- နှစ်ပတ်အတွင်း စစ်ကောင်စီကြောင့် ကလေးငယ် ၃၀ ကျော် သေဆုံး
- AA စစ်ရပ်ထားသည့် စစ်တွေတွင် စစ်ကောင်စီက လက်နက်ကြီး ဆက်တိုက်ပစ်နေ
- ရခိုင်တွင် လေကြောင်း ဗုံးကြဲခံရ၍ နှစ်ရက်အတွင်း ဒေသခံ ၁၅ ဦး သေဆုံး၊ ၃၀ ခန့် ဒဏ်ရာရ
- တရုတ် ဆိုလာအင်ဗာတာများထဲတွင် အမျိုးအမည်မသိ ဆက်သွယ်ရေးစက်များ တွေ့ရှိ
- ရေကြည်နှင့် လေးမျက်နှာတွင် တိုက်ပွဲပြင်းနေ
မလေးရှားတွင် တစ်နိုင်ငံလုံး ကိုဗစ်လော့ဒေါင်းကြေညာ
မလေးရှားနိုင်ငံတွင် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ကိုဗစ်လော့ဒေါင်း စည်းကမ်းများ တနင်္လာနေ့တွင် ချမှတ်လိုက်ကြောင်း ရိုက်တာသတင်းတစ်ရပ်တွင် ဖော်ပြထားသည်။
11 May 2021

DMG ၊ မေ ၁၁
မလေးရှားနိုင်ငံတွင် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ကိုဗစ်လော့ဒေါင်း စည်းကမ်းများ တနင်္လာနေ့တွင် ချမှတ်လိုက်ကြောင်း ရိုက်တာသတင်းတစ်ရပ်တွင် ဖော်ပြထားသည်။
ပျော်ပွဲရွှင်ပွဲများနှင့် လူမှုရေးဆိုင်ရာ စုဝေးမှုများ အားလုံး အပါအဝင် ပြည်နယ်အတွင်း သွားလာမှုများနှင့် ခရိုင်အချင်းချင်း သွားလာမှုများ အားလုံးကို တားမြစ်ထားကြောင်း မလေးရှားဝန်ကြီးချုပ် မူဟီဒင်ယာဆင်က ပြောသည်။
ပညာရေးအဆောက်အအုံများကိုပါ ပိတ်ထားမည်ဖြစ်သော်လည်း စီးပွားရေးကဏ္ဍကိုမူ ဆက်လက် လည်ပတ်ခွင့်ပြုမည်ဟု သူက ဆိုသည်။
“မလေးရှားဟာ တစ်နိုင်ငံလုံး အကျပ်အတည်းကြုံရဖွယ် ရှိတဲ့ ကိုဗစ် တတိယလှိုင်းနဲ့ ရင်ဆိုင်နေရပါတယ်” ဟု ဝန်ကြီးချုပ် မူဟီဒင်ယာဆင်က ပြောသည်။
ဇွန်လ ရ ရက်နေ့အထိ လော့ဒေါင်းစည်းကမ်းများ ဆက်လက်ရှိနေမည်ဖြစ်ကြောင်းလည်း ဝန်ကြီးချုပ်က ဖြည့်စွက်ပြောကြားသည်။
မလေးရှားနိုင်ငံတွင် ပြီးခဲ့သော သီတင်းပတ်များအတွင်း ကိုဗစ်ကူးစက်မှု မြင့်တက်လာခဲ့ပြီး ပြီးခဲ့သော ၂၄ နာရီအတွင်း ကူးစက်မှုစုစုပေါင်း ၃၈၀၇ ဦးအထိ စစ်ဆေးတွေ့ရှိခဲ့ကြောင်း ယနေ့ (မေ ၁၀) ထုတ်ပြန်ချက်အရ သိရသည်။
မလေးရှားတွင် လက်ရှိအချိန်အထိ ကိုဗစ်ကူးစက်မှုစုစုပေါင်း ၄၄၄၄၈၄၊ သေဆုံးသူစုစုပေါင်း ၁၇၀၀ ရှိနေပြီဖြစ်သည်။