- အမ်းက စစ်ရှောင်နှစ်ထောင်ကျော်မှာ စားဝတ်နေရေးနှင့် ကျန်းမာရေး အကူအညီများ အရေးပေါ်လိုအပ်နေ
- ဘင်္ဂလားဒေ့ရှ် အလုပ်သမားများ ပါဝင်ပတ်သက်နေသည့် အိုင်အက်စ်အစွန်းရောက်အဖွဲ့ ကွန်ရက် မလေးရှား ဖြိုခွင်း
- ထိုင်း-မြန်မာ ပူးပေါင်းဆောင်ရွက်မှု အရှိန်မြှင့်ရန် နှစ်ဘက်သဘောတူ
- မိုးတွင်းကာလ မိုင်းနှင့် စစ်ကျန်လက်နက်များ နေရာရွှေ့တတ်သဖြင့် အသွားအလာ သတိထားရန်လို
- မြောက်ဦးက ကျေးရွာအချို့မှာ ရာသီတုပ်ကွေး အဖြစ်များနေ
သြစတြေးလျ ဒုတိယအကြီးဆုံးမြို့တော်ကို ဗိုင်းရပ်စ်ထိန်းချုပ်ရေး လော့ဒေါင်းချမည်
သြစတြေးလျနိုင်ငံ၏ ဒုတိယအကြီးဆုံးမြို့တော် မဲလ်ဘုန်းတွင် ကိုဗစ်-၁၉ ကူးစက်မှု အလွန်အမင်း မြင့်တက်လာသဖြင့် ငါးရက်ကြာ လော့ဒေါင်းချမှတ်မည် ဖြစ်ကြောင်း အေပီသတင်းတစ်ရပ်တွင် ဖော်ပြထားသည်။
13 Feb 2021

သြစတြေးလျနိုင်ငံ၏ ဒုတိယအကြီးဆုံးမြို့တော် မဲလ်ဘုန်းတွင် ကိုဗစ်-၁၉ ကူးစက်မှု အလွန်အမင်း မြင့်တက်လာသဖြင့် ငါးရက်ကြာ လော့ဒေါင်းချမှတ်မည် ဖြစ်ကြောင်း အေပီသတင်းတစ်ရပ်တွင် ဖော်ပြထားသည်။
မဲလ်ဘုန်းလေဆိပ်ရှိ ဟိုတယ်၌ ဗြိတိန်မှ ကူးစက်မြန် ဗိုင်းရပ်မျိုးစိတ် ကူးစက်ခံထားရသူ ၁၃ ဦးကို ပထမဆုံးတွေ့ရှိခဲ့ရပြီးနောက် လော့ဒေါင်းကာလအား ဖေဖော်ဝါရီလ ၁၇ ရက်နေ့ ညဉ့်အထိ ငါးရက်ကြာ သတ်မှတ်လိုက်ခြင်း ဖြစ်သည်။
ယခုလော့ဒေါင်းသည် လူဦးရေ ငါးသန်းခန့်ရှိသည့် မဲလ်ဘုန်းမြို့အတွက် တတိယအကြိမ်မြောက်လည်း ဖြစ်သည်။
မဲလ်ဘုန်းအပါအဝင် ဝိတိုရိယပြည်နယ်တစ်ခုလုံး အကျုံးဝင်သည့် ဤလော့ဒေါင်းကြောင့် သွားလာမှုကန့်သတ်ခံရသူ လူဦးရေ စုစုပေါင်း ခြောက်သန်းခွဲခန့် ရှိမည်ဟု ခန့်မှန်းရသည်။
သြစတြေးလျနိုင်ငံသည် ကိုဗစ်ကာကွယ်ဆေး အက်စထရာဇီနီကာအား နိုင်ငံအတွင်း၌ ကိုယ်ပိုင်ပုံစံဖြင့် ဖန်တီးလျှက်ရှိပြီး မတ်လအကုန်တွင် ထုတ်လုပ်ဖြန့်ဖြူးရန် စီစဉ်ထားသည်ဟု သြစတြေးလျ ကျန်းမာရေးဝန်ကြီးက သောကြာနေ့တွင် ပြောကြားသည်။
လူဦးရေ ၂၆ သန်းရှိသည့် သြစတြေးလျတွင် တစ်နိုင်ငံလုံးရှိ အသက် ၁၆ နှစ်အထက် ပြည်သူများအား ယခုနှစ်အောက်တိုဘာလကုန်တွင် ကိုဗစ်ကာကွယ်ဆေး အပြီးအစီး ထိုးနှံပေးနိုင်ရန် အစိုးရက မျှော်လင့်ထားသည်။
ကမ္ဘာတစ်ဝန်းတွင် ဖေဖော်ဝါရီလ ၁၂ ရက် နေ့လယ်အထိ ကိုဗစ်ကပ်ရောဂါကြောင့် သေဆုံးသူ ၂.၃ သန်းရှိသည်။ ကူးစက်မှုစုစုပေါင်းမှာ သန်းတစ်ရာ ကျော်သွားပြီဖြစ်သည်။