- ကင်မ်အဲရစ်နှင့် AA စစ်ဦးစီးချုပ် တွေ့ဆုံမှု တော်လှန်ရေးအရှိန်မြင့်လာနိုင်ကြောင်း လေ့လာသူများ သုံးသပ်
- ရှမ်းမြောက်က အနိုင်ရ စစ်ကောင်စီတပ်ဖွဲ့ဝင်များ AA နှင့် ရင်ဆိုင်တိုက်ပွဲတွင် ထွက်ပြေးနေရ
- အမေရိကန်က ၅၀ ရာခိုင်နှုန်းထိ အခွန်မြှင့်သော်လည်း ရုရှားရေနံကို ဆက်ဝယ်သွားမည်ဟု အိန္ဒိယ ပြော
- AA ထိန်းချုပ်ရာ ရခိုင်-ပဲခူး နယ်စပ်ကို စစ်ကောင်စီ ထိုးစစ်ဆင်နေ
- စစ်တွေနှင့် ကျောက်ဖြူ AA လက်ထဲ မကျရေး စစ်ကောင်စီ ထိုးစစ်ဆင်နေ
ယူကရိန်းစစ်ပွဲ၏ ကမ္ဘာကြီးအပေါ် အကျိုးသက်ရောက်မှု ပိုမိုဆိုးဝါးလာနေဟု ကုလအကြီးအကဲ သတိပေး
ယူကရိန်းအပေါ် ရုရှား၏ ကျူးကျော်စစ်က ကမ္ဘာကြီးအပေါ် ရိုက်ခတ်လျက်ရှိသော သက်ရောက်မှုသည် ပိုမိုဆိုးဝါးလာနေပြီး လူ ၁.၆ ဘီလျံခန့်အပေါ် အကျိုးသက်ရောက်နိုင်ခြေ ရှိနေကြောင်း ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ်က ဗုဒ္ဓဟူးနေ့တွင် ပြောကြားလိုက်သည်။
10 Jun 2022

DMG ၊ ဇွန် ၁၀
ယူကရိန်းအပေါ် ရုရှား၏ ကျူးကျော်စစ်က ကမ္ဘာကြီးအပေါ် ရိုက်ခတ်လျက်ရှိသော သက်ရောက်မှုသည် ပိုမိုဆိုးဝါးလာနေပြီး လူ ၁.၆ ဘီလျံခန့်အပေါ် အကျိုးသက်ရောက်နိုင်ခြေ ရှိနေကြောင်း ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ်က ဗုဒ္ဓဟူးနေ့တွင် ပြောကြားလိုက်သည်။
“စားနပ်ရိက္ခာဖူလုံရေး၊ စွမ်းအင်နဲ့ ဘဏ္ဍာရေး အပေါ် စစ်ပွဲရဲ့ အကျိုးသက်ရောက်မှုတွေဟာ အစီစဉ်တကျ ဖြစ်လာနေပြီး ပြင်းထန်ကာ အရှိန်မြင့်လာနေပါတယ်” ဟု ရုရှား-ယူကရိန်း ပဋိပက္ခ၏ ဂယက်ရိုက်ခတ်မှုနှင့် ပတ်သက်၍ ဒုတိယအစီရင်ခံစာ ဖြန့်ချိချိန်၌ အန်တိုနီယိုဂူတားရက်စ်က ပြောကြားသည်။
“ကမ္ဘာတစ်ဝန်းက လူတွေအတွက်တော့ ဒီစစ်ပွဲကြောင့် ငတ်မွတ်မှုနဲ့ ခိုကိုးရာမဲ့ခြင်း လှိုင်းလုံးကြီးနဲ့ ခြိမ်းခြောက်ခံနေရပြီး လူမှုရေးနဲ့ စီးပွားရေး မငြိမ်သက်မှုတွေ ရင်ဆိုင်နေရပါတယ်” ဟုလည်း သူကပြောသည်။
သံတမန် ရီဘက်ကာဂရင်စပန်က ဦးဆောင်ခဲ့သည့် ကုလအစီရင်ခံစာ၌ နိုင်ငံပေါင်း ၉၄ နိုင်ငံမှ လူ ၁.၆ ဘီလျံခန့်သည် ဤပဋိပက္ခ၏ ရိုက်ခတ်မှုကို တစ်နည်းနည်းဖြင့် ပြင်းထန်စွာ ရင်ဆိုင်နေရပြီး ဖြေရှင်း၍မရနိုင် ဖြစ်နေရသည်ဟု ဖော်ပြထားသည်။
ဤစစ်ပွဲကြောင့် ၂၀၂၂ တွင် အစာရေစာ မဖူလုံမှု ခံစားရသူ ၄၇ သန်း ပိုတိုးလာဖွယ်ရှိပြီး ယခုနှစ်ကုန်တွင် စုစုပေါင်း ၃၂၃ သန်းအထိ ရှိလာနိုင်သည်ဟု အစီရင်ခံစာတွင် တွက်ချက် ဖော်ပြထားသည်။
“ဒီမုန်တိုင်းကြီးကို ရပ်တန့်ဖို့ နည်းလမ်းက တစ်ခုပဲရှိပါတယ်။ ယူကရိန်းအပေါ် ရုရှားရဲ့ ကျူးကျော်စစ်ကို ရပ်တန့်ရပါမယ်” ဟု အန်တိုနီယိုဂူတားရက်စ်က ပြောကြားသည်။