- အမ်းက စစ်ရှောင်နှစ်ထောင်ကျော်မှာ စားဝတ်နေရေးနှင့် ကျန်းမာရေး အကူအညီများ အရေးပေါ်လိုအပ်နေ
- ဘင်္ဂလားဒေ့ရှ် အလုပ်သမားများ ပါဝင်ပတ်သက်နေသည့် အိုင်အက်စ်အစွန်းရောက်အဖွဲ့ ကွန်ရက် မလေးရှား ဖြိုခွင်း
- ထိုင်း-မြန်မာ ပူးပေါင်းဆောင်ရွက်မှု အရှိန်မြှင့်ရန် နှစ်ဘက်သဘောတူ
- မိုးတွင်းကာလ မိုင်းနှင့် စစ်ကျန်လက်နက်များ နေရာရွှေ့တတ်သဖြင့် အသွားအလာ သတိထားရန်လို
- မြောက်ဦးက ကျေးရွာအချို့မှာ ရာသီတုပ်ကွေး အဖြစ်များနေ
ကိုဗစ်ဆေးထိုးရန် ငြင်းဆန်သူများကို ထောင်ချမည်ဟု ဖိလစ်ပိုင်သမ္မတ ခြိမ်းခြောက်
ဖိလစ်ပိုင်နိုင်ငံတစ်ဝန်းတွင် ကူးစက်မြန် ကိုဗစ်မျိုးစိတ် ဒဲလ်တာကို ထိန်းချုပ်နိုင်ရေးအတွက် ကာကွယ်ဆေးထိုးနှံမှုများ အရှိန်မြင့်နေချိန်၌ ဆေးထိုးရန် ငြင်းဆန်သူများအား ထောင်ချမည်ဟု ဖိလစ်ပိုင်သမ္မတာ ဒူတာတေးက ပြောကြားလိုက်ကြောင်း ဘလွန်းဘက်သတင်းတစ်ရပ်တွင် ဖော်ပြထားသည်။
22 Jun 2021

DMG ၊ ဇွန် ၂၂
ဖိလစ်ပိုင်နိုင်ငံတစ်ဝန်းတွင် ကူးစက်မြန် ကိုဗစ်မျိုးစိတ် ဒဲလ်တာကို ထိန်းချုပ်နိုင်ရေးအတွက် ကာကွယ်ဆေးထိုးနှံမှုများ အရှိန်မြင့်နေချိန်၌ ဆေးထိုးရန် ငြင်းဆန်သူများအား ထောင်ချမည်ဟု ဖိလစ်ပိုင်သမ္မတာ ဒူတာတေးက ပြောကြားလိုက်ကြောင်း ဘလွန်းဘက်သတင်းတစ်ရပ်တွင် ဖော်ပြထားသည်။
“ခင်ဗျားသာ ကာကွယ်ဆေးလည်းမထိုးဘူး၊ ပိုးသယ်ဆောင်သူလည်း ဖြစ်နိုင်ခြေရှိနေတယ် ဆိုရင်တော့ ပြည်သူလူထုကို အကာအကွယ်ပေးဖို့ ခင်ဗျားကို ထောင်ထဲထိန်းသိမ်းထားရမှာပဲ” ဟု သမ္မတဒူတာတေးက ဇွန်လ ၂၁ ရက်နေ့တွင် ပြောကြားလိုက်ခြင်း ဖြစ်သည်။
ကာကွယ်ဆေးထိုးနှံရန် ငြင်းဆန်သူများအား ရွာသားများက စာရင်းပြုစုထားသင့်သည်ဟုလည်း သူကဆိုသည်။
ဖိလစ်ပိုင်နိုင်ငံတစ်ဝန်းတွင် ပြည်သူအများစုသည် ကာကွယ်ဆေး ထိုးနှံမှုခံယူရန် မပြတ်မသား ရှိနေကြဆဲဖြစ်သဖြင့် သမ္မတ၏စကားသာ အကောင်အထည်ပေါ်လာမည်ဆိုပါက ဖိအားတစ်ရပ် ဖြစ်လာမည်ဖြစ်သည်။
နိုင်ငံအလယ်ပိုင်း ဆီဘုခရိုင်တွင် နိုင်ငံတော်လုံခြုံရေး တပ်ဖွဲ့ဝင်များ၏ ကိုဗစ်စစ်ဆေးမှုနှင့် ကွာရန်တင်းထိန်းသိမ်းမှု လုပ်ထုံးလုပ်နည်းများအပေါ် ရှေ့နေများက မေးခွန်းထုတ်ခဲ့မှုအပေါ်လည်း သမ္မတက ကပ်ဘေးကြီးအား စီမံခန့်ခွဲရေးတွင် မိမိအနေဖြင့် တရားရုံး၏ အမိန့်ကို လိုက်နာနေမည်မဟုတ်ကြောင်း ပြောကြားထားသည်။
“ပထမလှိုင်းကြောင့် အစိုးရရဲ့ လုပ်နိုင်စွမ်း အရင်းအမြစ်တွေ တော်တော်ပါသွားတယ်။ နောက်တစ်ကြိမ် ထပ်ရင်ဆိုင်ရရင် ဒီနိုင်ငံ ပျက်စီးကုန်မယ်။ ဒါကြောင့် စည်းကမ်းတင်းကြပ်နိုင်လေ ကောင်းလေပဲ” ဟု သမ္မတက ပြောသည်။
ကမ္ဘာတစ်ဝန်း ကိုဗစ်ကပ်ဘေး စတင်ချိန်၌ ဖိလစ်ပိုင်နိုင်ငံတွင် ကူးစက်မှုမှာ မရှိသလောက် နည်းပါခဲ့ပြီး ၂၀၂၀ မေလ နောက်ပိုင်းတွင် ကူးစက်မှု မြင့်တက်ခဲ့သည်။ ၂၀၂၁ မတ်လမှုစတင်၍ ကူးစက်မှုများမှာ တစ်ကျော့ပြန် တစ်ဟုန်ထိုးမြင့်တက်ခဲ့သည်။
ဖိလစ်ပိုင်တွင် ယခုအချိန်အထိ ကိုဗစ်ကူးစက်မှုစုစုပေါင်း ၁၃ သိန်းခွဲခန့်ရှိပြီး သေဆုံးသူစုစုပေါင်း ၂၃၀၀၀ ကျော်သွားပြီ ဖြစ်သည်။