- ကင်မ်အဲရစ်နှင့် AA စစ်ဦးစီးချုပ် တွေ့ဆုံမှု တော်လှန်ရေးအရှိန်မြင့်လာနိုင်ကြောင်း လေ့လာသူများ သုံးသပ်
- ရှမ်းမြောက်က အနိုင်ရ စစ်ကောင်စီတပ်ဖွဲ့ဝင်များ AA နှင့် ရင်ဆိုင်တိုက်ပွဲတွင် ထွက်ပြေးနေရ
- အမေရိကန်က ၅၀ ရာခိုင်နှုန်းထိ အခွန်မြှင့်သော်လည်း ရုရှားရေနံကို ဆက်ဝယ်သွားမည်ဟု အိန္ဒိယ ပြော
- AA ထိန်းချုပ်ရာ ရခိုင်-ပဲခူး နယ်စပ်ကို စစ်ကောင်စီ ထိုးစစ်ဆင်နေ
- စစ်တွေနှင့် ကျောက်ဖြူ AA လက်ထဲ မကျရေး စစ်ကောင်စီ ထိုးစစ်ဆင်နေ
မြောက်ကိုရီးယားတွင် ကိုဗစ်ကြောင့် သေဆုံးသူ ၅၀ အထိရှိလာပြီး ဖျားနာသူ တစ်သန်းကျော်ရှိကြောင်း အစိုးရရုပ်သံ ဖော်ပြ
ပြီးခဲ့သောရက်ပိုင်းကမှ ကိုဗစ်လူနာ တွေ့ရှိကြောင်း အတည်ပြုခဲ့သည့် မြောက်ကိုရီးယားတွင် လက်ရှိ၌ ကိုဗစ်ကြောင့် သေဆုံးသူ ၅၀ အထိရှိနေပြီဟု အစိုးရပိုင်ရုပ်သံက တနင်္လာနေ့တွင် ကြေညာသည်။
17 May 2022

DMG ၊ မေ ၁၇
ပြီးခဲ့သောရက်ပိုင်းကမှ ကိုဗစ်လူနာ တွေ့ရှိကြောင်း အတည်ပြုခဲ့သည့် မြောက်ကိုရီးယားတွင် လက်ရှိ၌ ကိုဗစ်ကြောင့် သေဆုံးသူ ၅၀ အထိရှိနေပြီဟု အစိုးရပိုင်ရုပ်သံက တနင်္လာနေ့တွင် ကြေညာသည်။
အဖျားရောဂါကြောင့် နာမကျန်းဖြစ်သူ တစ်သန်းကျော်ရှိသည်ဟုလည်း အစိုးရရုပ်သံက ကြေညာသည်။
မြောက်ကိုရီးယား ခေါင်းဆောင်ကင်ဂျုံအန်းသည် ကူးစက်မှုကိုထိန်းချုပ်ရန် တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် လော့ဒေါင်းချမှတ်ရန် ညွန်ကြားထားသည်။
မြောက်ကိုရီးယား ကျန်းမာရေးအရာရှိများ၏ ကိုဗစ်အပေါ် တုံ့ပြန်ဆောင်ရွက်မှုများကိုလည်း ကင်ဂျုံအန်းက ရှုတ်ချလိုက်ပြီး ပြီးခဲ့သော သီတင်းပတ်က အိုမီခရွန်မျိုးကွဲ ကူးစက်ခံထားရသည့် လူနာကို စတင်တွေ့ရှိခဲ့သည့် ပြုံယမ်းတွင် ဆေးဝါးဖြန့်ချိရေး ကိစ္စရပ်များကို တည်ငြိမ်အောင်ဆောင်ရွက်ရန်အတွက် စစ်တပ်ကို တာဝန်ပေးလိုက်ကြောင်း သတင်းတွင် ဖော်ပြသည်။
ကင်သည် မြောက်ကိုရီးယား၏ ရောဂါတုံ့ပြန်ဖြေရှင်းရေး ဌာနတွင် အဓိကကျသော ရာထူးကို ရယူထားပြီး ပေါလစ်ဗျူရိုအစည်းအဝေးများ နေ့စဉ်ကျင်းပကာ ရောဂါအခြေအနေကို စောင့်ကြည့်လျက်ရှိသည်။
ဆေးဝါးများကို နည်းလမ်းတကျ မဖြန့်ချိနိုင်ခြင်းသည် ကျန်းမာရေးဌာနကို တာဝန်ယူထားသည့် အရာရှိများက လက်ရှိအခက်အခဲကို အသိအမှတ်ပြုကာ အားကြိုးမာန်တက် မဆောင်ရွက်ခြင်းကြောင့် ဖြစ်သည်ဟု ကင်ဂျုံအန်းက ပြောကြားကြောင်း အစိုးရရုပ်သံ KCNA က ဖော်ပြသည်။
လက်ရှိတွင် အဖျားရောဂါကြောင့် ဆေးဝါးကုသမှု ခံယူနေရသူသည် ငါးသိန်းကျော်ရှိကြောင်း KCNA သတင်းဌာနက ကြေညာသည်။
မြောက်ကိုရီးယားသည် ကမ္ဘာ့ကျန်းမာရေးစောင့်ရှောက်မှု အဆိုးဝါးဆုံးနိုင်ငံများအနက် တစ်နိုင်ငံဖြစ်သည်။ ဆေးရုံများတွင် ပစ္စည်းကိရိယာများ ညံ့ဖျင်းမှု၊ အရေးပေါ် ကူညီစောင့်ရှောက်ရေး အားနည်းမှုများနှင့်အတူ ကိုဗစ်ကုသရေး ဆေးဝါးများလည်း မရှိကြောင်း အေအက်ဖ်ပီသတင်းတစ်ရပ်တွင် ဖော်ပြထားသည်။