- ဖားကန့်မြို့တဝိုက် စစ်ကောင်စီ စစ်ကြောင်းလှုပ်ရှားနေ၍ တိုက်ပွဲပြင်းထန်နေ
- လေးမျက်နှာက ရခိုင်စစ်ရှောင် ၄ ဦးကို AA သံသယဖြင့် စစ်ကောင်စီ ဖမ်းဆီးသွား
- တိုက်ပွဲများ ရပ်တန့်ရန် စစ်ကောင်စီနှင့် TNLA ကို တရုတ် ခေါ်တွေ့
- အဖြေမထွက်နိုင်သည့် အမေရိကန်-တရုတ် မြေရှားသတ္တု ပဟေဠိ
- အမ်းက စစ်ရှောင်နှစ်ထောင်ကျော်မှာ စားဝတ်နေရေးနှင့် ကျန်းမာရေး အကူအညီများ အရေးပေါ်လိုအပ်နေ
၂ဝ၂၂ အတွင်း ဒုတိယအကြိမ်မြောက် မတော်တဆမှုဖြစ်ပွားပြီးနောက် ထိုင်ဝမ်လေတပ်က လေ့ကျင့်မှုကို ရပ်ဆိုင်း
လေ့ကျင့်ရေးဂျက်လေယာဉ်တစ်စီး ပျက်ကျမှုကြောင့် လေယာဉ်မှုးသေဆုံးပြီးနောက် ထိုင်ဝမ်လေတပ်သည် အင်္ဂါနေ့တွင် လေယာဉ်မှုးအသစ်များ၏ ပျံသန်းလေ့ကျင့်မှုများကို ဆိုင်းငံ့လိုက်ကြောင်း ကာကွယ်ရေးဝန်ကြီးဌာနက ပြောကြားလိုက်သည်။
02 Jun 2022

DMG ၊ ဇွန် ၂
လေ့ကျင့်ရေးဂျက်လေယာဉ်တစ်စီး ပျက်ကျမှုကြောင့် လေယာဉ်မှုးသေဆုံးပြီးနောက် ထိုင်ဝမ်လေတပ်သည် အင်္ဂါနေ့တွင် လေယာဉ်မှုးအသစ်များ၏ ပျံသန်းလေ့ကျင့်မှုများကို ဆိုင်းငံ့လိုက်ကြောင်း ကာကွယ်ရေးဝန်ကြီးဌာနက ပြောကြားလိုက်သည်။
၎င်းမတော်တဆမှုသည် ၂ဝ၂၂ ခုနှစ်အတွင်း ထိုင်ဝမ်လေတပ်ကြုံတွေ့ခဲ့ရသည့် ဒုတိယမြောက် မတော်တဆမှုဖြစ်သည်။
တောင်ပိုင်း ကောင်းရှုံမြို့ရှိ ဂန်ရှန်းလေတပ်စခန်းမှ လေ့ကျင့်ရေးမစ်ရှင်တစ်ခုတွင် AT-3 ဂျက်လေယာဉ် ပျက်ကျခဲ့ရာ လေယာဉ်မှုး၏ ရုပ်အလောင်းကို တွေ့ရှိထားပြီးဖြစ်ကြောင်း ဝန်ကြီးဌာနက ပြောကြားသည်။
AT-3 သည် ၁၉၈ဝ ခုနှစ်တွင် စတင်ပျံသန်းခဲ့ပြီး လက်နက်များသယ်ဆောင်နိုင်သော ပြည်တွင်း၌ တီထွင်ထားသော အဆင့်မြင့်လေ့ကျင့်ရေးလေယာဉ် ဖြစ်သည်။
အသက် ၂၃ နှစ်အရွယ်ရှိ လေယာဉ်မှုး ဆုတချွမ် မောင်းနှင်သည့် လေယာဉ်သည် ပျံတက်ပြီး မိနစ်အနည်းငယ်အကြာတွင် ပျောက်ဆုံးသွားခဲ့ကြောင်း လေတပ်ဦးစီးချုပ် ဟွမ်ချီဝေက သတင်းထောက်များအား ပြောကြားသည်။
ထိုလေ့ကျင့်ရေးလေယာဉ်သည် ပြီးခဲ့သောနှစ်အတွင်း ပြုပြင်ထိန်းသိမ်းမှုဆိုင်ရာ ကြီးမားသည့်ပြဿနာများ မရှိခဲ့ဘဲ ကောင်းမွန်စွာ လုပ်ဆောင်နိုင်ခဲ့ကြောင်းကိုလည်း လေတပ်ဦးစီးချုပ်က ဖြည့်စွက်ပြောကြားသည်။
ယခုအခါ လေတပ်သည် ၎င်း၏လေ့ကျင့်ရေးလေယာဉ်မှုးများအတွက် ပျံသန်းရေးမစ်ရှင်များကို ဆိုင်းငံ့ထားကြောင်း လေတပ်ဦးစီးချုပ်ကပြောကြားသည်။
မတ်လအတွင်းကလည်း Mirage 2000 တိုက်လေယာဉ်တစ်စင်းသည် ကျွန်း၏အရှေ့တောင်ဘက် ကမ်းရိုးတန်းမှ ပင်လယ်ထဲသို့ ပျက်ကျခဲ့ပြီး သုံးလအတွင်း ဆုံးရှုံးခဲ့ရသော ဒုတိယမြောက် တိုက်ခိုက်ရေးလေယာဉ်ဖြစ်သည်။ လေယာဉ်မှူးကိုမူ အသက်ရှင်လျက် ကယ်ဆယ်နိုင်ခဲ့သည်။
မကြာသေးမီက အဆင့်မြှင့်တင်ထားသော တိုက်လေယာဉ်တစ်စီးသည် ပင်လယ်ထဲသို့ ပျက်ကျခဲ့ပြီး လေယာဉ်မှုး သေဆုံးခဲ့ပြီးနောက် ထိုင်ဝမ်လေတပ်သည် ဇန်နဝါရီလတွင် ၎င်း၏ F-16 ရေယာဉ်စုအတွက် တိုက်ခိုက်ရေးလေ့ကျင့်မှုကို ရပ်ဆိုင်းထားခဲ့သည်။