်းလင်း မသိရပေ။