- ကင်မ်အဲရစ်နှင့် AA စစ်ဦးစီးချုပ် တွေ့ဆုံမှု တော်လှန်ရေးအရှိန်မြင့်လာနိုင်ကြောင်း လေ့လာသူများ သုံးသပ်
- ရှမ်းမြောက်က အနိုင်ရ စစ်ကောင်စီတပ်ဖွဲ့ဝင်များ AA နှင့် ရင်ဆိုင်တိုက်ပွဲတွင် ထွက်ပြေးနေရ
- အမေရိကန်က ၅၀ ရာခိုင်နှုန်းထိ အခွန်မြှင့်သော်လည်း ရုရှားရေနံကို ဆက်ဝယ်သွားမည်ဟု အိန္ဒိယ ပြော
- AA ထိန်းချုပ်ရာ ရခိုင်-ပဲခူး နယ်စပ်ကို စစ်ကောင်စီ ထိုးစစ်ဆင်နေ
- စစ်တွေနှင့် ကျောက်ဖြူ AA လက်ထဲ မကျရေး စစ်ကောင်စီ ထိုးစစ်ဆင်နေ
ဂျပန်ပင်လယ်ပြင်ဘက်သို့ မြောက်ကိုရီးယားတို့ ပဲ့ထိန်းဒုံး သုံးစင်းအထိ ပစ်ခတ်
မြောက်ကိုရီးယားသည် မေလ ၂၅ ရက်နေ့ အစောပိုင်းက ဂျပန်ပင်လယ်ပြင်ဘက်သို့ ဦးတည်ပြီး ပဲ့ထိန်းဒုံးကျည် သုံးစင်းပစ်ခတ်ခဲ့ကြောင်း တောင်ကိုရီးယားစစ်တပ်က သတင်းထုတ်ပြန်သည်။ သမ္မတဘိုင်ဒန်၏ အာရှခရီးစဉ် အဆုံးသတ်ပြီး နောက်တစ်ရက်၌ ယခုကဲ့သို့ ပစ်ခတ်ခဲ့ခြင်းလည်း ဖြစ်သည်။
27 May 2022

DMG ၊ မေ ၂၇
မြောက်ကိုရီးယားသည် မေလ ၂၅ ရက်နေ့ အစောပိုင်းက ဂျပန်ပင်လယ်ပြင်ဘက်သို့ ဦးတည်ပြီး ပဲ့ထိန်းဒုံးကျည် သုံးစင်းပစ်ခတ်ခဲ့ကြောင်း တောင်ကိုရီးယားစစ်တပ်က သတင်းထုတ်ပြန်သည်။ သမ္မတဘိုင်ဒန်၏ အာရှခရီးစဉ် အဆုံးသတ်ပြီး နောက်တစ်ရက်၌ ယခုကဲ့သို့ ပစ်ခတ်ခဲ့ခြင်းလည်း ဖြစ်သည်။
ဂျပန်ကမ်းခြေစောင့်တပ်က မြောက်ကိုရီးယားဘက်က ပဲ့ထိန်းဒုံးကျည်ဟု ယူဆရသည့်အရာ ပစ်ခတ်ခဲ့ပြီး ရေပြင်တွင်ကျရောက်လာသည့် အရာဝတ္ထုများကို ရှောင်ကြရန် ရေယာဉ်များအား ညွှန်ကြားချက်ထုတ်ပြန်ခဲ့သည်။
မြောက်ကိုရီးယားတို့ ပစ်ခတ်မှုနှင့် ပတ်သက်ပြီး အသေးစိတ်အချက်အလက်များကို အတည်ပြုနိုင်ရန် ကြိုးပမ်းနေကြောင်း ဂျပန်ဝန်ကြီးချုပ် ဖူမီအိုကိရှိဒက သတင်းထောက်များကို ဖြေကြားသည်။
တောင်ကိုရီးယားသမ္မတသစ် ယွန်းဆက်ယိုးသည်လည်း အဆိုပါပစ်ခတ်မှုနှင့် ပတ်သက်ပြီး အမျိုးသားလုံခြုံရေးကောင်စီနှင့် တွေ့ဆုံဆွေးနွေးရန် ရှိနေကြောင်း အေအက်ဖ်ပီသတင်းတစ်ရပ်တွင် ဖော်ပြထားသည်။
မြောက်ကိုရီးယားသည် ယခုနှစ်အတွင်း ဒုံးကျည်စမ်းသပ်ပစ်ခတ်မှု အမြောက်အများ ပြုလုပ်လျက်ရှိကာ တောင်ကိုရီးယားသမ္မတသစ်က ပြုံယမ်းအရေးကို တင်းတင်းကြပ်ကြပ် ဖြေရှင်းမည်ဟု ကတိကဝတ်ပြုထားသည်။
အမေရိကန်သမ္မတဘိုင်ဒန်သည် မေလ ၂၂ ရက်နေ့ကမှ တောင်ကိုရီးယားမှ ပြန်လည်ထွက်ခွာသွားခြင်း ဖြစ်သည်။ သမ္မတ၏ ခရီးစဉ်အတွင်း မြောက်ကိုရီးယားတို့ ဒုံးကျည်စမ်းသပ် ပစ်ခတ်မှု ပြုလုပ်နိုင်ခြေရှိကြောင်း လေ့လာသူများက သတိပေးခဲ့ကြသည်။
သမ္မတဘိုင်ဒန်သည် တောင်ကိုရီးယားတွင် ရှိစဉ် နှစ်နိုင်ငံပူးတွဲ စစ်ရေးလေ့ကျင့်မှု အပါအဝင် အကြောင်းအရာများကို ဆွေးနွေးခဲ့သည်။
မြောက်ကိုရီးယားသည် အမေရိကန်နှင့် တောင်ကိုရီးယား၏ ပူးတွဲစစ်ရေးလေ့ကျင့်မှုကို မနှစ်မြို့ဘဲ မြောက်ကိုရီးယားကို ကျူးကျော်ရန်အစမ်းလေ့ကျင့်မှုအဖြစ် ရှုမြင်လေ့ရှိသည်။