- ကင်မ်အဲရစ်နှင့် AA စစ်ဦးစီးချုပ် တွေ့ဆုံမှု တော်လှန်ရေးအရှိန်မြင့်လာနိုင်ကြောင်း လေ့လာသူများ သုံးသပ်
- ရှမ်းမြောက်က အနိုင်ရ စစ်ကောင်စီတပ်ဖွဲ့ဝင်များ AA နှင့် ရင်ဆိုင်တိုက်ပွဲတွင် ထွက်ပြေးနေရ
- အမေရိကန်က ၅၀ ရာခိုင်နှုန်းထိ အခွန်မြှင့်သော်လည်း ရုရှားရေနံကို ဆက်ဝယ်သွားမည်ဟု အိန္ဒိယ ပြော
- AA ထိန်းချုပ်ရာ ရခိုင်-ပဲခူး နယ်စပ်ကို စစ်ကောင်စီ ထိုးစစ်ဆင်နေ
- စစ်တွေနှင့် ကျောက်ဖြူ AA လက်ထဲ မကျရေး စစ်ကောင်စီ ထိုးစစ်ဆင်နေ
အဖျားရောဂါဖြင့် သေဆုံးမှုအသစ်များ မရှိတော့သလို ကိုဗစ်အခြေအနေကို ထိန်းချုပ်နိုင်ပြီဟု မြောက်ကိုရီးယားပြော
ပြီးခဲ့သည့် နှစ်ပတ်ကာလအတွင်း ကိုဗစ်ကူးစက်မှုကို စတင်ရင်ဆိုင်ခဲ့ရသည့် မြောက်ကိုရီးယားက နိုင်ငံတွင်း အဖျားရောဂါကြောင့် လူနာများ သေဆုံးရမှု မရှိတော့ကြောင်း မေလ ၂၄ ရက်နေ့တွင် ပြောကြားလိုက်သည်။
25 May 2022

DMG ၊ မေ ၂၅
ပြီးခဲ့သည့် နှစ်ပတ်ကာလအတွင်း ကိုဗစ်ကူးစက်မှုကို စတင်ရင်ဆိုင်ခဲ့ရသည့် မြောက်ကိုရီးယားက နိုင်ငံတွင်း အဖျားရောဂါကြောင့် လူနာများ သေဆုံးရမှု မရှိတော့ကြောင်း မေလ ၂၄ ရက်နေ့တွင် ပြောကြားလိုက်သည်။
ကိုဗစ်နှင့်ဆက်စပ်သည့် ကူးစက်မှုများသည်လည်း တည်ငြိမ်သွားပြီဖြစ်ကာ ကူးစက်နှုန်း ပုံမှန်ကျဆင်းလာနေကြောင်းလည်း မြောက်ကိုရီးယားက ပြောကြားသည်။
မြောက်ကိုရီးယားတွင် ကိုဗစ်ကူးစက်မှု စတင်တွေ့ရှိရကြောင်း အာဏာပိုင်များက မေလ ၁၂ ရက်နေ့တွင် ကြေညာခဲ့သည်။ ပြည်သူ ၂၅ သန်းရှိသည့် မြောက်ကိုရီးယားတွင် ကာကွယ်ဆေးမရှိခြင်း၊ ကျန်းမာရေးစောင့်ရှောက်မှု အားနည်းခြင်းနှင့် စားနပ်ရိက္ခာ မလုံလောက်ခြင်းတို့ကြောင့် ကိုဗစ်ကူးစက်မှုဒဏ်ကို အပြင်းအထန် ခံစားရမည်ကို စိုးရိမ်ပူပန်မှုများ ရှိခဲ့သည်။
တနင်္လာနေ့တွင် ထုတ်ပြန်ချက်အရ ကူးစက်မှုအသစ်သည် ၁၃၄၅၁၀ ရှိခဲ့သည်။ သို့သော်လည်း အာဏာပိုင်များက ကူးစက်မှုနှုန်းကို ထိန်းချုပ်ရာတွင် အောင်မြင်မှုရှိပြီး အဖျားကြောင့် သေဆုံးမှုအသစ်လည်း မရှိခဲ့ကြောင်း ပြောကြားသည်။
နေ့စဉ်ကူးစက်မှု အရေအတွက် ၂ သိန်းအောက်သို့ ကျဆင်းသွားသည်မှာ ၃ ရက်ဆက်တိုက် ရှိနေပြီဟုလည်း အစိုးရပိုင် KCNA ရုပ်သံက ကြေညာသည်။
တောင်ကိုရီးယားနှင့် အမေရိကန်တို့သည် မြောက်ကိုရီးယားကို ကိုဗစ်ကာကွယ်ဆေးများ အပါအဝင် ကိုဗစ်တိုက်ဖျက်ရေးအကူအညီများ ပေးအပ်ရန် ကမ်းလှမ်းထားသော်လည်း မြောက်ကိုရီးယားဘက်က တစ်စုံတစ်ရာ အကြောင်းပြန်ခြင်း မရှိသေးပေ။